ချဲလ်ဆီးရဲ့ အပြောင်းအရွေ့သတင်းအနှစ်ချုပ် ( Transfer Round Up – 23Jan)

  • ဘာစီလိုနာအသင်းအကြောင်းများ အဓိက ဖော်ပြနေတဲ့  Barca Universal ရဲ့အဆိုအရ  ချဲလ်ဆီးရဲ့  ဝါနာနဲ့ ဇီယက်ချ်အတွဲကို   ကာတာလန်ကလပ်ဟာ စောင့်ကြည့်နေဆဲလို့  သိရပါတယ်။   ဘာကာဟာ လောလောလတ်လတ် ဖာရန်းတောရက်စ်ကို ခေါ်ယူထားပေမယ့်  ဒမ်ဘီလီရဲ့ အနေအထားနဲ့  ဖာတီရဲ့ ဒဏ်ရာတို့ကြောင့် ကစားသမားအသစ်လိုအပ်ချက်ရှိနေတာဖြစ်ပါတယ်။ တီမိုဝါနာဟာ သူ့ရဲ့ စိတ်ဓါတ်ကြောင့် ပရိတ်သတ်တွေရဲ့နှစ်သက်မှုကိုရရှိနေပေမယ့်   ခြေစွမ်းအရတော့ရုန်းကန်နေရသူဖြစ်ပြီး ဇီယက်ချ်ကတော့ ပုံမှန်ခြေစွမ်းပြန်လည်ရရှိနေပါတယ်။  ချဲလ်ဆီးအသင်းဟာ  ပြိုင်ပွဲ ၄ ရပ်စလုံးမှာ အသက်ရှိနေဆဲဖြစ်တာကြောင့်  ကစားသမားတွေကိုတော့ လွယ်လွယ်ကူကူ ရောင်းထုတ်သွားဖို့မရှိပါဘူး။
  • လက်ရှိမှာ  အခွန်မပါ  တစ်ပတ် ပေါင် ၁၀၀၀၀၀ ရရှိနေတဲ့ ခရစ္စတီယန်ဆင်ဟာ သူ့ရဲ့စာချုပ်အသစ်မှာ  လစာနှစ်ဆလိုချင်နေတယ်လို့  သတင်းများကဖော်ပြနေကြပါတယ်။  အဆိုပါအသက် ၂၅ နှစ်အရွယ်နောက်ခံလူဟာ ချဲလ်ဆီးနဲ့ စာချုပ်ကိစ္စဆွေးနွေးဆဲဖြစ်ပြီး  သဘောတူညီမှုတော့မရရှိသေးတာဖြစ်ပါတယ်။ ထို့အတူ ရူဒီဂါနဲ့ စာချုပ်ကလည်းရှေ့မတိုးနိုင်သေးတာဖြစ်ပါတယ်။
  • ရာသီအကုန်မှာစာချုပ်ကုန်ဆုံးတော့မယ့်  အသင်းခေါင်းဆောင် အက်ပီလီကွယ်တာက  သူ့ရဲ့ ဆန္ဒကို အခုလိုပဲပြောပြလာခဲ့ပါတယ်။  “  ကျွန်တော် အတိအကျတော့ ဘာတစ်ခုမှမပြောနိုင်သေးပါဘူး။ ဒါပေမယ့် ဒီအသင်းမှာ အရမ်းပျော်ပါတယ်။ ကစားပွဲတွေမှာစိတ်နှစ်ထားပြီး ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခုဖြစ်အောင်ကြိုးစားသွားမယ်လို့ ပဲ ဆုံးဖြတ်ထားပါတယ် “  ဆိုပြီး ပြောဆိုလာပါတယ်။
  • တစ်ချိန်က  လာလီဂါမှာကစားလိုတယ်လို့  ဖွင့်ဟဖူးတဲ့ မာကိုအလွန်ဆိုဟာ အက်သလက်တီကို မက်ဒရစ်နဲ့ချိတ်ဆက်နေတယ်ဆိုပြီး သတင်းတွေထွက်လာနေပါတယ်။  အဆိုပါ  ၃၁ နှစ်သားကို ဘန့်ချေးဝဲလ်နေရောအတွက် တူချယ်က အားကိုးနေရတာဖြစ်ပါတယ်။ ဒါပေမယ့် စပိန်သားရဲ့ စွမ်းဆောင်ရည်အတက်အကျတွေကြောင့် လုံလောက်တဲ့အားကိုးအားထားကိုတော့ မပြုနိုင်သေးပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: