အာဆင်နယ်ခေါ်ယူလိုက်တဲ့ မေဂျာလိဂ် ကစားသမား ၂ ယောက်က ဘယ်သူတွေလဲ

စိတ်ပျက်စရာအကောင်းဆုံး အပြောင်းအရွှေ့ရာသီအပြီးမှာတော့ အာဆင်နယ်တို့ဟာ အသင်းကိုရောက်မလာသေးတဲ့ကစားသမား ၂ ယောက်ကိုရရှိခဲ့ပါတယ်။ တိုက်စစ်ကစားသမားလိုအပ်နေချိန်မှာ ဘယ်သူမှမခေါ်တဲ့အပြင် ၊ ခေါ်တဲ့ကစားသမားတွေကလဲ ချက်ခြင်းမပူးပေါင်းနိုင်တာမို့ ပရိတ်သတ်တွေအတွက်ကတော့ ဘယ်လိုနည်းနဲ့မှကျေနပ်မှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ  အသင်းနဲ့စာချုပ်လိုက်ပြီဖြစ်တာကြောင့်  ဒီကစားသမား ၂ ယောက်အကြောင်းကို လက်လှမ်းမှီသလောက်စုစည်းတင်ပြပေးလိုက်ပါတယ်။

အော်စတင် ထရပ်စတီ  (နောက်ခံလူ)

ဆောင်းရာသီ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အီဒူးဟာ အသင်းအတွက် ကစားသမားသစ်တစ်ဦးကို စာချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေမျှော်လင့်နေတဲ့ တိုက်စစ်မှူးတော့မဟုတ်ပဲ နောက်ခံလူတစ်ဦးသာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားကလည်း အာဆင်နယ်အသင်းပိုင်ရှင် ခရွန်ကီပိုင်ဆိုင်တဲ့ ကော်လိုရာဒိုရက်ပစ်ဒ် အသင်းရဲ့ နောက်ခံလူအော်စတင် ထရပ်စတီ ဖြစ်တာကြောင့် ငွေမကုန်ခဲ့ဘူးလို့သိရပါတယ်။ အသင်းနဲ့နာမည်ထွက်နေတဲ့ ကစားသမားတစ်ယောက်မှမဟုတ်ခဲ့ပါဘူး။

အော်စတင် ထရပ်စတီဟာ အခုချက်ချင်း အာဆင်နယ်အတွက် ကစားမှာ မဟုတ်သေးပဲ ဇူလိုင်အထိ လက်ရှိအသင်း ရက်ပစ်ဒ် မှာပဲ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ရာသီမှာလည်း အသင်းနဲ့အတူ ပွဲထွက်ခွင့်ပေးမှာ မဟုတ်သေးပဲ ဥရောပမြေမှာ အတွေ့အကြုံတွေရအောင် အငှားချဖို့ ရှိနေတယ်လို့ဆိုနေပါတယ်။ ဒါ့ကြောင့် အော်စတင် ထရပ်စတီကို အာဆင်နယ်ဂျာစီနဲ့ မြင်ရဖို့ ပရိသတ်တွေ တော်တော်လေးကို စိတ်ရှည်ရှည်နဲ့စောင့်ရပါဦးမယ်။ 

ဝေဖန်သူတွေကတော့ အာဆင်နယ်အသင်းဟာ အမေရိကန်ပရိတ်သတ်ရဲ့ အာရုံကိုရအောင် ခေါ်ယူခဲ့မှုသက်သက်လို့ဆိုနေကြပါတယ်။

အော်စတွန်ဟာ ဖီလားဒဲလ်ဖီးယား ယူနီယမ်ကနေ ရက်ပစ်စ်ကို ပြောင်းလာကတည်းက ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။‌ အရပ်ခြောက်ပေသုံးလက်မရှိတဲ့ အော်စတင် ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ရက်ပစ်ဒ်အသင်းဟာ  ပြိုင်ပွဲမှာ ဒုတိယခံစစ်အကောင်းဆုံးဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။  အော်စတင်ဟာလည်း  အသင်းရဲ့ အကောင်းဆုံးခံစစ်ကစားသမားဆုကို ရခဲ့ပါတယ်။ 

ယခုလက်ရှိမှာတော့ အော်စတင် ထရပ်စတီဟာ အမေရိကန်လက်ရွေးစင်အသင်းနဲ့ အတူ လေ့ကျင့်ရေးစခန်းမှာ ရှိနေပြီး လက်ရွေးစင်ကစားသမားဘ၀ရဲ့ ပထမဆုံးပွဲကို ကစားဖို့ စောင့်မျှော်နေပါတယ်။ သူ့ရဲ့ ခြေစွမ်းကြောင့်  မကြာသေးမီကမှ လက်ရွေးစင်အသင်းရဲ့လူစာရင်းထဲမှာ သူ့ကို ရွေးချယ်ထားခဲ့တာ ဖြစ်ပါတယ်။ 

မာရီ ၊ ချိန်ဘာစ်တို့အထွက်တွေရှိနေတာကြောင့် အရံနောက်ခံလူခေါ်ယူတာနားလည်နိုင်ပေမယ့် နောက်ရာသီမှရောက်လာမယ့် အော်စတင်ကိုခေါ်ယူခြင်းကလည်းလတ်တလောအကျိုးသက်ရောက်မှုလုံးဝမရှိတဲ့အနေအထားဖြစ်ပါတယ်။

မတ်တာနာ (ဂိုးသမား)

မေဂျာလိဂ် ကလပ် နယူးအဂ်လန်အသင်းရဲ့ ဂိုးသမား မတ်တာနာကို  ရမ်းစ်ဒေးရဲ့အရံအဖြစ်ရှိနေစေဖို့ အာဆင်နယ်အသင်းက ခေါ်ယူလိုက်ပါတယ်။ အာဆင်နယ်ဟာ ဒီအပြောင်းအရွှေ့အတွက် ပေါင် ၄.၈သန်း ကုန်ကျမှာ ဖြစ်ပြီး ကစားသမားရဲ့စွမ်း‌ဆောင်ရည်ပေါ်မူတည်ကာ ပေါင် ၃သန်းအထိ အပိုဆုကြေး ထပ်မံပေးချေရဖွယ် ရှိတယ်လို့လဲ သိရပါတယ်။ သို့သော်လည်း  နောက်ခံလူ အော်စတင်နည်းတူ အသင်းကိုတော့ ချက်ခြင်းရောက်လာမှာ မဟုတ်သေးပါဘူး။

အာဆင်နယ်ကိုပြောင်းခွင့်ရတာဟာ အမေရိကန် မေဂျာလိဂ်မှာသာ ၂၀၁၆ကတည်းက စကစားနေခဲ့တဲ့ မတ်တာနာအတွက်အလွန်ကို ကြီးမားတဲ့ တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ ဒီပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး သူ့ရဲ့နိုင်ငံလက်ရွေးစင်အသင်း မန်နေဂျာက အခုလိုမှတ်ချက်ပေးခဲ့ပါတယ်။ 

“ တာနာဟာ ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ အာဆင်နယ်ကို ပြောင်းရွှေ့တော့မှာပါ။ ဒါဟာ အရမ်းကိုမှ အံ့ဩဖို့ ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ တာနာရဲ့ နှိမ့်ချတတ်မှု၊ အလုပ်အပေါ် လေးစားမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ အရှုံးမပေးတတ်တဲ့စိတ်ဓါတ်တွေကြောင့် ခုလိုမျိုးတိုးတက်လာခဲ့တာပါ ”  လို့ဆိုခဲ့ပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း ဒီအပြောင်းအရွေ့ပေါ်မှာ အံ့အားသင့်နေပုံရပြီး ပရိတ်သတ်တွေကို လက်မှတ်ထိုးပေးနေတုန်းမှာ  အာဆင်နယ်ရောက်တဲ့အခါ သူ့အနေနဲ့ ဘယ်ကျောနံပတ်ဝတ်ရမှန်း မသိသေးကြောင်းရိုးရိုးရှင်းရှင်းပြောခဲ့ပါတယ်။

မတ်တာနာ နွေရာသီမှာ အာဆင်နယ်ကို ရောက်ရှိလာတော့မယ်ဆိုတာကြောင့်  လက်ရှိဂိုးသမား လီနို တစ်ယောက် အသင်းကနေ ထွက်ခွာသွားဖို့သေချာသလောက်ရှိခဲ့ပါပြီ။ ဂျာမန်ဂိုးသမားဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၁၈လသာ ကျန်ပါတော့တယ်။ သူ့ရဲ့ အေးဂျင့်ဖြစ်သူကတော့  လီနိုကို စိတ်ဝင်စားတဲ့အသင်းတွေအများကြီးရှိပေမယ့် အစောတလျင်ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

အခြေအနေတွေကိုအနှစ်ချုပ်ကြည့်ရရင်တော့ အာဆင်နယ်အသင်းရဲ့ ကစားသမားခေါ်ယူမှုဟာ နားလည်ရခက်မှာတော့အမှန်ပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: