အာဆင်နယ်အသင်းတာဝန်ရှိသူတွေကိုမေးခွန်းထုတ်လိုက်တဲ့ ကစားသမား ၂ ယောက်

 အာဆင်နယ်အသင်းနဲ့ သတင်းအကြီးအကျယ်ထွက်ခဲ့တဲ့ ကစားသမား ၂ ယောက်ကတော့ ပွဲဦးထွက်မှာတင် အာဆင်နယ်တာဝန်ရှိသူတွေကိုမေးခွန်းထုတ်လိုက်ပါပြီ။  တိုက်စစ်မှုး ဗလာဟိုဗစ်နဲ့ ကွင်းလယ်လူ ဇာကာရီယာတို့ဟာ ဂျူဗင်တပ်စ်အတွက် ပွဲဦးထွက်မှာပဲ ခြေစွမ်းပြ ဂိုးသွင်းယူပေးခဲ့ကြပါတယ်။

ဗလာဟိုဗစ်နဲ့လည်း သတင်းတွေကြီး ၊ ဇာကာရီယာဆိုရင်လဲ သြဂတ်စ်လလောက်ကတဲက နာမည်တွေထွက်ခဲ့ပေမယ့်  အာဆင်နယ်တို့ဟာ သူတို့ရဲ့ပစ်မှတ်ကို ရအောင်မခေါ်နိုင်ခဲ့ရုံသာမက  ၊ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှာ ခေါ်ယူစာချုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ အခုလဲ နွေရာသီမှာ ငွေကြေးအလုံးအရင်းသုံးမယ်ဆိုပြီး သတင်းများစွာထွက်နေပြန်ပါတယ်။ ဒါပေမယ့် အားလုံးဟာ အရာမထင်သေးတဲ့ကိစ္စချည်းပါပဲ။ လက်တွေ့မှာတော့ ကိုယ့်ပစ်မှတ်တွေကပဲ  အခြားအသင်းတွေနဲ့အတူ စွမ်းဆောင်ရည်တွေကောင်းသွားခဲ့တာပါ။

ဒီရာသီမှာ  ဘာစီလိုနာ ၊ ဂျူဗင်တပ်စ်နဲ့ အာဆင်နယ်တို့ဟာ တာထွက်မှာ အလွန်ဆိုးရွားတဲ့ အခြေအနေနဲ့စတင်ခဲ့တာခြင်းတူပါတယ်။  အာဆင်နယ်ကလူငယ်တွေရဲ့ရုန်းအားနဲ့ ပွဲစဥ်တော်တော်များများမှာ ပြန်နိုင်ခဲ့ပြီး အခြေအနေဆိုးကနေ ရုန်းထွက်နိုင်ခဲ့တယ်လို့ ထင်ရပေမယ့်  အဖြေထုတ်ဖို့စောလွန်းတဲ့အနေအထားပါ။  မတူတာက ဂျူဗီနဲ့ ဘာကာ တို့က ဆောင်းရာသီမှာ အပြင်းအထန် ပြင်ဆင်ခဲ့ပြီး အကျိုးအမြတ်ကိုယ်စီလဲရနေခဲ့ပြီဖြစ်ပေမယ့်  အာဆင်နယ်ရဲ့အပြောင်းအရွေ့ ကတော့မေးခွန်းထုတ်စရာပါ။

ဘာစီလိုနာကလဲ ပွဲဦးထွက်ကစားပေးတဲ့ အဒမ်မာတို့ရဲ့ခြေစွမ်းပြမှုကို မြင်ခဲ့ရပါတယ်။ ပြီးတော့ ဖာရန်းတောရက်စ် ၊ အူဘာမီယန် စသည်ဖြင့် ကစားသမားအင်အားစုဖွဲ့မှုကောင်းမွန်စွာနဲ့ သူတို့ရဲ့နေရာကို သူတို့ပြန်လာဖို့ကြိုးစားနေကြပါပြီ။  အာဆင်နယ်ကတော့ လူငယ်တသိုက်နဲ့ပဲခရီးဆက်ပါဦးမယ်။ ဒါက အန္တရာယ်များလွန်းလှပါတယ်။

ဒီနေရာမှာ  တင်ဆက်သူ ဆိုင်မွန်ဂျော်ဒန်ရဲ့ အာဆင်နယ်အပေါ်ချခဲ့တဲ့ မှတ်ချက်ကို ပြောပြချင်ပါတယ်။

“ အာတီတာ လူမခေါ်ဖို့ ဆုံးဖြတ်သွားတာတွေကို ကျွန်တော်လုံးဝသဘောမတူပါဘူး။  သူကတော့ အကြောင်းပြချက်တွေပေးမယ် ၊ လူမခေါ်တဲ့နည်းပြက သူတစ်ယောက်ထဲမဟုတ်ကြောင်းပြောလိမ့်မယ်။ ဒါပေမယ့် သူက မန်စီးတီးရဲ့ ဂွာဒီယိုလာ လဲမဟုတ်ဘူး ၊ ကလော့လဲ မဟုတ်ဘူး။  ဟိုနည်းပြတွေက အောင်မြင်မှုလမ်းပေါ်ကလူတွေ ၊ လုပ်ပြခဲ့ပြီးသားသူတွေ .. သူက အဲ့ဒီလို  လိုက်လုပ်လို့မရသေးဘူး  ၊ သူ့အသင်းက ဘာမှမအောင်မြင်သေးဘူး “  ဆိုပြီး  TalkSport ရဲ့ Show မှာ ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

အမှန်တကယ်လဲ အာဆင်နယ်ရဲ့အင်အားက လိုအပ်ချက်ပေါင်းများစွာနဲ့ပါ။  စိတ်ကြိုက်လူမရလို့ မခေါ်ပဲသွားတယ်ဆိုတာ ဘာဝှက်ဖဲတွေရှိနေလို့လဲမပြောတတ်ပေမယ့် အန္တရာယ်များလွန်းလှပါတယ်။

ရာသီအစမှာ တန်းဆင်းဇုန်ထဲထိရောက်သွားတဲ့ ဂျူဗင်တပ်စ်ကလည်း အင်ပြည့်အားပြည့်နဲ့ ရည်မှန်းချက်ဆီသွားတော့မယ်။ ဘာစီလိုနာကလဲ  နည်းပြသစ်နဲ့အတူ ပွဲကြမ်းတော့မယ်။ အာဆင်နယ်ကတော့ ရင်တမမနဲ့ပဲ ဆက်ကြည့်ရပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: