ချဲလ်ဆီးဟာ ဝူဗာဟန်တန် ကစားသမား အက်ဒမာထရာအိုရေးကို ခေါ်ယူဖို့အတွက် ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ဒီသတင်းအပေါ် ပရိသတ်တွေက
အတော်လေး စိတ်၀င်စားလျက်ရှိပြီး Twitterမှာ ဒီအကြောင်းအရာကို ပြောဆိုနေကြပါတယ်။
၂၅နှစ်အရွယ် ဝူဗာဟန်တန်ကစားသမားကို ခေါ်ယူဖို့ ချဲလ်ဆီးဟာ လန်ဒန်မြို့ခံပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးနဲ့ အပြိုင်ကြိုးစားရဖွယ်ရှိနေပါတယ်။ထရာအိုရေးဟာ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ထရာအိုရေးဟာ သူ့ရဲ့ ကြံ့ခိုင်မှု၊ ရုန်းအားတိုးအားတွေကြောင့် စိတ်၀င်စားဖို့ကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် အဆုံးသတ်မှာ ဂိုးသွင်းယူနိုင်တာမျိုး ဒါမှမဟုတ် ဂိုးဖန်တီးနိုင်တာမျိုး မရှိတာက အားနည်းချက်တစ်ခုဖြစ်နေတာ ဖြစ်ပါတယ်။ လက်ရှိရာသီမှာ ဝူဗာဟန်တန်အတွက် ၂၁ပွဲ ကစားပြီးချိန်မှာ တစ်ဂိုးမှ မသွင်းနိုင်သေးသလို တစ်ဂိုးမှလည်း ဖန်တီးမှု မပြုလုပ်နိုင်သေးပါဘူး။ (ကစားသမားဘဝတစ်လျှောက်မှာတော့ ပွဲပေါင်း ၃၀၀ ကျော်ကစားထားပြီး ၂၅ ဂိုးသွင်းထားနိုင်ပါတယ်)
ဒါပေမယ့်လည်း ချဲလ်ဆီး ပရိသတ်တွေကတော့ ထရာအိုရေးကို ခေါ်ယူတာဟာ အသင်းကို ပိုကောင်းစေမယ်လို့ ယုံကြည်နေပြီး Twitter ပေါ်မှာ ဒီအကြောင်းကို စိတ်၀င်တစားပြောနေကြပါတယ်။
ထရာအိုရေးဟာ လက်ရှိ ချဲလ်ဆီးမှာ ရိစ်ဂျိမ်းကစားနေတဲ့ right wing back role မှာ တစ်ချိန်က ကစားခဲ့ဖူးသူဖြစ်ပါတယ်။ လက်ရှိမှာ ရိစ်ဂျိမ်းက ဒဏ်ရာရနေတာဖြစ်ပါတယ်။
ထရာအိုရေးကလည်း ဝူဗာဟန်တန်ကနေ ထွက်ခွာပြီး သူ့ရဲ့ ကစားသမားဘ၀ကို အပြောင်းအလဲ တစ်ခုလုပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းကိုသာ ထရာအိုရေး ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် ပွဲထွက်လူစာရင်းမှာ ပါ၀င်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရမှာဖြစ်ပါတယ်။ စပါးအသင်းမှာဆိုရင်တော့ အသင်းက်ု အပြောင်းအလဲတွေလုပ်နေတဲ့ မန်နေဂျာသစ် ကွန်တီရဲ့ လက်အောက်မှာ နေရာရဖို့ များပါတယ်။ဒါကြောင့် ထရာအိုရေးက ပထမဦးစားပေးနေရာ ရဖို့အတွက်ဆိုရင် တော့တင်ဟန်ကိုပဲ ပြောင်းရွှေ့ဖို့တော့များနေပါတယ်။
Leave a Reply