လင်ဂတ်ဟာ ခေတ်သစ်ယူနိုက်တက်ရဲ့ အမှတ်တံဆိပ်ကွင်းလယ်တိုက်စစ်သမားဖြစ်တဲ့အပြင် လိုအပ်တဲ့နေရာကနေ ကူညီပံ့ပိုး နိုင်တဲ့ကစားသမားတစ်ဦးလဲ ဖြစ်တဲ့ ၊ အသင်းကို ချစ်တဲ့ အကယ်ဒမီထွက်ကစားသမားတဦးလဲ ဖြစ်ပါတယ်။ ဘယ်နည်းပြနဲ့မဆိုအဆင်ပြေတဲ့ကစားသမားဆိုပြီး Meme တွေတောင် ထွက်ခဲ့ပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာတော့ သူနဲ့ မန်ချက်စတာမြို့ကြားမှာ နှုတ်ဆက်ချိန်နီးပြီလားလို့ မေးခွန်းထုတ်ချင်စရာပါ။
နည်းပြမော်ရင်ဟိုလက်ထက်မှာအကောင်းဆုံး ခြေစွမ်းတွေရခဲ့ပြီး အရေးပါတဲ့ ကစားသမားတဦးအဖြစ်ပါဝင်ကစားခွင့်ရခဲ့တယ်ဆိုပေမယ့် နည်းပြဆိုးလ်ရှားလက်ထက်မှာတော့ ပွဲထွက်ခွင့်နည်းပါးပြီး ဝေဖန်ခံရတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်ရေးပြဿနာတွေကြောင့် ကွင်းတွင်း ခြေစွမ်းပိုင်းမှာ သိသိသာသာ ကျဆင်းလာတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါက အားလုံးရဲ့မြစ်ဖြားခံရာ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။
အဲ့ဒီအချိန်မှာဘဲ ဝက်ဟမ်းအသင်းကိုရာသီဝက်အငှားသွားရောက်ကစားခဲ့ပြီး ယူနိုက်တက်နည်းပြ ဟောင်းမိုယက်စ်လက်အောက်မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ အားလုံးအံ့သြရတဲ့အရည်အသွေးတွေနဲ့အတူ လင်ဂတ်ပြန်လာပြီဆိုပြီး ကြွေးကြော်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အသင်းကိုပြန်လည်ရောက်ရှ်ိလာတဲအချိန်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက်အာမခံချက်တစုံ တရာ မရတာ ကြောင့် ကစားသမားဘဝအကောင်းဆုံးအရွယ်တခု ဖြစ်တဲ့ (၂၉)နှစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရတဲ့အ သင်းတသင်းကိုပြောင်းရွေ့လိုနေတယ်လို့သိရပါတယ်။
အစောပိုင်းအခြေနေမှာ ဝက်စ်ဟမ်းအသင်း က အပြီးခေါ်ယူဖို့သတင်းတွေထွက်လာပေမယ့်လဲ လင်ဂတ်ရဲ့ လစာကို ပေးချေဖို့ခက်ခဲတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် နောက်ပိုင်းမှာ အသံတိတ်သွားခဲ့ပါတယ်။ ရာသီကုန်ရင်စာချုပ်သက်တမ်းကုန်ဆုံးမယ့် လင်ဂတ်ဟာ အခုအပြောင်းရွေ့မှာပဲ သွား ချင်တဲ့ကလပ်အသင်းတချို့နဲ့ ဆွေးနွေးလိုလျှင်ဆွေးနွေး နေနိုင်ပြီဖြစ်ပါတယ်။
နောက်ဆုံးသတင်းများအရ စပါးနည်းပြကွန်တီကတော့ အသင်းရဲ့ကစားသမား ဘာ့ဂျ်ဝန် နေရာမှာ အစားထိုးဖို့ လင်ဂတ်ကိုခေါ်ယူလိုတယ်ဆိုတဲ့ သတင်းတွေကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။ ကစားသမားဖက်ကလဲရာ သီကုန်ရင်ထွက်ခွာမှာဖြစ်ကြောင်း မိသားစုဝင်တွေ ကို အသိပေးထားပြီဖြစ်တယ်လို့သိရပါတယ်။
လင်ဂတ်ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၂၃ ပွဲကစားထားပြီး သွင်းဂိုး ၃၅ဂိုးနဲ့ ဂိုးဖန်တီး မူ ၂၂ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
လင်ဂတ်လိုပဲ နောက်ခံလူ ဘိုင်ယီကလဲ အသင်းကထွက်ခွာဖို့ရှိနေပြီး အေစီမီလန်အသင်းက ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။
Leave a Reply