အပြောင်းအရွှေ့သတင်းကောက်နှုတ်ချက်များ (၁)

သတင်းတွေသာများခဲ့ပြီး လက်တွေ့မတိုးတက်ခဲ့တဲ့ ဒမ်ဘီလီ

အသင်းများစွာနဲ့သတင်းထွက်ခဲ့ပေမယ့်  ဘာစီလိုနာကစားသမား ဒမ်ဘီလီနဲ့ ပတ်သတ်တဲ့ဆွေးနွေးမှုတွေဟာ ကောလာဟာလတွေသာဖြစ်ပြီး  ဘယ်အသင်းနဲ့မှ အမှန်တကယ်စကားပြောဆိုခဲ့ခြင်း မရှိခဲ့ဘူးလို့  ဖေဘရီဇီယိုရိုမာနို်က အတည်ပြုခဲ့ပါတယ်။  ဒမ်ဘီလီဟာ ခြေစွမ်းခြေစကောင်းမွန်ပေမယ့် ဒဏ်ရာပြသနာများပြားလှတာကြောင့်  ထင်သလောက် အကျိုးမပြုနိုင်တဲ့ကစားသမားတစ်ယောက်လဲဖြစ်ပါတယ်။  ချဲလ်ဆီးအသင်းက ခေါ်ယူမယ်ဆိုတဲ့သတင်းများစွာထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကောလာဟာလများသာဖြစ်ကြောင်း ရိုမာနိုက ဆိုခဲ့တာဖြစ်ပါတယ်။

ရာသီကုန်မှသာ အလွတ်နဲ့ ထွက်နိုင်တော့မယ့် လင်ဂတ်

မန်ချက်စတာယူနိုက်တက်အသင်းကစားသမားလင်ဂတ်ဟာ နယူးကာဆယ်အသင်းကိုပြောင်းရွှေ့ဖို့ရှိခဲ့ပေမယ့် မဖြစ်မြောက်ခဲ့တာကြောင့် ရာသီကုန်မှာ အလွတ်ပြောင်းရွေ့ကြေးနဲ့လက်လွတ်ရဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။ အခြားကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဒွန်နီဗန်ဒီဘိခ်ကတော့  ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့သတင်းကြီးခဲ့ပေမယ့် နည်းပြသစ်လမ်းပတ်ရဲ့  အဲဗာတန်ဆီကိုပဲ ရာသီဝက်အငှားနဲ့ ရောက်ရှိသွားခဲ့ပါတယ်။

အဲရစ်ဆင် ပရီးမီးယားလိဂ်ကို ပြန်လာပြီ

ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက နှလုံးပြသနာကြောင့် ကစားသမားဘဝက အနားယူရလုဖြစ်ခဲ့တဲ့  ဒိန်းမတ်ကစားသမား အဲရစ်ဆင်ကို ပရီးမီးယားလိဂ်ကလပ်အသင်း ဘရန်းဖို့ဒ်က ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ စပါးကစားသမားဟောင်းဟာ အင်တာမီလန်အသင်းနဲ့စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပြီး ဘရန်းဖို့ဒ်တို့ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စာချုပ်ခဲ့တာဖြစ်ပါတယ်

နောက်ဆုံးရက်မှာ အလုပ်တွေလုပ်ခဲ့ကြတဲ့ စပါးနဲ့ ဂျူဗင်တပ်

စပါးအသင်းဟာ  အာဆင်နယ်နဲ့ သတင်းကြီးခဲ့တဲ့ ကူလူဆက်စကီ နဲ့  ကွင်းလယ်ကစားသမား ဘန်တန်ကာ တို့ကို ဂျူဗင်တပ်စ်အသင်းကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။   ဘန်တန်ကာ ကို ပေါင် သန်း ၂၀ ခန့်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ကူလူဆက်စကီကိုတော့ရာသီဝက်အငှားနဲ့ ခေါ်ယူခဲ့တာပါ။  အသင်းရဲ့ ကွင်းလယ်လူ  အလီကတော့  အဲဗာတန်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အဆိုးရွားဆုံးအပြောင်းအရွေ့နဲ့ အာဆင်နယ်

အာဆင်နယ်အသင်းပရိတ်သတ်တွေဟာ သူတို့အသင်းအနေနဲ့ နောက်ဆုံးမိနစ်တွေမှာ တစ်ခုခုလုပ်ဆောင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ နောက်ရာသီမှရောက်လာမယ့် ၂ ဦးကိုသာ စာချုပ်ခဲ့တာကြောင့် ကစားသမားအဝင်မရှိတဲ့အခြေအနေနဲ့သာ ကြုံတွေ့လိုက်ရပါတယ်။ အသင်းပိုင်ရှင် ခရွန်ကီရဲ့ ကော်လိုရာဒိုရက်ပစ်ဒ်အသင်းက နောက်ခံလူ အော်စတင်နဲ့ ဂိုးသမားတာနာ ကိုသာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အထွက်အနေနဲ့ကတော့ တိုက်စစ်မှုး အူဘာမီယန်အပါအဝင်  ကစားသမားများစွာကို အလွတ်နဲ့ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။  UK အခြေစိုက်သတင်းဌာနများကတော့ အာဆင်နယ်တို့အနေနဲ့ အသင်းကို အားမဖြည့်နိုင်ခဲ့ပေမယ့် လစာဝန်ထုပ်ဝန်ပိုးတွေကိုတော့ လျှော့ချနိုင်ခဲ့တယ်လို့ သုံးသပ်ရေးသားနေကြပါတယ်။

ချဲလ်ဆီးအသင်းရဲ့ တိုးတက်မှုမရှိသေးတဲ့စာချုပ်များ

ချဲလ်ဆီးအသင်းဟာ  ကွန်ဒီ ၊ ဒမ်ဘီလီအပါအဝင်နောက်ခံလူပေါင်းများစွာနဲ့ သတင်းထွက်ခဲ့ပေမယ့် ပိုနေမြဲကျားနေမြဲအခြေအနေအတိုင်းသာရှိနေခဲ့ပါတယ်။ ဒါ့အပြင် ရူဒီဂါ ၊ ခရစ္စတီယန်ဆင်တို့ ရဲ့ စာချုပ်သစ်ဆွေးနွေးမှု တွေကလဲ တိုးတက်မှုမရှိသေးတာကြောင့် ပရိတ်သတ်တွေပူပန်နေရတဲ့အနေအထားမှာရှိနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: