အဲဗာတန်မှာ လမ်းပတ်နဲ့ ရွှေလက်တွဲခွင့်ရဖို့ မျှော်လင့်နေတဲ့ အက်ရှ်လေကိုးလ်

အင်္ဂလန် ယူ ၂၁အသင်းရဲ့ နည်းပြတစ်ဦးဖြစ်တဲ့အပြင် ချဲလ်ဆီးအကယ်ဒမီအတွက်ပါ အလုပ်လုပ်နေတဲ့ အက်ရှ်ရှ်လေကိုးဟာ အဲဗာတန်ရဲ့ အသစ်စက်စက်မန်နေဂျာဖြစ်တဲ့ ဖရန့်လမ်းပတ်နဲ့အတူ ဂွတ်ဒီဆင်ပါ့ခ်မှာ တွဲဖက်အလုပ်လုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။  ကိုးလ်နဲ့ အဲဗာတန်ဘုတ်အဖွဲ့ဟာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီဖြစ်ပြီး အသက်၄၁နှစ်အရွယ် အင်္ဂလန်နဲ့ ချဲလ်ဆီးကစားသမားဟောင်းဟာ လမ်းပတ်ရဲ့ နည်းပြအဖွဲ့၀င်ဖြစ်လာဖို့ ရှိနေပါတယ်။ 

လမ်းပတ်နဲ့ အက်ရှ်‌ရှလေကိုးလ်ဟာ လက်ရွေးစင်အသင်းမှာလည်း အတွဲညီခဲ့သလို ချဲလ်ဆီးကစားသမားတွေ အဖြစ်လည်း ရှစ်နှစ်ကြာအတူ ဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ်ဖလား၊ FA ဖလား၊ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားစတဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့သော အသင်းရဲ့ ဂန္တ၀င်ကစားသမားတွေ ဖြစ်ပါတယ်။ 

လမ်းပတ်ဟာ သူရဲ့ လက်ထောက်နည်းပြအဖြစ် ချဲလ်ဆီးအသင်းကနေ ဂျိုးအက်ဒ်၀က်၊ပထမအသင်းနည်းပြအဖြစ် ဒါဘီ ရီဒင်း ဆွမ်ဆီးအသင်းတို့ရဲ့ မန်နေဂျာဟောင်း ပေါလ်ကလီးမန့်စတဲ့ သူတွေကိုနည်းပြအဖွဲ့၀င်တွေအဖြစ်ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။ အက်ရှ်လေးကိုးလ်ဟာ လမ်းပတ်ရဲ့ နောက်ဆုံးနည်းပြအဖွဲ့၀င်ဖြစ်လာဖို့ များနေပါတယ်။ 

အဲဗာတန်ဟာ အပြောင်းအရွှေ့နောက်ဆုံးရက်တွေမှာ စပါးကစားသမား ဒယ်လီအလီကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေးက‌တော့ ကစားသမားရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ပေါင် သန်း၄၀အထိကျသင့်ဖွယ်ရှိပါတယ်။ အလီဟာ သူ့အနေနဲ့ လမ်းပတ်နဲ့အတူ အလုပ်လုပ်ရဖို့ စိတ်လှုပ်ရှားနေတယ်လို့ ဆိုပြီး အဲဗာတန်ကို ပြောင်းရွှေ့လာခဲ့တာကလည်း လမ်းပတ်ကြောင့် ဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။ 

အဲဗာတန်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ နေရာမရဖြစ်နေတဲ့ ဗန်ဒီဘိခ်က်ုလည်း ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒီစာချုပ်မှာတော့ ကစားသမားရဲ့ လစာအပြည့်အ၀ကို အဲဗာတန်က ပေးချေရမှာ ဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့်တော့ မပါဘူးလို့ သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ဗလင်စီယာတို့ကလည်း ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားကတော့ ဂွတ်ဒီဆင်ပါ့ခ်ကိုပဲ ပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: