အာတီတာရဲ့ လူငယ်တွေ ဘယ်လောက်ထိစွမ်းမှာလဲ

အာတီတာကတော့  သူရွေးချယ်ခဲ့သည်ဖြစ်စေ  ၊ မရွေးချယ်ခဲ့သည်ဖြစ်စေ လူငယ်တွေနဲ့စခန်းသွားကိုသွားရမယ့် အခြေအနေပါပဲ။  ဆာကာ ၊ စမစ်ရိုး ၊ မာတင်နယ်လီ ၊ အိုဒီဂတ်  စတဲ့လူငယ်တွေကိုပဲ တိုက်စစ်အတွက်အားကိုးရတော့မှာပါ။ ဒီအခြေအနေမှာ ကစားသမားလေးတွေရဲ့ ထွန်းတောက်လာမှုနဲ့အတူ ဖိအားတွေကလည်းတစ်ပါတည်းဝင်ရောက်လာပါတော့တယ်။  ထိပ်ဆုံးလေးသင်းသာ မဝင်ခဲ့ရင် ဒီလူငယ်တွေအသင်းမှာရှိနေနိုင်ပါ့မလား။  အာတီတာကတော့ အကောင်းမြင်နေဆဲပါပဲ။

ကျွန်တော်အနေနဲ့တော့ လက်ရှိကစားသမားတွေအပေါ်အရမ်းယုံကြည်မှုရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ကစားသမားတွေ ဘယ်လောက်တောင် ချန်ပီယံလိဂ်၀င်ခွင့်ရချင်နေလဲဆိုတာ ကောင်းကောင်းသိလို့ပါ။ကျွန်‌တော်တို့အနေနဲ့ ပိုပြီးတိုးတက်လာအောင် လုပ်ရမယ့်အရာတွေတော့ အများကြီး ရှိပါသေးတယ်” 

အသင်း လူစာရင်းရဲ့အတွေ့အကြုံနုနယ်မှုတွေကြောင့် အမှတ်ဆုံးရှုံးခဲ့ရတဲ့ အချိန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူတို့ရဲ့စိတ်အားထက်သန်မှု၊ ဝါသနာအရင်းခံမှုနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်လည်း အကြိမ်ကြိမ် အနိုင်ရခဲ့ပါတယ်”   လို့ အသင်းဝက်ဘ်ဆိုက်ကဖော်ပြတဲ့ အင်တာဗျူးမှာပြောခဲ့တာဖြစ်ပါတယ်။

မာတင်နယ်လီနဲ့ ဆာကာကတော့ ဒီရက်ပိုင်းမှာ Hit အဖြစ်ဆုံးကစားသမားတွေပါပဲ။ 

သတင်းတွေအရတော့ ဆာကာကို စီးတီးနဲ့ လီဗာပူးတို့က အသေအချာကိုစောင့်ကြည့်နေကြတာပါ။ တကယ်လို့ အသင်းသာအောင်မြင်မှုမရခဲ့ရင်  ဆာကာကို မက်လုံးပေးပြီး အမ်မရီတ်ရဲ့ အဝေးကို ခေါ်သွားနိုင်မယ့်ပုံပါ။ ဒါပေမယ့် ဆာကာနဲ့ပတ်သတ်တဲ့အခြေအနေအားလုံးအတွက် အာတီတာက အဖြေရှိနေပုံပါပဲ။

ကျွန်တော် အခုလိုသတင်းတွေကြားနေရာတာကို သဘောကျပါတယ်။  ကိုယ့်ကစားသမားကို လိုချင်နေကြတယ် လူအများကသူ့အကြောင်းပြောနေကြတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာပါ။ ကစားသမားတွေအနေနဲ့လည်း သူတို့လုပ်နေတဲ့အားထုတ်မှုတွေအတွက် ဂုဏ်ယူရတာပေါ့   လို့ဆိုပါတယ်။

ဆိုလိုရင်းကတော့ ဘယ်လိုကောလာဟာလထွက်ထွက် ဆာကာနဲ့အသင်းကြားထဲမှာ ဆက်ဆံရေးခိုင်မြဲ နေတယ်ဆိုတဲ့သဘောပါပဲ။  တော်လို့ကျော်တာ ကိစ္စမရှိဘူးဆိုတဲ့သဘောပေါ့။  ရာသီကုန်မှာ ဆာကာကို စာချုပ်သစ်တိုးမယ်ဆိုတဲ့သတင်းတွေလဲထွက်နေပါတယ်။သူတို့ဘာလုပ်ရမယ်ဆိုတာတော့ ကောင်းကောင်းသိတယ်လို့ ယူဆရမှာပါပဲ။

မာတင်နယ်လီကိုတော့  ကျောနံပါတ် ၁၄ ကစားသမားအဖြစ်တော်တော်လေးညွန်းဆိုနေကြပါတယ်။  လူငယ်လေးကိုယ်တိုင်ကလည်း  ၂ လဆက်တိုက် အသင်းရဲ့အကောင်းဆုံးဆုရတဲ့အထိကိုအစွမ်းပြနေပါတယ်။

 “ မာတင်နယ်လီကို ကျွန်တော်သဘောကျပါတယ်။ မြန်တယ် ဂိုးရှေ့မှာ ယုံကြည်ချက်အပြည့်နဲ့ကစားနိုင်တယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာသွင်းယူသွားတဲ့ပုံစံမှာ အတော်အဆင့်မြင့်တဲ့အဆုံးသတ်စွမ်းရည်ကိုမြင်ခဲ့ရပါတယ်။ လိဒ်စ်နဲ့ပွဲမှာလည်း ဂိုးထပ်သွင်းသွားပြန်ပါတယ်။  အူဘာမီယန် မရှိမှာကိုအရမ်းမစိုးရိမ်ရတဲ့ အကြောင်းရင်းက မာတင်နယ်လီကြောင့်လဲဖြစ်နိုင်ပါတယ်”    လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဒီစကားကို ပြောခဲ့တာက BBC ရဲ့တင်ဆက်သူ ဂါရတ်ကွတ်ပါ။ လီဗာပူးနည်းပြ ကလောပ့်ကလည်း  မာတင်နယ်လီရဲ့နာမည်ကိုမှတ်ထားပါ ဆိုပြီး ကမ္ဘာကျော်လာမယ့်အလားအလာကို ကြိုပြောထားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ရည်မှန်းချက်တွေကို ရောက်မရောက်  ပွဲကျန် ၁၇ ပွဲမှာမြင်ရတော့မှာဖြစ်ပြီး လူငယ်တွေဘယ်လောက်စွမ်းသလဲဆိုတာကလဲ အဖြေပေါ်လာတော့မှာဖြစ်ပါတယ်။  ဒါပေမယ့်လည်း စိုးရိမ်စရာအနေအထားတစ်ခုကတော့  BBC ရဲ့ ဝါရင့်တင်ဆက်သူ လော်ရိုးရဲ့မှတ်ချက်ပါပဲ။

“ ဒီအသင်းက အရည်အချင်းရှိပေမယ့်  လူမဖြည့်ခဲ့တော့ ဒုံရင်းက ဒုံရင်းပါပဲ။  ၇-၈ ပွဲလောက်နိုင်လိုက် ပြီးရင်ရှုံးလိုက်နဲ့ သံသရာလည်နေမှာပါ “ ဆိုပြီး ပြောခဲ့တာပါ။ အားလုံးကိုအဖြေပေးမှာကတော့ အချိန်ပဲဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: