နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (8Feb)

အရိုဂျိုကို  တကယ်ကြိုက်နေတဲ့ တူချယ်

စပိန်သတင်းစာ Sport ရဲ့ဖော်ပြချက်အရ  တူချယ်ဟာ ဘာစီလိုနာနောက်ခံလူ အရိုဂျိုကို အလေးအနက်ထားကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ အသက် ၂၂ အရွယ်ဘာကာကစားသမားကို စာချုပ်သစ်အတွက်နှောင့်နှေးနေတဲ့ အသင်းရဲ့နောက်ခံလူ ရူဒီဂါရဲ့နေရာမှာအစားထိုးဖို့အတွက်ပြင်ဆင်နေတာလို့လဲ Sport Witness ကဖော်ပြထားပါတယ်။ အရိုဂျိုကို  ချဲလ်ဆီးအပြင် ယူနိုက်တက်နဲ့  လီဗာပူးလ်တို့ကလည်း ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးပရိတ်သတ်လို့ဆိုလာတဲ့  ဘယ်လ်ဂျီယံလူငယ်ကြယ်ပွင့်

ဝုဖ်ဘတ်အသင်းရဲ့  ကွင်းလယ်ကစားသမား အက်စတာဗရန်ဆက်ခ် ဟာ ချဲလ်ဆီးအသင်းရဲ့ အမာခံပရီတ်သတ်တစ်ယောက်ဖြစ်ပြီး  စတမ်းဖိုဒ်ဘရစ်ချ်မှာကစားချင်တဲ့ အိမ်မက်ရှိသူတစ်ယောက်ဖြစ်တယ်လို့ Bild ကဖော်ပြလာပါတယ်။  အဆိုပါ ၁၉ နှစ်အရွယ် ဘယ်ဂျီယံသားဟာ ဒီရာသီမှာ ၁၆ပွဲကစားပြီး  ၂ ဂိုးသွင်းယူပေးထားနိုင်သူဖြစ်ပြီး အသင်းကြီး တော်တော်များများကလည်းစောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အဒမ်မာကို  မခေါ်ဖြစ်တာ ဘုတ်အဖွဲ့ကြောင့်လို့  Football London  ပြောလာ

ချဲလ်ဆီးအသင်းဟာ  ဝုဗ်အသင်းကစားသမားဟောင်း ထရာအိုရေးကို ဘာစီလိုနာမပြောင်းခင်ခေါ်ယူဖို့ တူချယ်ဖက်က ဆန္ဒရှိခဲ့ပေမယ့်  ဘုတ်အဖွဲ့အနေနဲ့ မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ Football London ကဖော်ပြလာပါတယ်။  ပြောင်းရွေ့ကြေး ၂၅ သန်းမျှသာရှိပေမယ့် ကစားသမားကို လက်လွတ်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းနဲ့ ပွဲဦးထွက်မှာတင် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းအတွက်နစ်နာမှုဖြစ်လာနိုင်ကြောင်း အဆိုပါသတင်းဆောင်းပါးမှာ သုံးသပ်ရေးသားသွားခဲ့ပါတယ်။

Club World Cup ကို အရယူမယ်ဆိုတဲ့မေဆင်မောင့်

ချဲလ်ဆီးအသင်းရဲ့ တရားဝင်ဝဘ်ဆိုက်နဲ့တွေ့ဆုံမေးမြန်းတဲ့ အစီအစဥ်မှာမေဆင်မောင့်က အသင်းသားတွေအနေနဲ့  Club World Cup ကိုရယူဖို့ဆုံးဖြတ်ထားကြကြောင်းအခုလိုပဲရှင်းပြခဲ့ပါတယ်။  “ လာမယ့်ပွဲအတွက် အသင်းသားအားလုံးက အာရုံစိုက်ထားကြပါတယ်.. သူတို့အသင်းက ကျစ်လစ်ပြီး လျင်မြန်တဲ့ကစားပုံရှိပါတယ် ။ ဒါပေမယ့် ဒီပွဲကို အခြားပြိုင်ပွဲတွေမှာလိုပဲ ကျွန်တော်တို့ အနိုင်ကစားမှာပါ။  ဒီနိုင်ပွဲဟာ ကျွန်တော်တို့အတွက် စိတ်ပိုင်းဆိုင်ရာအရ အထောက်အကူများစွာပေးမှာဖြစ်ပါတယ်။ အနိုင်ရမယ်လို့လဲ မျှော်လင့်ပါတယ်  “ ဆိုပြီးပြောဆိုခဲ့တာပါ။  ချဲလ်ဆီးအသင်းဟာ ကာတာနိုင်ငံ အဘူဒါဘီမှာရောက်ရှိနေပြီး အယ်ဟာလီအသင်းနဲ့ ရင်ဆိုင်ကစားဖို့ရှိနေပါတယ်။

လူကာကူ စိတ်မပါတော့ဘူးလို့  တင်ဆက်သူဝေဖန်

ဘောလုံးသမားဟောင်းလဲဖြစ်  ၊ တင်ဆက်သူလဲဖြစ်တဲ့ ရီယိုကွတ်ကာ ကတော့ ချဲလ်ဆီးရဲ့ တိုက်စစ်မှုးဖြစ်သူလူကာကူနဲ့ပတ်သတ်ပြီး BBC  ရဲ့အစီအစဥ်ကနေ အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“   အခြေအနေကတော့အရင်လို ပြန်ဖြစ်ဖို့မလွယ်တော့ဘူးဗျ ။  ခင်ဗျားဟာ တူချယ်နဲ့ လူကာကူတို့ရဲ့ အစည်းအဝေးခန်းထဲမှာရှိနေသူတစ်ယောက်မဟုတ်ရင်  ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာသိနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးက ပြန်လည်ပြုပြင်ဖို့ ခဲယဥ်းတာမျိုးဖြစ်ပါတယ်။  ကျွန်တော်ကတော့ သူအသင်းပြောင်းချင်စိတ်ရှိနေပါတယ်။ ဒီကိစ္စဖြစ်လာဖို့ကခက်ခဲပေမယ့် သူ့ရဲ့ကစားပုံမှာပေါ်လွင်နေတယ်ဗျ “  ဆိုပြီး သုံးသပ်ပြောကြားခဲ့တာဖြစ်ပါတယ်။ လူကာကူ ဟာချဲလ်ဆီးနဲ့အတူပြန်လည်ပွဲထွက်ကစားနေပြီဖြစ်ပေမယ့် ခြေစွမ်းပြနို်င်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: