လက်ကျန်ရာသီဝက်ဖြတ်သန်းမယ့်ယူနိုက်တက်လူစာရင်းနဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍ

FA ဖလားပွဲကနေ ပူပူနွေးနွေးထွက်လာရတဲ့ ယူနိုက်တက်တို့အတွက်  ချန်ပီယံလိဂ်နဲ့ ထိပ်ဆုံး ၄ သင်းဝင်ရေးဟာ ဒီရာသီအတွက် အဓိကပန်းတိုင်တွေ ဖြစ်လာခဲ့ပါပြီ။ ဇန်နဝါရီကာလမှာ ကစားသမားအဝင်ထက် အထွက်ပဲများခဲ့တဲ့နောက်  နည်းပြအနေနဲ့ ဒီတိုက်ပွဲအတွက် ဘယ်လိုတွေစီစဥ်ထားပါသလဲ။

နည်းပြရင်းနစ်ရဲ့အစီအစဥ်တွေထဲ ယခုအပြောင်းအရွေ့ရာသီမှာ ကွင်းလယ်ခံစစ်ကစားသမားတယောက် ကိုခေါ်ယူချင်ခဲ့သော်လဲ အသင်းကင်းထောက်တွေရဲ့ ဆုံးဖြတ်ချက်တွေ၊ ဘုတ်အဖွဲ့တွေရဲ့မတူတဲ့ ဘော လုံးအပေါ်အမြင်တွေကြောင့်ခေါ်ယူခွင့်မရခဲ့ပါဘူး။ သူ့ရဲ့အရှိန်အဝါကြောင့် ခေါ်ယူမယ်ဆိုပါက လွယ်လွယ်ကူကူရနိုင်တဲ့အထိ တဖက်အသင်းတွေနဲ့ဆက်ဆံရေးအဆင်ပြေခဲ့တယ်လို့တော့ သိရပါတယ်။

ကစားသမားအထွက်အနေနဲ့ အသင်းမှာနေရာရဖို့ရုန်းကန်နေရတဲ့ မာစီရယ်၊ ဗန်ဒီဘီခ်၊ တွန်ဇန်ဘီ၊ အာမတ်တို့လိုလူငယ်ကစားသမားတွေထွက်ခွာခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့်အသင်းရဲ့လက်ရှိလူစာရင်း ကိုကြည့်မယ်ဆိုရင် ပေါ့ဘာ(ဒဏ်ရာ)၊ ဂရင်းဝုဒ် (ဆိုင်းငံ့)တာတို့ရှိနေတာကြောင့် လက်ကျန် လိဂ် ပွဲတွေနဲ့ ဆုဖလားပြိုင်ပွဲတွေမှာ အနည်းငယ်အကျပ်ရိုက်သွားနိုင်တဲ့အခြေနေမှာရှိနေပါတယ်။

Advertisements

တိုက်စစ်ပိုင်းကိုကြည့်ရရင် ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ ရိုနယ်ဒ်ို၊ ကာဗာနီ တို့ရှိနေပြီး ကစားကွက်အရကြည့်မယ် ဆိုလျှင် တစ်ဦးလောက်သာဒဏ်ရာပြဿနာကြုံတွေ့ခဲ့ပါက လူငယ်ကစားသမားလေး အီလန်ဂါ ကို အဆိုပါပြိုင်ပွဲတွေမှာ အရဲစွန့်သုံးရနိုင်သလို တခြားသက်ကြီးကစားသမားတဦးဖြစ်တဲ့ မာတာအနေနဲ့လဲ တောင်ပံအသားပေးကစားကွက်တွေမှာနေ ရာပြောင်းကစားလာရနိုင်ပါတယ်။ လင်ဂတ်အနေနဲ့ က ပုံမှန်နေရာအတွက်တောင်မှပွဲထွက်ကစားဖို့ရုန်း ကန်နေရတဲ့အနေထားမှာ ညာတောင်ပံနေရာမှာ ယခင်နည်းပြမော်ရင်ဟိုလက်ထက်ကပွဲအနည်းငယ် သာကစားထားဖူးပါတယ်။

ဒါကြောင့် ကစားခိုင်းခဲ့တယ်ဆိုရင်လဲ နည်းပြရင်းနစ်ခ်အနေနဲ့ အရဲစွန့်စရာကိစ္စတခုဖြစ်လာနိုင်ပါတယ်။ ကွင်းလယ်တိုက်စစ်အနေနဲ့ဆိုရင်လဲ ဒဏ်ရာပြဿနာအခြေနေကို ယခုအချိန်ထိကျော်လွှားထားနိုင်သေးတဲ့ ဘရုနိုကိုကျော်နိုင်ဖို့မလွယ်နိုင်တာကြောင်း နောက်ထပ်တဖန်အရံကစား သမားဖြစ်ဖို့များပါတယ်။

ကွင်းလယ်ပိုင်းကိုကြည့်ရင် မက်တွန်မီနေး၊ ဖရက် အပြင်သက်ကြီးကစားသမားတဦးဖြစ်တဲ့ မာတစ် တို့ဘဲ ရှိပါတော့တယ်။ ဒါကြောင့် နောက်ထပ် ကွင်းလယ်လူငယ်ကစားသမားတဦးဖြစ်တဲ့ ဟန်နဘဲယ် ကိုဘဲခေါ်ယူအသုံးပြုနိုင်ပါတယ်။ ဟန်နဘဲယ်ကဒီ ရာသီအသင်းကြီးပွဲစဥ်တွေမှာပါဝင်ကစားခွင့်မရှိသေးပေမယ့် အသင်းကြီးကိုခေါ်ယူဖို့လူငယ်ကစား သမားထဲမှာအဖြစ်နိုင်ဆုံးကစားသမားလဲဖြစ်ပါတယ်။ U23 သက်တမ်းလိုက်အသင်းတွေမှာပြသ ထားတဲ့ခြေစွမ်းတွေကို ယူနိုက်တက်နည်းပြအဖွဲ့ဝင် တွေကိုသဘောကျလျှက်ရှိနေတယ်လို့သိရပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းမှာလဲပွဲထွက်ကစားခွင့်ရ နေတဲ့လူငယ်ကစားသမားတဦးလဲ ဖြစ်ပါသေးတယ်။

ယင်းအခြေနေတွေကြောင်းယူနိုက်တက်အသင်းဟာ နည်းပြရင်းနစ်ခ်ရဲ့ဒုတိယအစီအစဥ်တစ်ခုလို့တောင် ပြောရမယ့် လူငယ်ကစားသမားတွေရဲ့အခန်းကဏ္ဍ ကိုအသုံးချပြီးလက်ကျန်လိဂ်ပွဲစဥ်များနှင့် ချန်ပီယံလိဂ်ကို ဖြတ်သန်းသွားဖို့ရှိနေပါတယ်။ ရလဒ်ကဘယ်လိုဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: