ဒေးဗစ်ကို စိတ်ဝင်စားဟန်ပြလာတဲ့ ချဲလ်ဆီး
ESPN ရဲ့ ဖော်ပြချက်အရ လိုင်လီအသင်းရဲ ကနေဒါတိုက်စစ်မှုး ဂျိုနသန်ဒေးဗစ်ကို စပါးအသင်းနဲ့ချဲလ်ဆီးအသင်းတို့က ခေါ်ယူလိုနေတယ်လို့ ဖော်ပြလာပါတယ်။ အဆိုပါကစားသမားဟာ ပြင်သစ်လိဂ်ရဲ့ ဂိုးသွင်းဇယားမှာ ဦးဆောင်နေသူဖြစ်ပြီး လန်ဒန်ပြိုင်ဖက် အာဆင်နယ်ရဲ့ ပစ်မှတ်လဲဖြစ်ပါတယ်။ ကစားသမားအေးဂျင့်ကိုယ်တိုင်ကလည်း Daily Mail နဲ့ ၂၀၂၀ ခုနှစ်က တွေ့ဆုံစဥ်မှာ ငယ်စဥ်တုန်းက ဘာစီလိုနာ ၊ ရီးရဲ ၊ မန်ယူ နဲ့ချဲဆီးတို့ကိုနှစ်သက်သူဖြစ်ကြောင်းပြောဆိုခဲ့ဖူးပါတယ်။
ချူမာနီကို အလွန်နှစ်သက်နေတဲ့ တူချယ်
နည်းပြတူချယ်ဟာ မိုနာကိုရဲ့ ချူမာနီကို ဘယ်နည်းနဲ့မဆို စတမ်းဖို့ဘရစ်ချ်ကို အရောက်ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။ အဆိုပါကစားသမားရဲ့စျေးနှုန်းဟာ သေချာပေါက်ကြီးမြင့်မယ်လို့ မိခင်အသင်းဖက်ကလည်း ထုတ်ပြောထားခဲ့ပြီး တူချယ်ဖက်ကလည်း ပြင်သစ်လူငယ်လေးကို အလွန်နှစ်သက်နေတာဖြစ်ပါတယ်။
လို့ဖ်တပ်ချိကို အဲဗာတန်စိတ်ဝင်စား
ချဲလ်ဆီးအသင်းရဲ့ ကစားသမား ရူဘင် လို့ဖ်တပ်ချိ ကို အဲဗာတန်အသင်းက လိုချင်နေတယ်လို့ သတင်းများက ဖော်ပြလာပါတယ်။ အဲဗာတန်ဟာ ကွင်းလယ်ကစားသမားအသဲအသန်လိုအပ်နေတာကြောင့် ကစားသမားများစွာကို ချိတ်ဆက်နေတာဖြစ်ပြီး ရူဘင်ကလဲ တစ်ဦးအပါအဝင်ဖြစ်လာတာပါ။ ဒါပေမယ့် Liverpool World News ရဲ့ အဆိုအရ တူချယ်က သူ့ရဲ့ကစားသမားကို ရောင်းချဖွယ်မရှိဘူးလို့ သိရပါတယ်။ အခြားသတင်းတစ်ခုအရ တိုက်စစ်မှုး အာမန်ဒိုဘရိုဂျာကိုလည်း တော်ဖီ တို့ဟာ ကမ်းလှမ်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ရှက်ချန်ကို အားအလွန်နှစ်သက်သူဖြစ်ကြောင်း ဂျီရူးဖွင့်ဟ
ချဲလ်ဆီးတိုက်စစ်မှုးဟောင်းဖြစ်တဲ့ အိုလီဗာ ဂျီရူးက သူ့ဟာ ယူကရိန်းတိုက်စစ်မှုး ရှက်ဗ်ချန်ကို ကိုအလွန်နှစ်သက်သူဖြစ်ကြောင်း မီဒီယာများနဲ့တွေ့ဆုံစဥ်မှဦ ထုတ်ပြောသွားခဲ့ပါတယ်။ လက်ရှိအေစီမီလန်ကစားသမားဖြစ်တဲ့ ဂျီရူးရော ၊ ကစားသမားဟောင်း ရှက်ချင်ကိုမှာပါ တူညီတဲ့အချက်အဖြစ် ချဲလ်ဆီးနဲ့မီလန် အသင်း ၂ သင်းစလုံးမှာ ကစားဖူးသူများဖြစ်နေကြပါတယ်။ ၂၀၀၄ ခုနှစ် Baloon D’or ဆုရှင် ရှက်ချန်ကိုဟာ ချဲလ်ဆီးမှာတော့မအောင်မြင်ခဲ့ပဲ ၇၇ ပွဲကစားပြီး ၂၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
မန်ယူကစားသမားကို ထည့်သွင်းစဥ်းစားဖို့ ဒါရင်းဘန့်အကြံပြု
ကစားသမားဟောင်းလဲဖြစ် ဘောလုံးခန့်မှန်းသူလဲဖြစ်တဲ့ ဒါရင်းဘန့်ဟာ ချဲလ်ဆီးအသင်းရဲ့ကွင်းလယ်လိုအပ်ချက်အတွက် မန်ချက်စတာယူနိုက်တက်ရဲ့ ပေါ့ဘာ ကို ခေါ်ယူဖို့အကြံပြုခဲ့ပါတယ်။ ကွင်းလယ်အားနဲမှုဖြစ်ပေါ်နေတဲ့ ချဲလ်ဆီးအတွက် ကန်တေနဲ့ တွဲဖက်ကစားနိုင်မယ့် သူအဖြစ် ၂၈ နှစ်အရွယ်ပြင်သစ်သားကို သဘောကျနေတာဖြစ်ပါတယ်။ လတ်တလောမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပေါ့ဘာကို မက်ဒရစ် ၊ အသင်းဟောင်းဂျူဗီနဲ့ ပီအက်ဂျီတို့က စောင့်ကြည့်နေကြပါတယ်။
Leave a Reply