ခရစ္စတီယန်ဆန်ကို အသင်းမှာ ဆက်ထိန်းထားသင့်လား

လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တဲ့ ခရစ္စတီယန်ဆန်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားသင့်တယ်လို့ ဇိုလာက အကြံပေးခဲ့ပါတယ်။ 

ခရစ္စတီယန်ဆန်ကို ခေါ်ယူဖို့ စပိန်ထိပ်သီးကလပ် ဘာစီလိုနာက စိတ်၀င်စားနေပြီး ကစားသမားနဲ့ ကြိုတင်ဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အသင်းရဲ့ နောက်ထပ်ခံစစ်ကစားသမားဖြစ်တဲ့ ရူဒီဂါကလည်း အခုထိ စာချုပ်သစ်အတွက် သဘောတူညီမှုမရသေးပဲ‌ နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ချေရှိနေပါတယ်။ အသင်းခေါင်းဆောင် အက်ဇ်ပလီကျူတာရဲ့ စာချုပ်သက်တမ်းကလည်း နှစ်၀က်သာ ကျန်တော့သာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့များနေပါတယ်။ 

ချဲလ်ဆီး ဂန္တ၀င်ကစားသမားဖြစ်တဲ့ ဇိုလာက အသင်း‌အနေနဲ့ ခရစ္စတီယန်ဆန်ကို သူ့ရဲ့တွဲဖက်ခံစစ်ကစားသမားတွေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဆက်လက်ထိန်းသိမ်းထားသင့်တယ်လို့ ယုံကြည်နေပါတယ်။ 

ကျွန်တော်တို့ အခုပြောနေတာက အသင်းနဲ့အတူ အောင်မြင်မှုတွေအများကြီးရခဲ့ပြီး အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ ရူဒီဂါနဲ့အက်ဇ်ပလီကျူတို့ အကြောင်းပါ။ တတိယတစ်ယောက်ကတော့ ခရစ္စတီယန်ဆန်ပေါ့။ သူက ရူဒီဂါနဲ့ အက်ဇ်ပလီကျူတာတို့လောက် မကစားရသေးပါဘူး။ ဒါပေမယ့် သူက သူတို့ထဲမှာ အငယ်ဆုံးကစားသမားဖြစ်တယ်ဆိုတာလည်း မေ့ထားလို့မရပါဘူး” 

ရူဒီဂါနဲ့ အက်ဇ်ပလီကျူတာတို့လို ကစားသမားတွေကို ဘယ်သူမှ ဆုံးရှုံးချင်မှာ မဟုတ်ပါဘူး။ဒီလိုပဲ အလားအလာကောင်းတွေရှိနေတဲ့ ခရစ္စတီယန်ဆန်လို ကစားသမားကိုလည်း ဆုံးရှုံးချင်မှာမဟုတ်ပါဘူး” 

ဒီကစားသမားသုံး‌ယောက်ထဲမှာ နှစ်ယောက်က‌တော့ ကျန်နေခဲ့ပါလိမ့်မယ်။ နာမည်အတိအကျတော့ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမယ့် ကံကောင်းတာဟာ ကျွန်‌တော်က တူချယ်မဟုတ်တဲ့အတွက် ခန့်မှန်းခွင့်ရှိ‌နေပါတယ်။ကျွန်တော်သာဆို အငယ်တစ်ယောက်နဲ့ အခြားတစ်ယောက်( ရူဒီဂါ နဲ့ အက်ဇ်ပလီကျူတာတို့နှစ်ဦးထဲက တစ်ဦးနဲ့  ခရစ္စတီယန်ဆန် )ကို အသင်းမှာ ဆက်ထိန်းထားမှာပါ” 

လက်ရှိမှာ ချေးဝဲလ်၊ရိစ်ဂျိမ်းတို့လို Winger တွေကို ဆုံးရှုံးထားရတဲ့အတွက် နောက်တန်း‌လေးယောက်ခံစစ်ကို တူချယ်ဟာ ပြောင်းလဲအသုံးပြုနေတာ ဖြစ်ပါတယ်။ တကယ်လို့ နောက်တန်းသုံးယောက် ခံစစ်ကို ပြန်လည် အသုံးပြုမယ်ဆိုရင် အရည်အသွေးမြင့် ဗဟိုခံစစ်ကစားသမားတွေကို အသင်းမှာ ထိန်းသိမ်းထားဖို့ဆိုတာ တကယ်အရေးကြီးပါတယ်။ တူချယ်တို့ အသင်းရဲ့ နောက်ခံလူတွေကို ဘယ်လိုထိန်းသိမ်းသွားမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: