နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (6Jan)

ခြေစွမ်းကောင်းတွေကြောင့် ချီးကျူးခံနေရတဲ့ ဇီယက်ချ်

စပါးအသင်းကိုအနိုင်ရခဲ့တဲ့  EFL Cup Semi Final  ပထမအကျော့မှာ Sky Sports ရဲ့   Man Of The Match  ကိုဇီယက်ချ်က ရရှိသွားခဲ့ပါတယ်။  ဇီယက်ချ်ဟာ ဒီပွဲမှာ ဘယ် ၊ ညာ တောင်ပံ ၂ ဖက်စလုံးမှာ ခံစစ်တိုက်စစ်မျှတအောင်ကစားသွားနိုင်ခဲ့ပြီး ခြေစွမ်းပြသသွားနိုင်ခဲ့ပါတယ်။ ပရိတ်သတ်တွေကလည်း ဆိုရှယ်မီဒီယာမှ ဇီယက်ချ် ကိုချီးကျူးနေကြပါတယ်။

အလီချိုကို  ချဲလ်ဆီးထက်  ဒေါ့မွန်က လက်ဦးဖွယ်ရှိ

Goal ရဲ့ဖော်ပြချက်အရ  ချဲလ်ဆီး ၊ အက်သလက်တီကို နဲ့ အေစီမီလန်တို့ရဲ့ ပစ်မှတ်ကစားသမားလေး  မိုဟာမက်အလီချိုဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်ဖြစ်ဖို့နီးစပ်နေပြိဖြစ်ပြီး ယခုဆောင်းရာသီမှာတောင် ဖြစ်မြောက်သွားနိုင်တယ်လို့ ဖော်ပြလာပါတယ်။ အဆိုပါ ကစားသမားလေးကို  အက်သလက်တီကိုက ချဥ်းကပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ လည်းသိရပါတယ်။

အက်စ်ပီလီကွယ်တာကိ   ဆီမြွန်နီစိတ်ဝင်စားနေတယ်လို့ သတင်းထွက်

ထရစ်ပီယာကို နယူးကာဆယ်အသင်းထံရောင်းချလိုက်ပြီဖြစ်တဲ့  အက်သလက်တီကိုအသင်းဟာ အစားပြန်လည်ဖြည့်တင်းဖို့အတွက် အက်စ်ပီလီကွယ်တာ ကိုစိတ်ဝင်စားနေတယ်လို့ AS သတင်းစာကဖော်ပြသွားပါတယ်။ လက်ရှိ ချဲလ်ဆီးနဲ့အတူ ၉ ရာသီမြောက်ဖြတ်သန်းနေတဲ့ စပိန်သားကြီးဟာ အသင်းနဲ့တော့ စာချုပ်သစ်ကိစ္စဆွေးနွေးဆဲလို့သိရပါတယ်။

ဆာအူးလ် အပေါ် အက်ရှ်လေကိုးရဲ့အမြင်

အသင်းကိုစရောက်ကတည်းက ပထမဆုံးအကြိမ်အဖြစ်ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆာအူးလ် ကို ကစားသမားဟောင်း အက်ရှိလေကိုးလ် က အသင်းရဲ့ပွဲထွက်စာရင်းမှာနေရာရလာမယ်လို့ မျှော်လင့်နေပါတယ်။ သူက Sky Sports နဲ့တွေ့ဆုံရာမှာ အခုလိုပြောပြခဲ့ပါတယ်။ “ သူဒီနေ့ကစားတာကောင်းတယ်ဗျ။ ဂျော်ဂျင်ဟိုနဲ့အတွဲမိနေတယ်။ ဂျော်ဂျင်ဟိုက  နဲနဲအထိုင်ကစားပေးတော့ သူ့အတွက် ပိုပြီးရွေ့လျားစရာနေရာတွေပိုရလာတယ်။ သူလုပ်ပြခဲ့တာတွေကတော့ သူ့ရဲ့ခြေစွမ်းအတွက် စိုးရိမ်နေကြသူတွေကို မြင်သာစေမှာပါ။ တစ်ခုရှိတာက သူ့ရှေ့မှာ ကစားသမားကောင်း ၂ ယောက်လောက်ရှိနေတော့ ပွဲထွက်ခွင့်အတွက်ကတော့ ချက်ခြင်းမလွယ်သေးပါဘူး   လို့ပြောသွားခဲ့ပါတယ်။

လူကာကူကို ချီးကျူးတဲ့ တူချယ်

အင်တာဗျူးကိစ္စတွေနဲ့ ပြသနာတွေများခဲ့အပြီးမှာ ပွဲပြန်ထွက်တဲ့ လူကာကူနဲ့ပတ်သတ်ပြီးတူချယ်က အခုလိုပဲပြောသွားခဲ့ပါတယ်။

လူကာကူရဲ့ကစားပုံကိုကျွန်တော်သဘောကျပါတယ်။ သူက မာမာကျောကျောပဲတု့န်ပြန်ခဲ့သလို  အသင်းရဲ့ ခံစစ်ကိုလည်းကူညီပေးခဲ့ပါတယ်။ သူကြုံခဲ့ရတာတွေအတွက် ခံစားနေရပုံမပေါ်ပါဘူ။ သူက စိတ်ပိုင်းဆိုင်ရာအကောင်းဆုံးမှာရှိနေပါတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့လည်းအသင်းကို အကျိုးပြုခဲ့ပါတယ်  လို့ပွဲအပြီးမှာပြောသွားခဲ့ပါတယ်။

ချဲလ်ဆီးနဲ့သူ့အသင်းကြားမှာ ခြားနားချက်များစွာရှိကြောင်း ကွန်တီပြော

ချဲလ်ဆီးနည်းပြဟောင်း  ၊ လက်ရှိစပါးနည်းပြ ကွန်တီက  ချဲလ်ဆီးအသင်းနဲ့ သူ့အသင်းကြားမှာ ကွာဟချက်များစွာရှိကြောင်းပွဲအပြီးမှာပြောသွားခဲ့ပါတယ်။ဒီပွဲဟာ အစကတည်းက ခက်ခဲခဲ့ပါတယ်။  ချဲလ်ဆီးဟာ ကျွန်တော်တို့ထက်ပိုကောင်းလွန်းလှပါတယ်။  ရုန်းကန်ရတဲ့အကြောင်းကိုပြောနေပေမယ့်  ကျွန်တော်တို့ရင်ဆိုင်နေရတာက ဥရောပရဲ့အကောင်းဆုံးအသင်းတစ်သင်းပါ။ သူတို့ဟာ အနိုင်ယူဖို့အသင့်ဖြစ်နေကြတာပါ။ ဒါကြောင့် ကျွန်တော်တို့  ၂ သင်းကြားမှာ နှိုင်းယှဥ်စရာ မရှိပါဘူး။  ကွာခြားချက်တွေများစွာရှိတဲ့အသင်း ၂ သင်းဖြစ်ပါတယ်   လို့  ချဲလ်ဆီးကိုချီးကျူးသွားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: