အငှားချနောက်ခံလူကို ပြန်ခေါ်မယ့် ချဲလ်ဆီး
Birmingham Live အစီအစဥ်နဲ့ မေးမြန်းခန်းမှာ ချဲလ်ဆီးအသင်းဟာ အငှားချထားတဲ့ လူငယ်နောက်ခံလူ ဂျူအန် ကတ်စတီလိုကို ပြန်လည်ခေါ်ယူသွားဖို့ရှိနေတယ် လို့ နည်းပြ လီဘောင်ယာက အတည်ပြုပေးသွားခဲ့ပါတယ်။ အသက် ၂၂ အရွယ်ကစားသမားလေးဟာ ပွဲထွက်ခွင့်နည်းပါးနေတာကြောင့် ပြန်လည်ခေါ်ယူတာဖြစ်နိုင်သလို နောက်တန်းအားဖြည့်ဖို့အတွက်လည်းဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ လတ်တလောမှာလဲ ကတ်စတီလိုဟာ ကိုဗစ်ကူးစက်ခံထားရတယ်လို့ ဘောင်ယာကပြောသွားခဲ့ပါတယ်။
ကာဇာဝါအတွက် ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီဆွေးနွေး
ချဲလ်ဆီးအသင်းဟာ တူချယ်ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ PSG က ကာဇာဝါကိုခေါ်ယူဖို့အတွက် စတင်ဆွေးနွေးနေကြပြီဖြစ်တယ်လို့ RMC Sport က ဖော်ပြသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အငှားချထားတဲ့ လိုင်ယွန်က အီမာဆင် ကို စာချုပ်သက်တမ်းတစ်ဝက်မှာပြန်လည်ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက်အခုလို ကာဇာဝါကိုကြိုးစားလာခဲ့တာလို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ နည်းပြ ပိုချက်တီနိုရဲ့လက်အောက်မှာ တစ်ပွဲသာကစားရသေးပြီး အသင်းရဲ့အစီအစဥ်တွေမှာလဲ မပါဝင်တော့ဘူးလို့ သုံးသပ်ထားကြပါတယ်။
ချဲလ်ဆီးဟာ ဘန်လေနဲ့အဲဗာတန်လောက်တောင် မကောင်းခဲ့ဘူးလို့ ကစားသမားဟောင်းကဝေဖန်
ESPN ရဲ့ Pundit တစ်ယောက်ဖြစ်တဲ့ ချဲလ်ဆီးကစားသမားဟောင်း ဘာလေက မန်စီးတီးနဲ့ပွဲတုန်းက စွမ်းဆောင်ရည်ကို အခုလိုပဲပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
“ ချဲလ်ဆီးလိုမျိုး အလွန်စျေးကြီးတဲ့ကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့အသင်းတစ်သင်းဟာ .. နိုင်ပွဲလဲလိုအပ်နေတယ် ၊ အနီးဆုံးပြိုင်ဖက်ကိုလဲရင်ဆိုင်ရတယ် ဆိုတဲ့အခြေအနေမျိုးမှာ ဘန်လေ ၊ အဲဗာတန်တို့လောက်တောင် ပြိုင်ဖက် မန်စီးတီးကို မခြိမ်းခြောက်နိုင်ခဲ့ဘူးဆိုတာ သိပ်ကိုရှက်စရာကောင်းပါတယ် “ ဆိုပြီး ပြောဆိုသွားခဲ့တာပါ။
ဘရိုဂျာကို နောက်ရာသီမှာ နေရာပေးဖွယ်ရှိတဲ့ တူချယ်
The Guardian သတင်းစာရဲ့ဖော်ပြချက်အရ တူချယ်ဟာ အငှားချလူငယ်ကစားသမား အာမန်ဒိုဘရိုဂျာကို လာမယ့်ရာသီမှာ ပထမကစားသမားနေရာကိုပေးဖွယ်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ အသက် ၂၀ အရွယ်တိုက်စစ်မှုးလေးဟာ ခြေစွမ်းရော ၊ သွင်းဂိုးများနဲ့ပါ သူ့ရဲ့အစွမ်းအစကို သက်သေပြနေပြီး ၊ စိန့်တို့ဖက်ကလည်းအပြီးသတ်ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနေပါတယ်။
စာချုပ်သစ်မချုပ်ရသေးတာကြောင့် အသင်းကြီးတိုင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့နောက်ခံလူ
Calciomercato ရဲ့ဖော်ပြချက်အရ အက်သလက်တီကိုမက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ချဲလ်ဆီးရဲ့ နောက်ခံလူ ခရစ္စတီယန်ဆင်ကို ခေါ်ယူဖို့ ကြိုးစားကြဖွယ်ရှိတယ်လို့ သိရပါတယ်။ ကစားသမားဟာ ချဲလ်ဆီးနဲ့ စာချုပ်သစ်မချုပ်ဆိုရသေးပေမယ့် အသင်းရဲ့ အဓိက ကစားသမားတော့ဖြစ်နေဆဲပါပဲ။ ထိပ်တန်းကလပ်အသင်းများနဲ့အတူ အေစီမီလန်အသင်းကလဲ ဘော့စမန်စဥ်းမျဥ်းကိုအသုံးချပြီး ကစားသမားကိုခေါ်ယူဖို့ကြိုးစားနေတယ်လို့ သတင်းတွေကဆိုပါတယ်။
Leave a Reply