တဖြေးဖြေးနီးလာတဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်နဲ့ အာဆင်နယ်

ဘန်လေကို သရေခဲ့တဲ့ ပွဲစဉ်ဟာ ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရသလို အာတီတာနဲ့ အီဒူးတို့လည်း အပြောင်းအရွှေ့အတွက် ဘာတွေလုပ်နေကြတာလဲဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်ကတော့ ဘယ်သူ့အတွက်မှ လွယ်ကူတဲ့အချိန်မဟုတ်တာ အမှန်ပါပဲ။ 

တိုက်စစ်မှူးရှာပုံတော် ခရီးစဉ်ကလည်း ရွှေပြည်တော် မျှော်တိုင်းဝေးဆိုသလို ဖြစ်လာခဲ့ပါတယ်။ ဇန်နဝါရီရဲ့အဆုံးသတ်ဟာ တဖြည်းဖြည်း နီးလာခဲ့ပေမယ့် အသင်းရဲ့ အဓိက ပစ်မှတ် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားနေတာကလည်း  နတ္တိတံသွားခဲ့ပါပြီ။

တိုက်စစ်နဲ့ကွင်းလယ်အတွက် ဟိုကစားသမားခေါ်မယ်၊ ဒီကစားသမားခေါ်မယ်နဲ့ သတင်းတွေအများအပြားထွက်နေခဲ့ပေမယ့် ခုထိ အာဆင်နယ်ဂျာစီနဲ့ ကစားသမားသစ်ကို မြင်တွေ့ရ‌ခြင်းတော့ မရှိပါဘူး။ ဒီတော့ မေးစရာ တစ်ခု ရှိတာက အပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်ပြီး အီဒူးတို့အနေနဲ့ ဘာတွေလုပ်နေကြလဲ၊ ဘာတွေ အဆင်မပြေကြဘူးလဲ ဆိုတာပါပဲ။ အခုနောက်ဆုံးသတင်းအရ ဘရူနိုဂွီမာရေးစ်ကို နယူးကာဆယ်က ခေါ်ယူသွားနိုင်ခဲ့ပြန်ပါပြီ။

အသင်းမှာ ဟေးအန့်အကယ်ဒမီထွက် ကစားသမားရှစ်ဦးရှိပါတယ်။ အဲ့ဒီကစားသမားတွေထဲက ငါးဦးဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ်မှာ ကစားခွင့်မရရှိထားသလို စီနီယာအသင်းကြီးအတွက် မကစားရသေးတဲ့သူကလည်း လေးဦးရှိပါတယ်။ 

အာဖရိကဖလားနဲ့ ဒဏ်ရာပြဿနာတွေကြောင့် အသင်းမှာ ရွေးချယ်စရာ ကစားသမားနည်းပါးနေခဲ့ပြီး လက်ရှိ အသင်းရဲ့ အဓိကကစားသမားတွေကလည်း ပွဲပန်းနေကြပါပြီ။ အကယ်ဒမီက ကစားသမားတွေကို အာတီတာအနေနဲ့ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ အသုံးမပြုသေးပဲ ပွဲပန်းနေတဲ့ လူစာရင်းကိုပဲ ဆက်လက်အသုံးပြုနေခဲ့ပါတယ်။ အရေးကြီးတဲ့ ပွဲစဉ်တွေမို့ အဓိကလူစာရင်းကိုပဲ အသုံးပြုနေတယ်လို့ ဆိုနိုင်ပေမယ့် ထွက်ပေါ်လာခဲ့တဲ့ရလဒ်တွေကတော့ ပင်ပန်းနေတဲ့ လူစာရင်းကနေ ဒီလောက်ပဲ ညှစ်ထုတ်လို့ရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ 

ကစားသမားသစ်‌ ခေါ်ယူနိုင်ခြင်း မရှိသေးခင်မှာပဲ မစ်တလန့်နိုင်းစ်ကို အငှားချခဲ့တာဟာ အမှားတစ်ခုလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ ဆန္ဒကို အာတီတာအနေနဲ့ လေးစားမှုရှိခဲ့တာကြောင့် ခုလို အငှားထွက်ကစားခွင့်ပေးခဲ့တာဖြစ်ပြီး အပြစ်ဆိုဖို့ ခက်ခဲပါတယ်။ လစ်ဟာသွားတဲ့ ကစားသမားနေရာမှာ အစားထိုးဖို့ ကစားသမားရှာမတွေ့ခဲ့ရင်တော့ ဒါဟာ အမှားတစ်ခုဖြစ်လာဖို့ များပါတယ်။ 

ကစားသမား အသစ်ခေါ်ယူဖို့ ခက်ခဲနေတာကလည်း အာတီတာက ရရာကစားသမားကို ခေါ်ယူလိုက်တာထက် အသင်းကို တိုးတက်မှုဖြစ်မယ့် ကစားသမားကိုပဲ လိုချင်နေတာကြောင့် အပြောင်းအရွှေ့ကိစ္စတွေဟာ ပိုပြီး ကြာနေ‌ခဲ့တာဖြစ်ပါတယ်။ ကစားသမားအသစ်ခေါ်ယူဖို့ ငွေကြေးဟာ အာဆင်နယ်အတွက် အဓိကပြဿနာမဟုတ်ပဲ ပစ်မှတ်ကစားသမားက အခြားကလပ်အသင်းကို ပြောင်းရွှေ့ချင်တာတို့ ဒါမှမဟုတ် မိခင်ကလပ်က ကစားသမားကို လက်မလွှတ်ချင်တာတို့‌ စတဲ့ ပြဿနယများစွာ ရှိနေတာကြောင့် အီဒူးတို့ရဲ့ တိုက်စစ်မှူးရှာပုံတော်ဖွင့်ခြင်းဟာ ခက်ခဲနေခဲ့ရပါတယ်။ 

အချိန်ကလည်း သိပ်မကျန်တော့ပါဘူး။ ပရီးမီးယားလိဂ် အဆင့်လေးနေရာအတွက် တိုက်ပွဲဟာလည်း ပိုမိုပြင်းထန်လာဖို့ ရှိနေပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးမိနစ်တွေအထိ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ကြိုးစားနေမယ့် အီဒူးတို့တစ်သိုက် သတင်းကောင်းတွေ ယူလာပေးဖို့ပဲ ကျွန်‌တော်တို့မျှော်လင့်ရပါတော့မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: