နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (31Jan)

ဇီယက်ချ်ကို စိတ်ဝင်စားနေတဲ့ ဘိုင်ယန်

စပိန်သတင်းအေဂျင်စီ Fichajes ရဲ့ဖော်ပြချက်အရ  ဘိုင်ယန်မြူးနစ်အသင်းဟာ တောင်ပံကစားသမားဇီယက်ကို ခေါ်ယူဖို့ စတင်ကြိုးပမ်းလာပြီဖြစ်တယ်လို့သိရပါတယ်။  ဇီယက်ချ် ဟာအသင်းကို ၂၀၂၀ ခုနှစ်က ရောက်ရှိလာခဲ့ပြီး ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး  အခုနောက်ပိုင်းပွဲစဥ်များမှာတော့ ခြေစွမ်းပြန်လည်ပြသလာနိုင်တာဖြစ်ပါတယ်။   မော်ရိုကိုကစားသမားဟာ  လန်ဒန်အသင်းအတွက် ၆၃ ပွဲကစားပြီး ၁၂ ဂိုးသွင်း ၊ ၈ ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။

ဒမ်ဘီလီကို ကြိုးစားနေကြောင်း ဒန်းဂျုံးပြော

သတင်းထောက် ဒန်းဂျုန်းရဲ့ပြောကြားချက်အရ ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ ဒမ်ဘီလီကိုခေါ်ယူနိုင်ဖို့အလေးအနက်ကြိုးစားနေတယ်လို့သိရပါတယ်။ ဒမ်ဘီလီအနေနဲ့လဲ  ဘာစီလိုနာနဲ့အတူ လစာလျှော့ယူပြီး စာချုပ်သစ်မချုပ်ဆိုဘူးဆိုရင် အခုဆောင်းရာသီမှာတင် အသင်းသစ်ရှာဖွေရမှာဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ခြေစွမ်းပိုင်းဆိုင်ရာမှာ သံသယဖြစ်စရာမရှိပေမယ့်  ဒဏ်ရာပြသနာများကြောင့် ၂၀၁၇ ခုနှစ်မှစ ယခုအချိန်ထိ ပွဲပေါင်း ၁၀၂ ပွဲအထိလွဲချော်ထားခဲ့သူဖြစ်ပါတယ်။

အချစ်သစ်ရပြီဖြစ်တဲ့ ကီပါ

လူမူရေးပြသနာတွေကြောင့် စွမ်းဆောင်ရည်တွေကျဆင်းပြီး  ကစားသမားဘဝကိုပါ ထိခိုက်ခဲ့ရတဲ့  ဂိုးသမားကီပါတစ်ယောက် သူ့ရဲ့အချစ်သစ်နဲ့ပျော်ရွင်နေပြီဖြစ်ကြောင်း  သူကိုယ်တိုင်ထုတ်ဖော်လာခဲ့ပါတယ်။  အသက် ၂၇ နှစ်အရွယ်ရှိစပိန်သားဟာ   ၂၀၂၀ခုနှစ် Miss Spain လဲဖြစ် ၊  Miss Univese Spain လဲဖြစ်တဲ့ အင်ဒရီယာ မာတီနက်စ် နဲ့အတူ  ပျော်ရွင်နေတဲ့ပုံတွေကို Follower ၁.၈ သန်းရှိတဲ့ သူ့ရဲ့ အကောင့်မှတစ်ဆင့် အသိပေးခဲ့တာဖြစ်ပါတယ်။  ဒီအပေါ်မှာ အသင်းဖော်တွေကလဲ  တက်ညီလက်ညီ ဂုဏ်ပြုတဲ့ Comment တွေရေးသားခဲ့ကြတယ်လို့လဲ သိရပါတယ်။

နောက်ထပ်တစ်သင်းထံမှာ အငှားသွားကစားမယ့်  ချဲလ်ဆီးလူငယ်

လိုကိုမိုးတစ်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ လူငယ်ကစားသမားလေး အန်ဂျိုရင်ဟာ  နောက်ထပ်အသင်းတစ်သင်းထံသို့ ဆက်လက်သွားရောက်ကစားရမှာဖြစ်လို့ အသင်းဖော်တွေကို နှုတ်ဆက်စကားပြောခဲ့တယ်လို့သိရပါတယ်။ ကစားသမားလေးဟာ  ရုရှားကလပ်မှာ ကာလရှည်အငှားကစားဖို့စီစဥ်ခဲ့ပေမယ့်  ဒဏ်ရာပြသနာကြောင့် လန်ဒန်ကို ပြန်ရောက်နေခဲ့ပြီးနောက်  ၊  ပြန်မသွားဖို့ စီစဥ်ခဲ့ရတာဖြစ်ပါတယ်။  Football London ရဲ့ဖော်ပြချက်အရ  အန်ဂျိုရင်ဟာ  ချန်ပီယံရှစ်ကလပ် ဟက်ဒါစဖီးလ်  မှာသွားရောက်ကစားဖို့ရှိနေတယ်လို့သိရပါတယ်။

ခရစ်စတီယန်ဆန်ကို စောင့်ကြည့်နေတဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းဟာ  ခရစ်စတီယန်ဆန်ရဲ့ စာချုပ်သစ်အနေအထားကို လေးလေးနက်နက်စောင့်ကြည့်နေတယ်လို့ သတင်းများကဖော်ပြနေကြပါတယ်။ Football London ရဲ့ဖော်ပြချက်အရတော့ ခရစ်စတီယန်ဆန်နဲ့ ချဲလ်ဆီးအသင်းရဲ့ စာချုပ်အနေအထားဟာ ညှိုနှိုင်းဆဲဖြစ်ပြီး ကစားသမားဖက်ကလိုချင်တဲ့ နှုန်းထားကို ချဲလ်ဆီးဖက်က ပေးဖို့အတွက် အစီအစဥ်မရှိတဲ့အခြေအနေလို့သိရပါတယ်။ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: