“ကျွန်တော်ကစားချင်တဲ့ နေရာတွေမှာ ကစားခွင့်မရခဲ့ပါဘူး” – ပူလီဆစ်

ခရစ္စတီယန် ပူလီဆစ်ဟာ အသင်းမှာ သူရဲ့ ရုန်းကန်နေရမှုတွေနဲ့ ပတ်သက်ပြီး “ခက်ခဲကြမ်းတမ်းခဲ့ပါတယ်” လို့ ဖွင့်ဟလာခဲ့ပါတယ်။ 

၂၀၁၉ နွေရာသီမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၅၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပူလီဆစ်ဟာ သမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံး အမေရိကန် ကစားသမားဖြစ်လာခဲ့ပါတယ်။  ဒေါ့မွန်တောင်ပံကစားသမားဟောင်းဟာ ပထမရာသီမှာ ချဲလ်ဆီးအတွက် ၁၁ဂိုးသွင်း၊၁၀ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးရာသီနှစ်ခုမှာတော့ ပူလီဆစ်ဟာ ဒီကိန်းဂဏန်းတွေကို မှီအောင်မလုပ်ပြနိုင်ခဲ့ပါဘူး။ 

ဂျာမနီမြေကနေ ပြောင်းရွှေ့လာခဲ့ပြီနောက် ဒဏ်ရာ ပြဿနာ အချို့ကို ရင်ဆိုင်ခဲ့ရတာကြောင့်လည်း ပူလီဆစ်ဟာ ရုန်းကန်ခဲ့ရပါတယ်။ တစ်ချိန်က ကမ္ဘာပေါ်မှာ အမြန်ဆုံး ကစားသမားတွေထဲ တစ်ဦးဖြစ်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်မှုအပေါ် ရိုက်ခတ်မှုရှိခဲ့တာကြောင့် အရင်လို မြန်နှုန်းမြင့်ကစားသမားတစ်ယောက်အနေနဲ့ ပြန်လည် မတွေ့မြင်ရသေးပါဘူး။ ပူလီဆစ်ကို အဓိက ဒုက္ခပေးနေတာကတော့ တံကောက်ကြော ဒဏ်ရာဖြစ်ပါတယ်။ 

ပူလီဆစ်ဟာ အသင်းမှာလည်းပုံမှန်နေရာရဖို့အတွက် အိုဒွိုင်း၊ မေဆင်မောင့်၊ ဇီယက်ခ်ျ၊ လူကာကူ၊ ဝါနာ၊ ဟာဗက်ဇ်စတဲ့ ကစားသမားများစွာနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေရတာလည်းဖြစ်ပါတယ်။ တော့တန်ဟမ်ဟော့စပါးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း ပါ၀င်ခွင့်မရခဲ့ပါဘူး။ 

ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ NBC sportsနဲ့တွေ့ဆုံမှု မှာတော့ 

ဒါဟာ အရမ်းကို ခက်ခဲကြမ်းတမ်းပါတယ်။ကျွန်တော်ကစားချင်တဲ့နေရာမှာ ဘယ်တော့မှ ကစားခွင့်မရခဲ့ပါဘူး လို့ ပူလီဆစ်က ချဲလ်ဆီးမှာ ရင်ဆိုင်နေရတဲ့ သူရဲ့အခက်အခဲကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

ဒါပေမယ့် ဒီလိုမျိုးစွယ်စုံရပြီး နေရာစုံမှာ ကစားနိုင်စွမ်းရှိတာဟာ ကောင်းမွန်တဲ့ အရည်အသွေးလို့ ကျွန်တော်ထင်ပါတယ်။ အများကြီးလည်း သင်ယူလေ့လာပြီးဖြစ်သလို နောက်လာမယ့် ပွဲစဥ်တွေမှာ‌တော့ ကျွန်တော့်အတွက် ပိုအဆင်ပြေတဲ့နေရာမှာ ကစားခွင့်ရဖို့ မျှော်လင့်ပါတယ်” 

ချဲလ်ဆီး အသင်းမှာ ကစားရတဲ့ အခြေအနေတွေကြောင့် အမေရိကန်လက်ရွေးစင်အသင်းမှာ ကစားရတဲ့အခါ အဆင်မပြေမှုတွေ ရှိလာနိုင်လားဆိုတဲ့ မေးခွန်းအပေါ်ကိုလည်း ပူလီဆစ်က ခုလိုဖြေကြားခဲ့ပါတယ်။ 

ကျွန်တော်အသင်းကို ရောက်လာတော့ အသင့်ဖြစ်နေပါပြီ။ အသင်းကို ကူညီဖို့အတွက် ကျွန်တော်ဘာမဆိုလုပ်ဖို့ အသင့်ပါပဲ။ ဒါကြောင့် အခြားဟာတွေ ကျွန်‌တော်စဉ်းစားနေမှာ မဟုတ်ပါဘူး  .. ဒီနှစ်မှာတော့ အတက်အကျ များစွာရှိခဲ့ပါတယ်။ လက်ရှိမှာ ကျွန်တော်ရှိချင်တဲ့နေရာမှာ ၊ကျွန်တော်ဖြစ်ချင်သလို အတိအကျရှိနေ ဖြစ်နေတာတော့ မဟုတ်ဘူးပေါ့  .. ကျွန်တော် ရှေ့ကို ဆက်သွားနေရမှာပါ။ဒီကို ခြေစစ်ပွဲအတွက် ရောက်လာတာဟာ ကျွန်တော့်ကို ဘာမှမထိခိုက်စေပါဘူး။ဒီမှာ ရှိနေရတာ အရမ်းစိတ်လှုပ်ရှားနေမိပါတယ် လို့ ပူဆီဆစ်က ဆိုပါတယ်။ 

ပူလီဆစ်မှာ ဒေါ့မွန်မှာ ကစားခဲ့စဉ်က Left Winger Role မှာကစားခဲ့သူဖြစ်ပါတယ်။‌ချဲလ်ဆီးမှာတော့ တူချယ်က ပူလီဆစ်ကို False 9 Role မှာ အသုံးများနေတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: