နည်းပြတူချယ်ရဲ့ ချီးကျူးစကားတွေကြောင့် ရုပ်လုံးပေါ်လာတဲ့ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့သတင်း

ဘာစီလိုနာအသင်းနဲ့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းတော့မယ့် ပြင်သစ်လက်ရွေးစင်ကစားသမား ဒမ်ဘီလီကိုခေါ်ယူဖို့ PSG အသင်းနဲ့ချဲလ်ဆီးအသင်းတို့က စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြလျှက်ရှိပါတယ်။

ပထမဆုံးအနေနဲ့ PSG အသင်းနဲ့ အပြောင်းအရွေ့သတင်းထွက်ပေါ်လာပြီးနောက် နည်း​ပြတူချယ်ရဲ့တ ပည့်ဟောင်းအပေါ် ချီးကျူးထောက်ခံမူတွေကြောင့် ချဲလ်ဆီးအသင်းနဲ့အပြောင်းအရွေ့ဟာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့သုံးသပ်ပြောဆိုလာကြတာဖြစ်ပါတယ်။

ဒေါ့မန်အသင်းမှာတုန်းက နည်းပြတူချယ်အနေနဲ့ ဒမ်ဘီလီရဲ့ တိုးတက်မူအခန်းကဏ္ဍမှာ တစ်တောင့်တစ်နေရာကကူညီပံ့ပိုးနိုင်ခဲ့ပြီး ရင်းနီးတဲ့ဆက်ဆံရေးတွေရှိတယ်လို့လဲ သိရပါတယ်။ ယင်းသတင်းများနှင့်ဆက်စပ်ပြီးမေးမြန်းမူအပေါ် တူချယ်က

သူကကောင်းမွန်တဲ့ကစားသမားတယောက်ပါ။ သူ့ကိုနည်းပြခွင့်ရခဲ့တဲ့အတွက်လဲ ဝမ်းသာမိပါတယ်။ တကယ်တမ်းက လူငယ်ကစားသမားတယောက် အောင်မြင်မူနဲ့အသားကျဖို့အတွက် သူ့ကိုကျနော် နောက်ထပ်တနှစ်လောက်ဒေါ့မန်မှာဆက်နေဖို့အကြံပေးခဲ့ပါသေးတယ်။ သူ့အနေနဲ့ ထွက်ခွာဖို့လိုတယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့် အခုလိုမျိုးဖြစ်သွားခဲ့ကြတာပါ။ အခုလောလောဆယ်တော့သူနဲ့ကျနော် ရင်းနီးတဲ့ဆက်ဆံရေးမျိုးတော့မရှိပါဘူး။ ကျနော် ပြင်သစ်မှာတုန်းကတော့ သူနဲ့အမြဲပြောဖြစ်ကြပါတယ်။ သူကနိုင်ငံအသင်းတွက် ပြင်သစ်ကိုရောက်နေတဲ့အခါမျိုးတွေမှာပေါ့။

အခုသူနဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့ ကျွန်တော့်အနေနဲ့မသင့်တော်ဘူးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့သူက တခြားအသင်းကကစားသမားတယောက်ဖြစ်နေတုန်းပါပဲ လို့ပြောဆိုထားပါတယ်။

ဒမ်ဘီလီဟာဘာစီလိုနာအသင်းနဲ့ ဒီရာသီမှာစာချုပ် သက်တမ်းကုန်ဆုံးမယ့်ကစားသမား တယောက်ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေကြောင့် အချိန်တော်တော်များဟာ အနားယူရင်းပဲ ကုန်ဆုံးခဲ့ရတယ်ဆို ပိုမှန်ပါတယ်။ ဘာကာဖက်က ကစားသမားကိုသဘောကျပေမယ့် လစာညှိမရတာကြောင့် စာချုပ်မတိုးနိုင်ခဲ့တာဖြစ်ပြီး   ၊  ကာတာလန်ကလပ်ဖက်ကလည်း အလွတ်နဲ့ပြောင်းရွေ့စေဖို့ထက် ရတဲ့စျေးနဲ့​ဇန်နဝါရီကာလမှာပဲရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ဒမ်ဘီလီအနေနဲ့ ပရိုကစားသမား တယောက်ဖြစ်တာနဲ့အညီ သူလုပ်ခလစာအတွက် တောင်းဆိုမူတွေပြုလုပ်နိုင်ပေမယ့် အခြေနေအချိန်အခါကိုနားလည်ချင့်ချိန်ပြီး လုပ်ဆောင်တာကပိုသင့်​တော်မယ်ထင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: