အပြောင်းအရွှေ့သတင်း ကောက်နှုတ်ချက်များ (၂)

အလောတကြီးပွဲကစားခိုင်းဖို့အစီအစဥ်မရှိသေးတဲ့ ဘရက်ဖို့ဒ်

ဘရက်ဖို့နည်းပြ  သောမတ်စ်ဖရန့် အနေနဲ့  အဲရစ်ဆင်ရဲ့ အနေအထားက ပွဲကစားဖို့ အဆင်သင့်ဖြစ်နေပြီဆိုပေမယ့် အလျှင်စလို ကစားစေမှာမဟုတ်ဘူးလို့ ဆိုလာပါတယ်။  ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နှလုံးမူမမှန်မှုကြောင့်ဘောလုံးသမားဘဝက အနားယူရမလိုဖြစ်ခဲ့တဲ့အဲရင်ဆင်ကို  ရာသီကုန်အထိအငှားခေါ်ခဲ့တာဖြစ်ပါတယ်။  “ ဆရာဝန်တွေရဲ့ စစ်ဆေးမှုတွေအရ သူ့ရဲ့အနေအထားက ကောင်းမွန်နေပါတယ်။ ဒါပေမယ့် စွန့်စားပြီးတော့ ပွဲထွက်စေမှာတော့မဟုတ်ပါဘူး။ တန်လာနေ့မှာလိုအပ်တာတွေစစ်ဆေးပြီးမှ ပြန်လည်ဆုံးဖြတ်သွားမှာပါ “  ဆိုပြီး ပြောဆိုသွားခဲ့တာဖြစ်ါတယ်။

စတိဘရုစ်ကို ခေါ်ယူလိုက်တဲ့ ဝက်စ်ဘရွန်း

ချန်ပီယံရှစ်ကလပ်အသင်း ဝက်စ်ဘရွန်းဟာ  နယူးကာဆယ်အသင်းနည်းပြဟောင်း စတိဘရုစ်ကို ၁၈ လစာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။  ဝက်စ်ဘရွန်းအသင်းဟာ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ရဖို့အတွက် ကြိုးစားနေတာဖြစ်ပြီးနောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့တဲ့နောက် နည်းပြအပြောင်းအလဲကို ပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

အာတီတာကြောင့် ဘာကာကိုပြောင်းခဲ့ကြောင်းပြောလာတဲ့အူဘာ

ဘာစီလိုနာအသင်းကို ပြောင်းရွေ့သွားတဲ့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းအူဘာမီယန်က   အသင်းပြောင်းလာရခြင်းရဲ့ အဓိက အကြောင်းအရင်းဟာ  အာတီတာနဲ့အဆင်မပြေလို့ဖြစ်ကြောင်းထုတ်ပြောသွားခဲ့ပါတယ်။ အူဘာမီယန်က ကျွန်တော့်ဖက်က အကောင်းဆုံးကစားခဲ့ပြီး  အမှားတစ်ခုမှ မလုပ်ခဲ့ပါဘူး။ တစ်ခုတည်းသောပြသနာကတော့ အာတီတာပါပဲ။ ကျွန်တော်အများကြီးမပြောချင်တော့ပါဘူး။ ကျွန်တော် မပျော်ခဲ့ဘူးဗျာ  “ ဆိုပြီးထုတ်ပြောသွားခဲ့တာပါ။

လင်ဂတ်ကိစ္စကို အသေးစိတ်ရှင်းပြတဲ့  ရန်းနစ်ခ်

ယူနိုက်တက်အသင်းနည်းပြ ရန်းနစ်ခ် က  လင်ဂတ်တစ်ယောက်အသင်းမပြောင်းဖြစ်ခဲ့တာဟာ ဂရင်းဝုဒ်ကိစ္စနဲ့ဆက်စပ်နေကြောင်းအခုလိုပဲရှင်းပြခဲ့ပါတယ်။

“ လွန်ခဲ့တဲ့ ၃ ပတ်လောက်တုန်းကတော့ ဂျက်စီက အသင်းမပြောင်းချင်ခဲ့ပါဘူး။ ဒါပေမယ့်နောက်တော့ သူစိတ်ပြောင်းသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်တုန်းက သူနဲ့ကျွန်တော်စကားပြောခဲ့ပါတယ်။ သူခံစားချက်ကိုနားလည်ပါတဘ်။ ဒါကြောင့် ခေါ်ယူမယ့်အသင်းရှိရင် ပြောင်းနိုင်ကြောင်း ကျွန်တော်ပြန်ဖြေပေးခဲ့ပါတယ်။ ဒါပေမယ့် ကြားထဲမှာ အဖြစ်အပျက်တွေအများကြီးဖြစ်သွားခဲ့တယ်။ ဒါကြောင့် သူဆက်နေဖို့ဖြစ်လာပါတယ်။ ပြီးတော့အခြားအသင်းများနဲ့လည်း သဘောတူညီမှုမရခဲ့ပါဘူး “ ဆိုပြီးရှင်းပြသွားခဲ့ပါတယ်။

ချဲလ်ဆီးကစားဖော် ၂ ယောက် အဲဗာတန်မှာ ပြန်ဆုံကြ

ပြီးခဲ့တဲ့ရက်တွေတုန်းက သတင်းထွက်ခဲ့တဲ့  ကစားဖော်ဟောင်း အက်ရှ်လေကိုး ဟာ  လမ်းပတ်နဲ့ပူးပေါင်းချင်နေတယ်ဆိုတဲ့ ကိစ္စက လက်တွေ့အကောင်အထည်ပေါ်သွားခဲ့ပါပြီ။ သူ့ရဲ့နည်းပြအဖွဲ့ထဲမှာ အက်ရှ်လေကိုး ပါဝင်လာတယ်ဆိုတဲ့အကြောင်းကို အခုလိုပဲ လမ်းပတ်က ပြောသွားခဲ့ပါတယ်။  “  သူ့ကို နည်းပြအဖွဲ့ထဲ ပါအောင်ခေါ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ သူဘယ်လိုလူလဲဆိုတာကို အားလုံးက ကောင်ကောင်းသိပြီးသားပါ” ဆိုပြီး ချီးကျူးခဲ့တာပါ။  အက်ရှ်လေကိုးကလည်း  လမ်းပတ်က သူ့ကိုဆက်သွယ်လာချိန်မှာ အလွန်ပျော်ရွင်မိကြောင်းထုတ်ပြောခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: