ဒါဘီအတွက်အာရုံစိုက်မယ့် ရွန်နီ ၊ စီးရီးအေမှာ သက်သေပြဖို့လိုနေသေးတဲ့ မော်ရင်ဟိုနဲ့  အဲဗာတန်ရဲ့ နည်းပြသစ်ရှာပုံတော်

အဲဗာတန်အသင်းဟာ ဘန်နီတက်ဇ် နဲ့လမ်းခွဲပြီးနောက်  သင့်တော်မယ့် နည်းပြရှာပုံတော်ဖွင့်ရာမှာ တချိန်က ပရီးမီးယားလိဂ် အသင်းတွေမှာ ကျင်လည်ခဲ့ဖူးပြီး၊ အောင်မြင်မူတွေ ရယူနိုင်ခဲ့တဲ့ နည်းပြ ဟိုဆေးမော်ရင်ဟိုလည်း လျာထားစာရင်းထဲမှာ ပါဝင်နေတယ်လို့သိရပါတယ်။ သူနဲ့အတူ ဒါဘီနည်းပြ ဝိန်းရွန်းနီ၊ ချဲလ်ဆီးအသင်းနည်းပြဟောင်း လမ်းပတ်တို့ အပြင် ယခင်နည်းပြဟောင်းဖြစ်ခဲ့ဖူးတဲ့ လက်ရှိဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ မာတီနက်ဇ် တို့ကို ပစ်မှတ်ထားတယ်လို့ သတင်းများက ဆိုပါတယ်။ အဆိုပါနည်းပြတွေထဲမှာ ဒါဘီနည်းပြရွန်းနီနဲ့ ဟိုဆေးမော်ရင်ဟို တို့က ဒီသတင်းတွေနဲ့ပတ်သက်ပြီး ငြင်းဆိုထားကြပါတယ်။

အဲဗာတန်အသင်းရဲ့ကစားသမားဟောင်းတယောက်ဖြစ်ခဲ့ဖူးတဲ့ ရွန်းနီက သူ့အနေနဲ့ယခုအခြေနေမှာ ဒါဘီအသင်းအတွက်သာအာရုံစိုက်ထားကြောင်းနဲ့ အသင်းခက်ခဲနေချိန်မှာ မထားခဲ့ချင်သေးကြောင်း ၊  ဒါဟာ အသင်းအပေါ်ကိုလည်းမလေးစားရာရောက်သလို သူ့အတွက်လည်း သင်ယူဖို့အများကြီးလိုအပ်သေးကြောင်း ၊ အဆင့်မြင့်တန်းက ဖိအားတွေရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးကြောင်းကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါဘီအသင်းဟာ ချန်ပီယံရှစ်က တန်းမဆင်းရရေးအတွက် အသည်းသန်ကြိုးစားနေရတဲ့အသင်းတသင်းဖြစ်ပြီး ပိုင်ရှင်တွေရဲ့ရာသီအစမှာ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီးအလွဲသုံးစားလုပ်ခဲ့တာကြောင့် အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရတဲ့နောက် တန်းဆင်းဇုန်ထဲရောက်သွားခဲ့ရတာလဲဖြစ်ပါတယ်။ အခုတော့ နိုင်ပွဲတွေပြန်လည်ရရှိစပြုလာပြီး အသင်းတန်းဆင်းဇုန်ကလွတ်ဖို့ရွန်းနီတယောက် အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေတာတွေဟာ အခြားကလပ်အသင်းတွေက အာရုံစိုက်လာရတဲ့ အထိပါဘဲ။

မော်ရင်ဟိုအနေနဲ့ကလည်း စီးရီးအေမှာ ထိပ်တန်းပြန်ရောက်ဖို့ တဝဲဝဲလည်ဖြစ်နေတဲ့ ရိုးမားအသင်းအတွက် အကောင်းကြီးမဟုတ်ပေမယ့် အတိုင်းအတာတစ်ခုထိစွမ်းဆောင်ပေးထားပြီး အသင်းက နောက်တဆင့်တက်လှမ်းနိုင်ဖို့ အလားအလာ ကောင်းတွေပိုင်ဆိုင်ထားပါတယ်။ ရိုးမားဟာ ဒီရာသီစီးရီးအေမှာ (၂၂)ပွဲကစားထား ပြီး (၁၁)ပွဲနိုင်၊ (၉)ပွဲရှံးကာ၊ ၂ပွဲသရေထွက် ပေါ်ထားပါတယ်။ အဆင့်အနေနဲ့ (၇)နေရာမှာ ရပ်တည်ထားနိုင်ပြီး ထိပ်ဆုံးလေးသင်းနေရာကိုဝင်ခွင့်ရဖို့အတွက် ဖြစ်နိုင်တဲ့အခွင့်ရေးတွေရှိနေပါသေးတယ်။

မော်ရင်ဟို က အဲဗာတန်အသင်းရာထူးနဲ့သတင်းထွက်ရှိနေမူအပေါ် အီတလီမှာပျော်နေကြောင်းနဲ့ ရိုးမားအသင်းအတွက် ခြောက်လတာအတွင်းမှာ သူရဲ့လုပ်ဆောင်မူတွေ နဲ့အရည်အချင်းတွေကိုသက်သေပြဖို့မလုံလောက် သေးကြောင်းပြောကြားရင်းငြင်းဆိုခဲ့ပါတယ်။  ဒါ့အပြင်ထုံးစံမပျက်  “ အလယ်အလတ်အသင်းကို ကိုင်ချင်ရင် မန်ယူအသင်းကိုသာ ပြန်ကိုင်မယ်  “  ဆိုပြီးခနဲ့ထားပါသေးတယ်။

အဲဗာတန်အသင်းဟာ ယာယီနည်းပြအဖြစ် အသင်း ရဲ့လက်ထောက်နည်းပြဖာဂူဆန်ကိုတာဝန်​ပေးထားပြီး ရေရှည်အတွက် နည်းပြတဦးကို ရှာဖွေဆဲဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: