လိုင်လီတိုက်စစ်မှုးကို အပြိုင်စိတ်ဝင်စားနေကြတဲ့ ပရီးမီးယားလိဂ်အသင်းတွေ
လိုင်လီအသင်းရဲ့ ကနေဒါတိုက်စစ်မှုး ဂျိုနသန်ဒေးဗစ်ကို ချဲလ်ဆီး ၊ အာဆင်နယ် နဲ့ စပါးအသင်းတွေက စိတ်ဝင်စားနေကြတယ်လို့ ESPN သတင်းဌာနကဖော်ပြလာပါတယ်။ ချဲလ်ဆီးဟာ ဒီလန်ဒန်အသင်းများအနက် နောက်ဆုံးပါဝင်လာတာဖြစ်ပြီး ၊ အာဆင်နယ်အသင်းဒါရိုက်တာ အီဒူးကတော့ ဒေးဗစ်ရဲ့ ကိုယ်စားလှယ်များနဲ့ ဒီဇင်ဘာလတုန်းက ဆွေးနွေးမှုအချို့ရှိထားတယ်လို့ သိရပါတယ်။ ဒေးဗစ်ဟာ လိုင်လီအတွက် ဒီရာသီမှာ ပွဲ ၃၀ ကစားပေးထားပြီး ၁၇ ဂိုးသွင်းပေးထားနိုင်သူလဲဖြစ်ပါတယ်။
နည်းပြသစ်ကို သိရမှ စာချုပ်ကိစ္စ စဥ်းစားမယ့် ပေါ့ဘာ
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူပေါ့ဘာရဲ့စာချုပ်သစ်ဟာ နည်းပြရန်းနစ် ကအသင်းမှာဆက်ပြီးတာဝန်ယူမှသာဖြစ်လာနိုင်တယ်လို့ Daily Star သတင်းဌာနကရေးသားလာပါတယ်။ ရ န်းနစ်ဟာ ရာသီကုန်အထိသာနည်းပြအဖြစ်ဆောင်ရွက်မှာဖြစ်ပြီး အားကစားအကြံပေးအဖြစ်လွဲပြောင်းလုပ်ကိုင်မှာဖြစ်လို့ ယူနိုက်တက်တို့ဟာ နည်းပြသစ်ရှာဖွေနေရဆဲဖြစ်ပါတယ်။
လိုဆယ်လိုအတွက် သဘောတူညီမှုရခဲ့ကြတဲ့ စပါးနဲ့ လိုင်ယွန်
လိုင်ယွန်အသင်းဟာ နယူးကာဆယ်အသင်းကိုပြောင်းရွှေ့မှာဖြစ်တဲ့ ဂွီမာရေးစ်ရဲ့နေရာအစားထိုးမှုအဖြစ် စပါးအသင်းကွင်းလယ်လူ လိုဆယ်လိုကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီလို့ L Equippe သတင်းဌာနကရေးသားလာပါတယ်။ အဆိုပါကစားသမားဟာ ပရီးမီးယားလိဂ်မှာတော့ရုန်းကန်ခဲ့ရတာဖြစ်ပြီး ၊ မှတ်တမ်းအရတော့ ၈၄ ပွဲကစားပြီး ၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒီယက်ဇ်ကို လီဗားပူးစျေးတိုးကမ်းလှမ်း
လီဗာပူးလ်အသင်းဟာ ပေါ်တိုတောင်ပံလူ ဒီယက်ဇ်ကို ပေါင် ၄၅ သန်း (ထပ်ဆောင်း ၁၅ သန်း) နဲ့ ကမ်းလှမ်းလိုက်ပြီလို့ သတင်းများကဖော်ပြနေကြပါတယ်။ အဆိုပါကစားသမားကို စပါးအသင်းကလဲ ချဥ်းကပ်နေတာဖြစ်ပြီး လီဗာပူးအသင်းကပိုပြီး အရှိန်မြှင့်ကြိုးစားလာတာလို့သိရပါတယ်။ တကယ်လို့ ဒီယက်ဇ်သာရောက်ရှိလာခဲ့ရင် လီဗာပူးကစားသမားတွေဖြစ်တဲ့ အိုရီဂီနဲ့ မီနာမီနိုတို့ အသင်းကနေထွက်ခွာရဖွယ်ရှိတယ်လို့ သုံးသပ်နေကြပါတယ်။
အသင်းကြီးတွေစိတ်ဝင်စားတာကို မအံ့သြဘူးလို့ဆိုတဲ့ ပြင်သစ်ကလပ်ရဲ့ ဥက္ကဌ
ချဲလ်ဆီးအပါအဝင်အသင်းကြီးများစွာရဲ့စိတ်ဝင်စားမှုကိုခံနေရတဲ့ ဟူဂိုအီကီတိုက် အတွက် “ အံ့အားသင့်စရာမရှိ “ ဘူးလို့ ရင်းမ်းအသင်းရဲ့ ဥက္ကဌက မှတ်ချက်ပေးလာခဲ့ပါတယ်။ “ အသင်းအတော်များများက သူ့ရဲ့အရည်အသွေးကို အသိအမှတ်ပြုလာကြပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ဘာမှမထူးဆန်းပါဘူး။ ဒီကစားသမားက ကျွန်တော်တို့နဲ့အတူရှိနေတယ်။ ကျွန်တော်တို့အတွက်က သူဘယ်လောက်ကောင်းတယ်ဆိုတာကို သိနေတာကြာလှပါပြီ “ ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ Sky Sports ရဲ့ဖော်ပြချက်အရ ဝက်ဟမ်း အသင်းကလည်း အဆိုပါ ကစားသမားကိုစိတ်ဝင်စားတဲ့အသင်းတွေထဲပါဝင်လာခဲ့ပါပြီ။
Leave a Reply