Transfer Round Up – အပြောင်းအရွေ့အနှစ်ချုပ် (28Jan)

ဒီဘားလားကို စိတ်ဝင်စားနေတဲ့ လီဗာပူးလ်

ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်တော့မယ့်  ဂျူဗီတိုက်စစ်မှုးဒီဘာလားကို   လီဗာပူးလ်အသင်းကလဲ စိတ်ဝင်စားနေတယ်လို့ Tutto Mercato Web ကဖော်ပြလာပါတယ်။  အဆိုပါတိုက်စစ်မှုးကို  မန်စီးတီးအသင်းနဲ့  အင်တာတို့ကလဲ စောင့်ကြည့်နေတယ်လို့ သတင်းများကဆိုပါတယ်။  ဂျူဗီနဲ့  ဒီဘားလားတို့ဟာ စာချုပ်သစ်အတွက်ဆွေးနွေးဆဲဖြစ်ပြီး သဘောတူညီမှုရခဲ့ပြီဆိုတဲ့သတင်းတွေထွက်လာခဲ့ပေမယ့် လက်တွေ့မှာတော့ ညိုနှိုင်းလို့မရသေးတာလဲဖြစ်ပါတယ်။

ကူလူဆက်စကီကို ပြန်ကြိုးစားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ  ဂျူဗင်တပ်အသင်းရဲ့တောင်ပံကစားသမား ကူလက်ဆက်စကီး အတွက် အခုရက်ပိုင်းမှာပဲ ဆက်သွယ်မှုတွေထပ်မံပြုလုပ်ထားတယ်လို့ Football Italia က ဖော်ပြလာပါတယ်။ ဒီကစားသမားနဲ့  အာဆင်နယ်အကြားပြီးတဲ့နှစ် အောက်တိုဘာလလောက်တုန်းက သတင်းကြီးခဲ့ပေမယ့်  ပြန်လည်ငြိမ်သက်သွားခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာရော ဂျူဗင်တပ်စ်တို့မျှော်လင့်ထားတဲ့ အနေအထားတွေနဲ့ ချဥ်းကပ်ခဲ့ရဲ့လား ဆိုတာ အတိအကျမသိရကြောင်း အဆိုပါသတင်းများက ဖော်ပြထားပါတယ်။

အပြောင်းအရွေ့မဖြစ်မှာစိုးရိမ်နေတဲ့ လင်ဂတ်

နယူးကာဆယ်အသင်းက လင်ဂတ်ကို ရာသီကုန်ထိအငှားကြေး ပေါင် (၂.၅)သန်းအပြင်၊ တပတ်လုပ်ခလစာ ​ပေါင်(၁)သိန်းနဲ့ကမ်းလှမ်းခဲ့တယ် လို့သိရပြီး ပေါင်(၁၂)သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်လဲ ပါဝင်တယ်လို့လဲ သိရပါတယ်။ ယနေ့သတင်းအရ လင်ဂတ်၏ အပြောင်းအရွေ့နဲ့ပတ်သက်ပြီး နည်းပြရင်းနစ်ခ်အားပရိတ်သတ်တဦးက မေးမြန်းခဲ့ရာ အသင်းကနေထွက်ခွာဖို့ရှိတဲ့အကြောင်း မှတ်ချက်ပြုခဲ့တယ်လို့လဲ သိရပါတယ်။ ပထမကမ်း လှမ်းချက်ကို ယူနိူက်တက်အသင်းကပယ်ချခဲ့ပေမယ့် ယခုအခြေအနေမှာ နယူးကာဆယ်အသင်းအနေနဲ့ ခေါ်ယူခွင့်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက် တွေကို ယူနိုက်တက်အသင်းနဲ့ ပြောဆိုဆွေးနွေးနေ တယ်လို့သိရပါတယ်။ လင်ဂတ်အနေနဲ့လဲ အပြောင်းရွေ့ကာလနောက်ဆုံးရက်မတိုင်ခင်ထိ ကိစ္စတွေ မပြီးပြတ်နိုင်မှာကို စိုးရိမ်နေတယ်လို့လဲ သိရပါတယ်။

ဂျူဗင်တပ်စ်နဲ့အပြီးသတ်နိုင်ခဲ့တဲ့ ဗလာဟိုဗစ်

အာဆင်နယ်အသင်းနဲ့ သတင်းများစွာထွက်ပြီးရှုတ်ထွေးခဲ့တဲ့  ဗလာဟိုဗစ်ရဲ့အပြောင်းအရွေ့ဟာ ဒီနေ့ပဲအဆုံးသတ်ခဲ့ပြီဖြစ်ပြီး ကစားသမားဟာ တူရင်ကလပ်နဲ့ ဆေးစစ်မှုခံယူခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ ဂျူဗီဟာ အသက် ၂၁ အရွယ်ကစားသမားအတွက် ပေါင် ၇၅ သန်းပေးခဲ့ရပြီး အောင်မြင်မှုအလိုက်ထပ်မံပေးချေရမယ့် အချက်များလဲပါဝင်တယ်လို့သိရပါတယ်။ ဗလာဟိုဗစ်ဟာ ဒီရာသီမှာ  ၂၁ ပွဲကစား  ၁၇ ဂိုးသွင်းထားပြီး ဂိုးသွင်းဇယားကို လာဇီယိုရဲ့ အင်မိုဘီလီနဲ့အတူ ပူးတွဲဦးဆောင်နေတာဖြစ်ပါတယ်။

ချူမန်နီကို ဘယ်နည်းနဲ့ရရခေါ်ချင်နေတဲ့ တူချယ်

ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်ဟာ ပြင်သစ်လူငယ်ကွင်းလယ်လူ ချူမန်နီကို ဘယ်နည်းနဲရရခေါ်ယူချင်နေတယ်လို့ Marca ကဖော်ပြလာပါတယ်။  အဆိုပါကစားသမားလေးအတွက် သန်း ၈၀ နဲ့ ၁၀၀ ကြားသုံးရမှာဖြစ်ပြီး မိုနာကိုဖက်ကလည်းတန်ဖိုးမြင့်မယ့် ကစားသမားအဖြစ်ကြိုပြီးပြောထားတာရှိပါတယ်။  ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူကို  ဝါရင့်ကစားသမားနေရာ ကတ်ဆီမဲရီုးနေရာမှာအစားထိုးဖို့အတွက် ရီးရဲအသင်းကလဲ စောင့်ကြည့်နေတယ်လို့ သတင်းများကဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: