အသင်းပြောင်းပြီဖြစ်တဲ့ ချဲလ်ဆီးအကယ်ဒမီကစားသမား
၂၀၁၄ ခုနှစ်ကစလို့ အသင်းပေါင်းများစွာမှာ အငှားသွားရောက်ကစားရင်းအချိန်ကုန်ဆုံးခဲ့တဲ့ ချဲလ်ဆီးအကယ်ဒမီကွင်းလယ်လူ လူးဝစ် ဘိတ်ကာ ဟာ ဇန်နဝါရီလမှာတော့ စတုတ်စီးတီးအသင်းကို ၂နှစ်ခွဲသက်တမ်းရှိစာချုပ်တစ်ရပ်နဲ့ အပြီးသတ်ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ စတုတ်စီးတီးနည်းပြ မိုက်ကယ်အိုနီးလ် ကတော့ ဘိတ်ကာ အနေနဲ့အသင်းသစ်တစ်သင်းမှာ အခြေချဖို့အသင့်ဖြစ်နေပြီမို့ ပြောင်းရွေ့လာတာဖြစ်ကြောင်း သတင်းဌာနများကိုဖြေကြားခဲ့ပါတယ်။ ဘိတ်ကာဟာ နယ်သာလန် ၊ တူရကီ နဲ့ အဂ်လန်ပထမတန်းအသင်းများစွာမှာ အငှားကစားရင်း ပွဲပေါင်း ၂၀၀ နီးပါးမှာ ဂိုးပေါင်း ၃၀ အထိသွင်းယူခဲ့ပြီးဖြစ်ပါတယ်။
အန်ဒါလက်ချ်ကစားသမားကို ချဲလ်ဆီးစိတ်ဝင်စားနေ
ချဲလ်ဆီးတို့ဟာ အန်ဒါလက်ချ်အသင်းရဲ့ အသက် ၂၁ နှစ်အရွယ်ကွင်းလယ်လူ ဆာဂျီယိုဂိုမက်ဇ် ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ Team Talk ကဖော်ပြသွားပါတယ်။ အစွန်နောက်ခံလူအဖြစ်လဲကစားနိုင်တဲ့ စပိန်လူငယ်လေးဟာ ဒီရာသီမှာ ၂၈ ပွဲကစား ၊ ၆ ဂိုးသွင်းပြီး ၁၃ ကြိမ်ဖန်တီးထားနိုင်သူလဲဖြစ်ပါတယ်။ ကစားသမားကို ဇန်နဝါရီမှာခေါ်ယူဖို့အတွက်ကတော့ ခက်ခဲမှာဖြစ်တယ်လို့ သိရပါတယ်။
ဂျော်ဂျင်ဟိုကိုပဲ ပင်နယ်တီကန်ခိုင်းပြီး အနိုင်ရဖို့ မဖြစ်နိုင်ဘူးလို့ တူချယ်ပြော
မန်စီးတီးကိုရှုံးနိမ့်ခဲ့တဲ့ပွဲကစွမ်းဆောင်ရည်ကို တူချယ်က စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အခုလိုပဲ ငြီးတွားသွားခဲ့ပါတယ်။
“ ပထမပိုင်းမှာ တိုက်စစ်ဆင်မှုတွေဟာ မကောင်းခဲ့ပါဘူး။ ဘောလုံးတွေအများကြီးပျက်တယ်။ နေရာယူတွေလွဲတယ်။ တန်ပြန်တိုက်စစ်တွေက ချိန်သားမကိုက်ခဲ့ဘူး။ ဒီလိုအဆင့်မှာ ဒီလောက်စွမ်းဆောင်ရည်နဲ့ ကစားလို့မရပါဘူး။ ဂျော်ဂျင်ဟိုကို ပွဲတိုင်းပင်နယ်တီတွေကန်ခိုင်းနေလို့မဖြစ်ပါဘူး။ ဒါက ရှင်းရှင်းလေးပါ “ လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။
ပယ်ရီဆစ်ကို ချဲလ်ဆီးကြိုးစားဖွယ်ရှိ
အင်တာမီလန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ပယ်ရီဆစ်ကို ချဲလ်ဆီးတို့က စိတ်ဝင်စားနေတယ်လို့ Mirror UK ကဖော်ပြလာပါတယ်။ အဆိုပါ အသက် ၃၂ နှစ်အရွယ် ခရိုအေးရှားကစားသမားဟာ စာချုပ် ၆ လသာကျန်ခဲ့တာဖြစ်လို့ ရာသီကုန်မှာ အလွတ်နဲ့ လက်လွှတ်ရမယ့်အစား တစ်စုံတစ်ခုပြုလုပ်ဖို့ အင်တာအသင်းအနေနဲ့ကြိုးပမ်းမှာဖြစ်တယ်လို့လဲ ဆိုပါတယ်။ အာဆင်နယ်နဲ့စပါးအသင်းတို့ ကလည်း စိတ်ဝင်စားဟန်ပြကြပေမဘ့် ချဲလ်ဆီးအနေနဲ့ လန်ဒန်ပြိုင်ဖက်တွေကို အသာစီးယူနိုင်ဖို့များတယ်လို့လဲ ဖော်ပြထားပါတယ်။
အလွန်ဆိုကို ပရိတ်သတ်တွေစိတ်ပျက်နေကြ
မန်စီးတီးနဲ့ပွဲစဥ်မှာ စတာလင်ကို မထိန်းနိုင်ခဲ့တဲ့ အလွန်ဆိုရဲ့ စွမ်းဆောင်မှုကို ပရိတ်သတ်တွေက တော်တော်လေးစိတ်ပျက်နေကြတယ်လို့ 101 Greatest Goals က ရေးသားလားပါတယ်။ အလွန်ဆိုရဲ့ စွမ်းဆောင်ရည်ဟာ တော်တော်လေး ပျက်ယွင်းနေခဲ့ပြီး လူငယ်ဖြစ်တဲ့ မာလန်ဆားရ်ကတောင် သူ့ရဲ့အခြမ်းကိုဝင်ကူနေခဲ့ရတာဖြစ်ပါတယ်။
Leave a Reply