နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (7Jan)

တီမိုဝါနာ နဲ့  ဟာလန်းအလဲအထပ်ဖြစ်ဖွယ်ရှိ

စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရ  ဒေါ့မွန်တို့ဟာ ရာသီကုန်မှာအသင်းက ထွက်ခွာဖို့ရှိနေတဲ့ တိုက်စစ်မှုးဟာလန်းရဲ့နေရာကိုအစားထိုးဖို့အတွက် ချဲလ်ဆီးရဲ့ တီမိုဝါနာကို စတင်ကြိုးပမ်းနေပြီလို့ သိရပါတယ်။ တချိန်ထဲမှာပဲ  ဟာလန်းကိုခေါ်ယူဖို့ရေပန်းစားနေတဲ့အသင်းထဲမှာ ချဲလ်ဆီးလဲပါဝင်နေတာဖြစ်လို့  ဆက်လက်စောင့်ကြည်ံရဖွယ်ရှိတယ်လို့ သုံးသပ်ရေးသားနေကြပါတယ်။

ဆာအူးလ်ကို သုံးသပ်တဲ့ တူချယ်

စပါးနဲ့ပွဲမှာခြေစွမ်းပြနိုင်ခဲ့တဲ့ ဆာအူးလ်နဲ့ပတ်သတ်ပြီး တူချယ်က အခုလိုပြောကြားခဲ့ပါတယ်။  

သူဟာ  အသင်းကိုရောက်လာတဲ့အချိန်မှာ မျှော်မှန်းသလိုမကစားနိုင်ခဲ့တဲ့အခါ ကြုံတွေ့ရတာတွေကို နားလည်အောင်လုပ်ခဲ့ပါတယ်။ လိုအပ်တာတွေကို ကြိုးစားခဲ့ပါတယ်။ ဒီနေ့သူစွမ်းဆောင်ပြခဲ့တာတွေအတွက်ကျွန်တော်ကျေနပ်ပါတယ်။ ဒါဟာ ကြီးမားတဲ့ခြေလှမ်းတစ်ခုပါပဲ  လို့ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

ကွန်ဒီကိုကြိုးစားဆဲလို့   ချဲလ်ဆီးသတင်းသီးသန့်တင်ဆက်သူကပြော

ချဲလ်ဆီးတို့ဟာ  ဆီဗီးလားရဲ့ ကွန်ဒီကို နွေရာသီမှာစာချုပ်ခေါ်ယူဖို့အတွက်ကြိုးပမ်းဆဲဖြစ်တယ်လို့ အပြောင်းအရွေ့ကျွမ်းကျင်သူ ဒန်းဂျုန်းစ် က သူ့ရဲ့ Si and Dan Talk Chelsea Podcast အစီအစဥ်ကနေတစ်ဆင့် ပြောကြား သွားခဲ့ပါတယ်။  နောက်ခံလူလိုအပ်ချက်မြင့်မားနေတဲ့ ချဲလ်ဆီးအတွက် ကွန်ဒီဟာ အဓိက ပစ်မှတ်ဖြစ်နေဆဲဖြစ်ပြီး  ဆောင်းရာသီမှာတော့ အပြောင်းအရွေ့မဖြစ်မြောက်လောက်ဘူးလို့  ဂျုန်းစ်က ဆိုပါတယ်။ တဆက်ထဲမှာပဲ ကွန်ဒီကို ပစ်မှတ်ထားနေပေမယ့်  ချူမန်နီမှာ အသင်းကိုရောက်လာဖို့ ပိုမိုနီးစပ်တယ်လို့   သုံးသပ်သွားခဲ့ပါတယ်။

Advertisements

အလွန်ဆိုကို ချီးကျူးခဲ့တဲ့  BBC က သုံးသပ်သူ

BBC  ရဲ့ သုံးသပ်သူ ကာရင်ကာနေးက  စပါးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့  နောက်ခံလူအလွန်ဆိုကို  ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ “ ပွဲစကတည်းက ချဲလ်ဆီးကကောင်းခဲ့တာပါ။  ပထမဂိုးကတော့ အလွန်ဆိုကြောင့်ပါပဲ။ သူ့ရဲ့ ပြင်းပြင်းပျပျကစားမှု ၊  လျှပ်တပြတ်လုပ်ဆောင်မှုတွေ ၊ ပေးပို့မှုတွေက သိပ်ကောင်းခဲ့ပါတယ် “  လို့   BBC Radio 5 Live ကိုပြောခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ ချေးဝဲလ်နေရာကို အကောင်းဆုံးအစားမထိုးနိုင်ဘူးလို့ ဝေဖန်ခံရမှုအချို့ရှိပေမယ့် စပါးနဲ့ပွဲမှာတော့ ခြေစွမ်းပြနိုင်သလိ   ဖန်တီးမှုလဲ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဗလာဟိုဗစ်ကို ကြားဖြတ်ကြိုးစားလာနိုင်တဲ့ချဲလ်ဆီး

အာဆင်နယ်အသင်းက ခေါ်ယူဖို့အပြင်းအထန်ကြိုးစားနေပေမယ့် မနီးစပ်သေးတဲ့ ဖီအိုရင်တီးနားတိုက်စစ်မှုး ဒူဆန်ဗလာဟိုဗစ်ကို   ချဲလ်ဆီးအသင်းက ကြားဖြတ်ကြိုးစားလာနုိင်တယ်လို့  CBS Sports ရဲ့ သတင်းထောက်  ဘင်ဂျက်ကော့ဘ် က ပြောလာပါတယ်။ အရပ် ၆ ပေ ၃ လက်မမြင့်တဲ့ ဆားဘီးယားတိုက်စစ်မှုးဟာ ထိပ်တန်းအသင်းများစွာရဲ့ပစ်မှတ်ဖြစ်ပြီး ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး ဖီအိုတို့ဆီကထွက်ခွာတော့မှာလည်းဖြစ်ပါတယ်။

အပြောင်းအရွှေ့မှာ  သန်း ၁၉၀ လောက် သုံးဦးမယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ   ဟာလန်းအပါအဝင် ကစားသမား ၃သုံးဦးအတွက် ပေါင်သန်း ၁၉၀ ခန့်လျာထားကြောင်း Four Four Two ကဖော်ပြလာပါတယ်။  ဒေါ့မွန်တိုက်စစ်မှုးဟာလန်း ၊ ဘာကာကနေ စာချုပ်ဖျက်သိမ်းတော့မယ့် ဒန်ဘီလီ  နဲ့  အဲဗာတန်နောက်ခံလူ လူးကပ်စ်ဒစ်ဂ်နေးတို့ကို ခေါ်ယူလိုနေတာဖြစ်တယ်လို့  အဆိုပါသတင်းမှာဖော်ပြထားပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: