နံနက်ခင်း ချဲလ်ဆီးသတင်းမှတ်စု (12 Jan)

ကိုဗာဆစ် ကစားတာကို အနီးကပ်မြင်ခဲ့ရတဲ့အတွေ့အကြုံကို မျှဝေသွားတဲ့ ချက်စတာဖီး ကစားသမား

ချက်စတာဖီးလ် အသင်းရဲ့ကစားသမား အိုယာလေကီ က ကိုဗာဆစ်နဲ့ရင်ဆိုင်ခဲ့ရတဲ့သူ့ရဲ့အတွေ့အကြုံကို အခုလိုပဲပြောပြခဲ့ပါတယ်။  “ ကျွန်တော့်တာဝန်က သူ့ကိုတားဆီးဖို့ဖြစ်လာခဲ့ပါတယ်။  သူကတကယ်ကိုကောင်းလွန်းပါတယ်။  သူက တန်ပြန်တိုက်စစ်မှာသိပ်မြန်ပါတယ်။ အပေးအယူနဲနဲလုပ်တယ်။ ပြီးရင် လိုအပ်သလောက်ပြေးတယ်။ ကစားတာက သိပ်ကို တိကျပါတယ်။  သူ့ကိုတားဆီးရတဲ့သူအနေနဲ့တော့ မလွယ်ပေမယ့် သူကစားတာကိုအနီးကပ်ကြည့်နေရတာတော့ သိပ်ကောင်းတာပဲဗျာ.. No Look Pass အချို့လဲပြုလုပ်သွားခဲ့တယ်။ မက်တီယိုဟာ အဆင့်မြင့်ကစားသမားဆိုတာကို နားလည်သွားစေတဲ့ကစားသမားဖြစ်ပါတယ်  “ လို့ သူ့ရဲ့အတွေ့အကြုံကို ဝေမျှသွားခဲ့ပါတယ်။

အသင်းဆီခနပြန်လာတဲ့ ဘီလီဂေးလ်မား

နောဝစ်ချ်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့လူငယ်လေး ဘီလီဂေးမားလ် ဟာ  ဒဏ်ရာကို စစ်ဆေးဖို့အတွက် အသင်းထံပြန်လည်ရောက်ရှိလာတယ်လို့သိရပါတယ်။ ချဲလ်ဆီးဟာ ကစားသမားကို နောဝစ်ချ်ဆီပြန်မလွှတ်ခင်မှာ လိုအပ်တာတွေအကုန်စစ်ဆေးသွားမှာဖြစ်တယ်လို့လဲဆိုပါတယ်။ နောဝစ်ချ် နည်းပြ ဒင်းစမစ်ကတော့  ဂေးမားလ်ဟာ သူ့ရဲ့မိခင်အသင်းမှာ စစ်ဆေးမှုတွေပြုလုပ်ပြီးစီးတာနဲ့ အသင်းဆီပြန်လာမှာဖြစ်တယ်လို့  အတည်ပြုပေးထားပါတယ်။

ဒမ်ဘီလီကို တူချယ်စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်

ဘာစီလိုနာအသင်းနဲ့စာချုပ်သစ်ညှိနှိုင်းမှုအဆင်မပြေတော့တဲ့  ဒေါ့မွန်ကစားသမားဟောင်း ဒမ်ဘီလီကို ခေါ်ယူဖို့ တူချယ်က စိတ်ဝင်စားနေတယ်လို့ သတင်းတွေကဖော်ပြလာပါတယ်။ ကစားသမားကလည်း  တူချယ်နဲ့ကစားချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ထရာအိုရေးနဲ့သတင်းထွက်လို့ ပရိတ်သတ်တွေစိတ်လှုပ်ရှားနေကြ

ချဲလ်ဆီးအသင်းဟာ  ဝုဖ်တို့ရဲ့ အက်ဒမာ ထရာအိုရေးကို ချိတ်ဆက်နေတယ်  ဆိုတဲ့သတင်းထွက်ပေါ်လာအပြီးမှာ ပရိတ်သတ်တွေဟာ  အလွန်စိတ်လှုပ်ရှားနေကြတယ်လို့  The Chelsea Chronicle ကဖော်ပြလာပါတယ်။ အဆိုပါသတင်းကို  သတင်းထောက် ဒန်ဂျုန်းစ် ကဖော်ပြခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်သားအတွက် စပါးအသင်းနဲ့အပြိုင်ကြိုးပမ်းနေတာဖြစ်တယ်လို့ သိရပါတယ်။

ဘရိုဂျာကို အရခေါ်မယ်ဆိုတဲ့  စိန့်နည်းပြ

စိန့်နည်ပြ ဟာဆန်ဟော့ ဟာ  ချဲလ်ဆီးကနေ အငှားနဲ့ခေါ်ယူထားတဲ့ ဘရိုဂျာကို အပြီးသတ်ခေါ်ယူဖို့အတွက် အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။  ၅ ဂိုးသွင်းပေးထားတဲ့ တိုက်စစ်မှုးနဲ့ပတ်သတ်ပြီး သူက အခုလိုပဲဆိုခဲ့ပါတယ်။  “ သူဒီမှာပျော်နေပါတယ်။ နောက်ပြီး အသင်းကိုလဲ ချစ်ပါတယ်။  ဘရိုဂျာသာ အသင်းရဲ့ အပိုင်ကစားသမားတစ်ယောက်ဖြစ်ရင် သိပ်ကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူလဲ ဒီမှနေချင်မှာပါ။ ဒါကို ခင်ဗျားလဲခံစားမိမှာပေါ့ ၊ ပရိတ်သတ်တွေကလဲ သူ့ကိုသိပ်သဘောကျ ကြပါတယ် “  လို့ဆိုခဲ့တာဖြစ်ပါတယ်။

ကန်တေနဲ့ ဆေးလ်ဗား  လေ့ကျင့်ရေးပြန်ဆင်းနေ

ကန်တေနဲ့ သီယာဂိုဆေးဗားတို့ဟာ လေ့ကျင့်ရေးပြန်ဆင်းနေကြပြီဖြစ်လို့ စပါးအသင်းနဲ့  EFL ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကစားမယ့်ပွဲမှာ  ပါဝင်နိုင်ကြဖွယ်ရှိနေပါတယ်။  အသင်းရဲ့ စာမျက်နှာကနေ  ကန်တေ ရဲ့လေ့ကျင့်ခန်းဆင်းနေတဲ့ပုံကိုဖော်ပြခဲ့ပြီး ၊  သီယာဂိုဆေးဗားကတော့ သူ့ရဲ့ကိုယ်ပိုင်အကောင့်ကနေ သူပြန်ကစားဖို့အသင့်ရှိနေပြီဆိုပြီးဖော်ပြလာတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: