ဂရင်းဝုဒ်ကို နိုင်ငံ့လက်ရွေးစင်အသင်းကနေ ထုတ်ပယ်လိုက်တဲ့ ဆောက်ဂိတ် 

အင်္ဂလန်လက်ရွေးစင်အသင်းမန်‌နေဂျာ ဆောက်ဂိတ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ ဆိုတဲ့ သံယယနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန်ချက်စတာယူနိုက်တက် လူငယ်ကစားသမား မေဆင်ဂရင်းဝုဒ်ကို လက်ရွေးစင်အသင်းလူစာရင်းမှာ ထည့်သွင်းဖို့မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးမှုတွေပြီးလို့ ပြစ်မှုကင်းရှင်းတယ်လို့ မသိရမချင်း အင်္ဂလန်အသင်းမှာ ဂရင်းဝုဒ်အတွက် နေရာရှိမှာမဟုတ်ပါဘူး။ 

ရဲတွေကလည်း မေဆင်ဂရင်းဝုဒ်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ လူသတ်ရန် ခြိမ်းခြောက်မှု စတဲ့ သံသယရှိစရာပြစ်မှုတွေနဲ့ ပတ်သက်ပြီး ဆက်လက်စစ်ဆေး သွားမယ်လို့ ကြေညာခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက်အသင်းက သူတို့ရဲ့ကစားသမားကို အသင်းလူစာရင်းကနေ ချန်လှပ်ထားသလို Nikeကလည်း ဂရင်းဝုဒ်နဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာကို ဖျက်သိမ်းခဲ့ပါတယ်။  နာမည်ပျက်ခဲ့ရတဲ့ ဂရင်းဝုဒ်အနေနဲ့ ပြစ်မှုကင်းရှင်းကြောင်း သက်သေမပြနိုင်မချင်း ကလပ်အသင်းအတွက်ကော နိုင်ငံအသင်းအတွက်ပါ ကိုယ်စားပြုခွင့်ရှိမှာ မဟုတ်ပါဘူး။ 

ဂရင်းဝုဒ်ဟာ နိုင်ငံအသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရခဲ့ပြီးတဲ့နောက် ၂၀၂၀ကတည်းက အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ပါ၀င်ခွင့်မရခဲ့တာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ Nation League ပြိုင်ပွဲအတွက် အိုက်စ်လန်ကို ရောက်နေစဉ်မှာ Covid Quarantine စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး နိုင်ငံအသင်းဖော် ဖိုဒန်နဲ့အတူ အသင်းရဲ့ ဟိုတယ်မှာ အမျိုးသမီးနှစ်ယောက်နဲ့ ခိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။ စည်းကမ်းချိုးဖောက်ခဲ့တဲ့ ဂရင်းဝုဒ်ကို ဆောက်ဂိတ်က အင်္ဂလန်မြေသို့ ပြန်လွှတ်ပြီး အပြစ်ပေးခဲ့ပါတယ်။ 

Advertisements

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FAဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရပ်တည်ချက်နဲ့ ရဲလုပ်ထုံးလုပ်နည်းတွေကို လေးစားမှု ရှိတဲ့အနေနဲ့ ဒီပြဿနာမှာ ပါ၀င်ပတ်သက်မှု ရှိမှာ မဟုတ်ပါဘူး။ 

ဂရင်းဝုဒ်ဟာ ဇန်နဝါရီ ၃၀ ရက်နေ့က အမျိုးသမီးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သံသယရှိသူအဖြစ် နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး ယူနိုက်တက်က ထုတ်ပြန်ချက်တစ်ခုကို ကြေညာခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ ဘယ်လိုအကြမ်းဖက်မှု လုပ်ရပ်ကိုမဆို ပြင်းထန်စွာရှုံ့ချပါတယ်။နောက်ထပ်သတိပေးချက်တွေမရမချင်း မေဆင်ဂရင်းဝုဒ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခွင့်၊ ကစားခွင့် မရှိပါဘူး” 

 ပရိသတ်တွေကတော့ အသင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြပြီး  သူတို့ရဲ့ အသက်၂၀အရွယ် မန်ချက်စတာကြယ်ပွင့်ဟာ တကယ်ပဲ ပြစ်မှုကျူးလွန်ခဲ့လား ၊ မတရား စွပ်စွဲခံရတာလားဆိုတဲ့ အပေါ်စောင့်ကြည့်နေပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: