ဘရိုက်တန်ကို (၁-၁)ဂိုး ရလဒ်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်ပြီးနောက်မှာတော့ တူချယ်က အသင်းဟာ ပွဲပန်းနေပြီး နားရက်အချို့ လိုနေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ကြားပွဲတွေ ကစားရတာနဲ့ ပတ်သက်ပြီး တူချယ်ဟာ အသင်းပွဲပန်းမှာ စိတ်ပူနေခဲ့သလို ပွဲစဉ်အချိန်ဇယားတွေ ရေးဆွဲထားပုံကိုလည်း နားမလည်ကြောင်း ပြောခဲ့ဖူးပါတယ်။ ဘရိုက်တန်နဲ့ပွဲမတိုင်မီမှာ တူချယ်ပြောခဲ့ဖူးတာကတော့
“ပွဲစဉ်အချိန်ဇယားဟာ တကယ်ကို နားလည်ရခက်ပါတယ်။ မန်စီးတီးနဲ့ ပွဲစဉ်ကိုတော့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမယ့် ဒီပွဲစဉ်ပြီးတာနဲ့ အဝေးကွင်း သုံးပွဲဆက် ကစားရဖို့ ရှိနေတယ်ဗျာ။တနင်္ဂနွေနေ့မှာလည်း ကစားရဖို့ ရှိနေတယ်။ အင်္ဂါနေ့မှာ ကစားဖို့ မလိုအပ်ဘူးလို့ ထင်ပါတယ်”
“ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ပွဲစဉ်ကို သောကြာနေ့မှာ ကစားခဲ့ရတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ထက်နားချိန်ပိုရထားခဲ့ပြီး အားသာချက်ရထားခဲ့ပါတယ်။ဒီလိုမျိုး မမျှတတဲ့ အချိန်စာရင်းကို ကျွန်တော်တို့ ပိုင်ဆိုင်ထားရပါတယ်”
“စနေ့နေ့မှာ ကစားခဲ့ရပြီး အင်္ဂါနေ့မှာ ထပ်ကစားရတာမျိုး ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ အရင်ကလည်း လုပ်ခဲ့ဖူးပါတယ်။ဒါပေမယ့် ပြင်ဆင်ဖို့ အချိန်ပိုရမယ်ဆို ကျွန်တော်တို့ဟာ ကစားပွဲတွေကို ပိုပြီး အာရုံစိုက်နိုင်မှာပါ”
ပွဲအပြီးမှာတော့ တူချယ်က အသင်းဟာ စိတ်ရော ကိုယ်ပါ ပင်ပန်းနေပြီဖြစ်တယ်လို့ ရှင်းပြလာခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ ပင်ပန်းနေပုံပေါ်ပြီး တကယ်လည်း ပင်ပန်းနေခဲ့ပါတယ်။ ဘရိုက်တန်ဟာ ကောင်းကောင်း ပြင်ဆင်လာခဲ့တာဖြစ်ပါတယ။သူတို့ဟာ ပြင်ဆင်ဖို့အတွက် အချိန်ပိုရခဲ့သလို ပွဲပြီးဆုံးချိန်မှာ အနိုင်ရသလို အောင်ပွဲခံခဲ့ကြတာ ခင်ဗျားတို့ တွေ့နိုင်ပါတယ်။ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် အသင်းဟာ စိတ်ရော ကိုယ်ပါ ပင်ပန်းနေတာကို ခင်ဗျားတို့ တွေ့နိုင်တာပဲ”
“ကျွန်တော်တို့ နားရက်အချို့ လိုနေပါပြီ။ ကောင်လေးတွေ နားဖို့ လိုနေပါပြီ၊ အခြား အဖြေ မရှိပါဘူး။”
“ဘရိုက်တန်ကို မိနစ်ကိုးဆယ်လုံး ထိန်းချုပ်ကစားနိုင်တဲ့ အသင်း အများကြီး ကျွန်တော်မတွေ့ဖူးပါဘူး။သူတို့ဟာ ရဲရဲရင့်ရင့်ကစားခဲ့ပြီး ဂိုးရဖို့အတွက် ပြိုင်ဘက်ဂိုးဧရိယာထဲကို ပြေး၀င်လာကြပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ပါတယ်။နောက်ထပ်ဂိုးတစ်ဂိုးသာ ထပ်သွင်းယူနိုင်ခဲ့ရင်တော့ ကျွန်တော်တို့ အနိုင်ရနိုင်ပါတယ်။ဒါပေမယ့် ကောင်လေးတွေ မလုပ်နိုင်ခဲ့ဘူး။ဘာကြောင့်လဲဆိုတာ ကျွန်တော်ကောင်းကောင်း သိပါတယ်၊ဂိုးသွင်းနိုင်တာတောင် သူတို့ရဲ့ တုံ့ပြန်ပုံကို ကြည့်ပြီး ပင်ပန်းနေတယ်ဆိုတာ သိသာပါတယ်။ ဒါက ယခုလက်ရှိမှာ အသင်းနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ခံစားချက်ပါပဲ”
ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်မှန်းခွင့် မရှိတော့တာကြောင့် စိတ်ဆိုးနေကြတဲ့ ပရိသတ်တွေကတော့ တူချယ်ရဲ့ စကားတွေကို သဘောကျမယ့်ပုံ မပေါ်ပါဘူး။တူချယ်အနေနဲ့လည်း ဒဏ်ရာပြဿနာ၊ ပွဲပန်းနေမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာတော့ အမှန်ပဲ ဖြစ်ပါတယ်။
Leave a Reply