နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (4Feb)

ဘောလုံးကစားခြင်းထက်ပိုတဲ့ အငှားစာချုပ်ဖြစ်ကြောင်း ဆာအူးလ်ရှင်းပြ

ချဲလ်ဆီးအသင်းမှာ အငှားလာရောက်ကစားဖြစ်ခဲ့တဲ့ဆုံးဖြတ်ချက်ကို ဝေဖန်မှုတွေရှိနေတာကြောင့် ဆာအူးလ်က အခုလိုပဲရှင်းပြခဲ့ပါတယ်။

“ ကျွန်တော်ဒီအသင်းမှာရောက်နေတာ ဘောလုံးကစားဖို့ဆိုတာထက်ပိုပါတယ်။  ပွဲထွက်ရချိန်နဲပေမယ့်  ပိုပြီးလေ့လာခွင့်တွေရနေလို့   တိုးတက်နေပါတယ်။  ထူးချွန်တဲ့ကစားဖော်တွေနဲ့အတူတူကစားရတယ်ဆိုတာ ကျွန်တော့်ကို ပိုကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်လာစေပါတယ်။  နောက်ပြီး  အဂ်လိပ်ဘာသာစကားကိုလေ့လာခွင့်ရတာကလဲ ဘောလုံးထက်ပိုပြီး  ကျွန်တော့ရဲ့ဘဝကို အထောက်အကူဖြစ်သွားစေမှာပါ။ ကျွန်တော်ဟာ လူတစ်ယောက်အဖြစ်ရော ၊ ဘောလုံးသမားတစ်ယောက်အဖြစ်ပါ  တိုးတက်လာနေပါတယ် “  ဆိုပြီး  သူရဲ့ ပတ်ဝန်းကျင်သစ်အပေါ်ထားရှိတဲ့ ကျယ်ပြန့်တဲ့ရည်ရွယ်ချက်ကိုရှင်းပြခဲ့တာပါ။

မီလီတာအိုကို တူချယ်စိတ်ဝင်စား

စပိန်ကလာတဲ့သတင်းတွေအရ  တူချယ်ဟာ ချဲလ်ဆီးရဲ့  အီဒါ မီလီတာအိုကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။  ရူဒီဂါရဲ့နေရာ မသေချာသေးချိန်မှာ ကစားအားကောင်းပြီး တိုက်စစ်ကိုလဲ လိုက်ပါကစားနေတဲ့နောက်ခံလူဖြစ်နေတာကြောင့် တူချယ်က စိတ်ဝင်စားနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ချဲလ်ဆီးကတော ရူဒီဂါရော  ၊ ခရစ်စတီယန်ဆန်ရောနဲ့ ညှိနှိုင်းဆဲဖြစ်ပါတယ်။

တယ်ရီကသူ့ရဲ့စံပြဖြစ်ကြောင်း ရှင်းပြတဲ့ရိုက်စ်

၂၀၁၄ ခုနှစ်အထိ ချဲလ်ဆီးအကယ်ဒမီကစားသမားတစ်ယောက်ဖြစ်ခဲ့တဲ ဒီကလန်ရိုက်စ်က သူ့ရဲ့လူငယ်ကစားသမားဘဝတုန်းက Idol ဟာ  ဂျွန်တယ်ရီဖြစ်တယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။  ဂယ်ရီနဗီးရဲ့ The Overlap Channel နဲ့ ကြာသပတေးနေ့ကတွေ့ဆုံရာမှာ သူက  “  တယ်ရီနဲ့ ကျွန်တော်စကားတွေအများကြီးပြောခဲ့တာပါ။  အချိန်တိုင်းလိုလိုပါပဲ။ သူ့ရဲ့ ကျောနံပတ် ၂၆ ဂျာစီက ကျွန်တော့်ဆီမှာ အမြဲတန်းပါပါတယ်။ တစ်ချိန်မှာ ကျွန်တော်လဲ ၂၆ ဝတ်မယ်ဆိုပြီး အမြဲတွေးနေခဲ့တာပါ. ကျွန်တော်က ဒီလိုပဲကြီးပြင်းခဲ့တာပါ  “  ဆိုပြီးပြန်ရှင်းပြပါတယ်။

ဂိုးပေါက်ချိန်းခြောက်နိုင်ပေမယ့် ဂိုးမဖြစ်တဲ့ ချဲလ်ဆီးပလေယာ

မှတ်တမ်းများအရ  ချဲလ်ဆီးအသင်းရဲ့ ဇီယက်ချ်ဟာ ပြိုင်ပွဲမှာ ဂိုးကန်သွင်းခွင့်အများဆုံးရသူစာရင်းမှာ နံပါတ် ၇ ချိတ်ပေမယ့်သွင်းဂိုးရရှိမှုကတော့  ၃ ဂိုးသာရှိတယ်လို့ ဖော်ပြလာပါတယ်။ ဒီကိန်းဂဏန်းဟာ တော်တော်လေးနဲပါပြီး  ကန်သွင်းမှုမှာ  နံပါတ် ၁၅ ချိတ်တဲ့ကစားသမားတောင် သွင်းဂိုး ၅ ဂိုးရှိနေတာဖြစ်ပါတယ်။

ချဲလ်ဆီးမှာ အစမ်းသပ်ခံနေတဲ့ တယ်ရီရဲ့  တူတော်မောင်

ဂျွန်တယ်ရီရဲ့ တူတော်စပ်သူ  ဖရန်ကီတယ်ရီဟာ ချဲလ်ဆီး  U18 အသင်းမှာလာရောက်အစမ်းသပ်ခံနေတယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရသိရပါတယ်။ ဖရန်ကီရဲ့ မိခင်ကလည်း   ပရီးမီးယားလိဂ် နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ ပေါလ်ကွန်ချက်စကီးဖြစ်တာကြောင့် ဘောလုံးမျိုးရိုးစစ်စစ်က ဆင်းသက်လာသူဖြစ်ပါတယ်။ အကယ်၍သာ ဖရန်ကီအနေနဲ့ ရွေးချယ်ခံခဲ့ရပါက   ချဲလ်ဆီးအသင်းဟာ ကစားသမား မျိုးဆက်တစ်ခုကို ဆက်လက်သယ်ဆောင်နိုင်သွားမှာလည်းဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: