နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (2feb)

ဂယ်လက်ဂါကိုနေရာပေးမယ့်ချဲလ်ဆီး

Daily Star ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ  လာမယ့်ရာသီမှာ ဘာကလေနဲ့  လို့ဖ်တက်ချိတို့ကိုရောင်းထုတ်မှာဖြစ်ပြီး  ဂယ်လက်ဂါကိုအသင်းမှာနေရာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဘာကလေဟာ ဒီရာသီမှာအသင်းအတွက် ၁၅၁ မိနစ်သာကစားပေးရသေးပြီး သူ့ထက်ပွဲထွက်ချိန်နဲ့သူအဖြစ် ဆောင်းရာသီမှ အသင်းကိုပြန်ရောက်လာတဲ့ ကနေဒီပဲရှိပါတော့တယ်။

မေဆင်မောင့်ကို နမူနာယူခဲ့တဲ့ ဘရိုဂျာ

အာမန်ဒိုဘရိုဂျာရဲ့ ကစားဖော်ဟောင်းတစ်ဦးဖြစ်သူ သောမတ်စ်ဘန်းက  Evening Standard နဲ့ တွေ့ဆုံစဥ်မှာ တိုက်စစ်မှုးလေးရဲ့အကြောင်းကို အခုလိုပဲမှတ်ချက်ပေးခဲ့ပါတယ်။

“ သူကမေဆင်မောင့် ကိုအမြဲနမူနာယူခဲ့သူဖြစ်ပါတယ်။ ဗီတက်ဆီ မှာ အငှားလာကစားတုန်းကလဲကောင်းအောင်ကစားနိုင်ခဲ့ပါတယ်။ ဂိုးတွေသွင်းပေးနိုင်ရုံမကပါဘူး။ အခြားအရည်အသွေးတွေကိုလဲ အမြဲပြသနိုင်ခဲ့ပါတယ်။ ဘောလုံးရာသီ ၄ ရာသီလောက်အပြီးမှာ  ချဲလ်ဆီးအသင်းကြီးရဲ့ ပထမကစားသမားဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။  အသင်းဖက်ကလဲ  လူကာကူနေရာအတွက် ရေရှည်မှာ တိုက်စစ်မှုးလိုအပ်နေတာပဲမဟုတ်လား .. ဘရိုဂျာဒီနေရာကို ယူနိုင်မယ်လို့ ကျွန်တော်ယူဆပါတယ် “  ဆိုပြီး  အလားအလာတွေကို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

အငှားချကစားသမားလေးကို အသင်းပြန်ခေါ်ရတဲ့အကြောင်းရင်းကို ဒါရိုက်တာရှင်းပြ

အငှားချကစားသမားလေး သီယာနိုဘာလိုကို  စာချုပ်ဖျက်သိမ်းပြီအသင်းသို့ပြန်ခေါ်လိုက်တဲ့  ဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး  ဒါရိုက်တာတစ်ဦးဖြစ်သူ ဇိုရန် ဘာရီဆစ်က  အခုလိုပဲရှင်းပြခဲ့ပါတယ်။  “ ကစားချိန်များများရဖို့က သူ့အတွက်အရမ်းအရေးကြီးပါတယ်။ သူတိုးတက်လာဖို့အတွက် မိနစ်များများ ရနိုင်သလောက်ကစားဖို့ လိုအပ်ပါတယ်။ အငှားသွားကစားတဲ့အသင်းမှာ ကစားသမားများနေတာတို့ ၊ ကစားသမားအသစ်ရောက်လာတာတို့ကြောင့်   မကစားရဘူးဆိုရင်အဆင်မပြေပါဘူး။  ဒီတော့ ဘယ်လိုအနေနဲ့  လန်ဒန်ပြန်လာတာအကောင်းဆုံးဖြစ်တယ်လို့ပဲ ဆုံးဖြတ်လိုက်ရတာပါ “  လို့ Sport Witness ကိုပြောခဲ့တာပါ။ ဘယ်လိုဟာ  ရက်ပစ်ဒ်​ဗီယင်နာ အသင်းကို တစ်ရာသီအငှားနဲ့သွားကစားနေတာဖြစ်ပြီး ၊ ရာသီဝက်မှာပဲ နှစ်သင်းကြား စာချုပ်ဖျက်သိမ်းလိုက်ကြတာဖြစ်ပါတယ်။

အေဘရာဟမ်ကို ပြန်ခေါ်သွားမှာကို ရိုးမားမစိုးရိမ်

ရိုးမားအသင်းနဲ့အတူခြေစွမ်းပြနေတဲ့ တိုက်စစ်မှုး တမ်မီအေဘရာဟမ် ကိုပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် အီတလီကလပ်ရဲ့ ဒါရိုက်တာက အခုလိုပဲတုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

“ တမ်မီရဲ့ စာချုပ်မှာ ပြန်လည်ခေါ်ယူခွင့်ပါဝင်ပါတယ်။ ဒါပေမယ့် အခုရာသီမှာတော့ မဟုတ်သေးပါဘူး။  ကျွန်တော်တို့ဖက်က ဘာမှမစိုးရိမ်ပါဘူး။ တမ်မီက ဒီမှာခြေစွမ်းကောင်းကောင်းပြနေသလို ပျော်လဲပျော်နေပါတယ်”  ဆိုပြီးပြောခဲ့တာပါ။  သတင်းများအရ   ချဲလ်ဆီးတို့ဟာ အေဘရာဟမ်ကို သန်း ၈၀ နဲ့ပြန်လည်ခေါ်ယူနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

အသင်းနဲ့အတူလေ့ကျင့်ရေးဆင်းနေတဲ့ ကနေဒီ

မကြာသေးခင်ကမှ ဖလာမင်ဂိုအသင်းဆီကနေ ပြန်ခေါ်ထားတဲ့ တောင်ပံကစားသမားကနေဒီကို  အသင်းနဲ့အတူလေ့ကျင့်ရေးမှာတွေ့နေရကြောင်းသတင်းများကဖော်ပြလာပါတယ်။ ကနေဒီကို ပလိုင်းမောက်နဲ့ ကစားရမယ့် FA ဖလားပွဲမှာ ထည့်သွင်းကစားဖွယ်ရှိတယ်လို့သိရပြီး ၊ အကယ်၍ ကစားဖြစ်ခဲ့ပါက ၄ နှစ်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ပွဲထွက်လာနိုင်တာ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: