နံနက်ခင်း ချဲလ်ဆီး သတင်းများ (8Jan)

ချဲလ်ဆီးပစ်မှတ် ကာမာရာကို နယူးကာဆယ်စိတ်ဝင်စား

ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတဲ့  မာဆေးကွင်းလယ်လူ  ဘူဘက်ကာ  ကာမာရာ ကို နယူးကာဆယ်အသင်းကလဲ စိတ်ဝင်စားနေတယ်လို့  Inside Futbol ကဖော်ပြလာပါတယ်။ အဆိုပါကစားသမားဟာ မာဆေးလ် နဲ့ စာချုပ်သစ်ညှိမရတာကြောင့် ရာသီကုန်မှာ အလွတ်နဲ့ထွက်ခွာဖွဘ်ရှိနေပြီး ၊ ချဲလ်ဆီးဟာ  ကစားသမားအေးဂျင့်နဲ့ဆက်သွယ်ထားခဲ့တဲ့ အသင်းများစွာထဲက အသင်းတစ်သင်းဖြစ်တယ်လို့လည်း Foot Mercato ကဖော်ပြထားပါတယ်။

ကီပါကို ပွဲထွက်စေချင်နေကြတဲ့ ပရိတ်သတ်တွေ

ချဲလ်ဆီးပရိတ်သတ်တွေဟာ ချက်စတာဖီး နဲ့ကစားမယ့် FA ဖလားပွဲစဥ်အတွက် ဂိုးသမားနေရာမှာ ကီပါကိုအသုံးပြုဖို့တောင်းဆိုနေကြပါတယ်။  Non-League အသင်းတစ်သင်းနဲ့ ကစားရမယ့်ပွဲစဥ်ဖြစ်ပေမယ့်  ကီပါကိုထည့်ကစားခြင်းအားဖြင့် ယုံကြည်မှုတွေတိုးလာစေမှာဖြစ်တယ်လို့ ပရိတ်သတ်တွေက ယုံကြည်နေကြတာဖြစ်ပါတယ်။ ကီပါဟာ နောက်ဆုံးကစားခဲ့တဲ့  စပါးအသင်းနဲ့ပွဲမှာလည်း Clean Sheet ရရှိခဲ့သူဖြစ်ပါတယ်။

ရူဒီဂါက အပြောင်းအရွှေ့အတွက် ဆုံးဖြတ်ချက်ချဦးမှာမဟုတ်

လက်ရှိစာချုပ်အရ နိုင်ငံပြင်ပက အသင်းတွေနဲ့ စတင်ညှိနှိုင်းမှုတွေပြုလုပ်ခွင့်ရရှိပြီဖြစ်ပေမယ့်  ရူဒီဂါ ဟာ ဘယ်အသင်းနဲ့မှဆွေးနွေးဦးမှာ မဟုတ်ဘူးလို့ Sky Sports ကဖော်ပြလာပါတယ်။ လတ်တလောသတင်းများအရ ဂျူဗီ ၊ ဘိုင်ယန်  ၊ ပီအက်စ်ဂျီ နဲ့ ရီးရဲတို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေပြေးနေပေမယ့်  ပရိတ်သတ်တွေက အသင်းမှာဆက်နေဖို့ကိုပဲ မျှော်လင့်နေကြပါတယ်။

အပြောင်းအရွှေ့မှာ မလှုပ်ရှားရင် ဖလားလက်မဲ့ဖြစ်နိုင်တယ်လို့  သုံးသပ်ခံရတဲ့ တူချယ်

ဆောင်းရာသီအပြောင်းအရွေ့မှာသာ ငွေမသုံးရင် တူချယ်ရဲ့  ဆုဖလားမျှော်လင့်ချက်တွေ ပျက်စီးသွားလိမ့်မယ်လို့   Evening Standard က သုံးသပ်သွားခဲ့ပါတယ်။  အသင်းဟာ နေရာစုံမှာ ကာလတို ၊ ကာလရှည် ဒဏ်ရာပြသနာတွေပြည့်နှက်နေခဲ့ပြီး ကစားကွက်မျိုးစုံပြောင်းကာဖြတ်သန်းနေရတာဖြစ်ပါတယ်။  အထူးသဖြင့်  နောက်တန်း အစွန်နဲ့ ကွင်းလယ်ဟာ အကြီးမားဆုံးလိုအပ်ချက်ဖြစ်နေပါတယ်။

အသင်းလက်မဲ့ဖြစ်သွားတဲ့ တိုက်စစ်မှုးဟောင်း

ချဲလ်ဆီးတိုက်စစ်မှုးဟောင်း ကော်စတာ ဟာ  လက်ရှိအသင်း မင်နဲရိုးနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်တာကြောင့်  အသင်းလက်မဲ့ကစားသမားဖြစ်သွားပြီလို့ သိရပါတယ်။ ရိုမာနိုရဲ့ဖော်ပြချက်အရ  အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှုးဟောင်းဟာ  အသင်းဖက်က တစ်စုံတစ်ရာမကြေငြာရသေးခင်မှာ စာချုပ်ဖျက်သိမ်းဖို့ သဘောတူခဲ့တာလို့သိရပါတယ်။  ကော်စတာဟာ  မင်နဲရိုးအတွက် ၁၉ပွဲကစားပြီး  ၅ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: