ဇန်နဝါရီမှာ ချဲလ်ဆီးရောင်းချသွားဖွယ်ရှိတဲ့ ကွင်းလယ်လူ ၃ဦး 

ချဲလ်ဆီးဟာ ကစားသမားအသစ်တွေခေါ်ယူဖို့အတွက် အသင်းရဲ့ ကွင်းလယ်လူ ၃ယောက်လောက်ကို ဇန်နဝါရီ‌ အပြောင်းအရွှေ့ကာလမှာ ထုတ်ရောင်းသွားဖို့ စဉ်းစားနေတယ်လို့ သတင်းအချို့မှာ ဖော်ပြလာပါတယ်။ 

ချဲလ်ဆီးရဲ့အရောင်းစာရင်းထဲမှာ ပါနေတဲ့ ကစားသမားတွေကတော့ လိုတပ်စ်ချိခ်၊ ဟာကင်ဇီယက်ခ်ျ နဲ့ ဘာကလေတို့ ဖြစ်ပါတယ်။ 

လိုတပ်စ်ချိခ်ဟာ လက်ရှိရာသီမှာ အသင်းအတွက် ခြေစွမ်းကောင်းအချို့ကို ပြသထားနိုင်ခဲ့ပါတယ်။ဒါပေမယ့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟာ တူချယ်ရဲ့ ပထမဦးစားပေး ကစားသမားမဟုတ်ပဲ ကန်တေ၊ ကိုဗာဆစ်၊ ဂျော်ဂျင်ဟိုတို့ရဲ့နောက်မှာသာ ရွေးချယ်ခံရဖို့ ရှိနေပါတယ်။ 

တကယ်လို့ ကန်တေကိုသာ ရီးရဲလ်မက်ဒရစ်ထံ မဖြစ်မနေ ရောင်းချခဲ့ရရင်တော့ ချဲလ်ဆီးဟာ လိုတပ်စ်ချိခ်ကို အသင်းမှာ ဆက်ထိန်းသိမ်းထားဖွယ်ရှိပါတယ်။ ကော်နာဂယ်ဘယ်ဂါ၊ ဘီလီဂေးဘ်မားတို့လို့ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမားတွေ ရှိနေတဲ့အတွက် အသက်အရွယ်ရလာတဲ့ ကန်တေကို ထုတ်ရောင်းသွားဖွယ်ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ 

ဒါပေမယ့်  ပြင်သစ်ကွင်းလယ်လူရဲ့ လုပ်အားနှုန်းဟာ အသင်းမှာ အရမ်းအရေးပါတာကြောင့် တူချယ်ကတော့ ကန်တေကို အသင်းမှာ ဆက်ထိန်းသိမ်းသွားဖို့ များနေပါတယ်။  ဒီတော့ ကန်တေကတော့ သတင်းအဖြစ်သာပြီးသွားမယ့်သဘောမှာရှိပါတယ်။

ခရစ္စတယ်ပဲလေ့စ်မှာ အငှားထွက်ကစားနေတဲ့ ဂယ်လယ်ဂါရဲ့‌ခြေစွမ်းကို ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီက စိတ်၀င်စားနေပြီး လာမယ့်နွေရာသီမှာ ခေါ်ယူသွားနိုင်ချေရှိတယ်လို့ ပြင်သစ်က လာတဲ့ သတင်းတွေအရ သိရပါတယ်။ချဲလ်ဆီးအနေနဲ့ ‌လာမယ့်ရာသီမှာ ဂယ်လယ်ဂါကို ပုံမှန်ပွဲထွက်ခွင့် တစ်နေရာ ကမ်းလှမ်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ 

ချဲလ်ဆီး နောက်ထပ်ထုတ်ရောင်းသွားဖွယ်ရှိတဲ့ ကစားသမားကတော့ ဘာကလေဖြစ်ပါတယ်။ ဘာကလေဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ သူရဲ့အနာဂတ်မရှိတော့တာကြောင့် အသင်းကနေ ထွက်ခွာဖို့ ရှိနေသလို ချဲလ်ဆီးကလည်း သူ့ကို အသင်းမှာ ဆက်ထိန်းထားဖွယ်မရှိပါဘူး။ သူ့ကို ခေါ်ယူဖို့ အသင်းအများအပြားက ချိတ်ဆက်နေကြပါတယ်။ နာမည်အထွက်ဆုံးကတော့ ဘန်လေနဲ့ လိဒ်အသင်းတို့ပဲဖြစ်ပါတယ်။

ဇီယက်ခ်ျကလည်း သူရဲ့ ခြေစွမ်းမတည်ငြိမ်မှုနဲ့ ကြံခိုင်မှုအားနည်းတာတွေကြောင့် အသင်းက သူ့က်ု ရောင်းချသွားနိုင်ချေရှိပါတယ်။ သူကတော့ ဘာကာ ၊ ဒေါ့မွန်နဲ့ အီတလီအသင်းအချို့က စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ သို့သော် ဒီနှစ်မှာ ကစားသမားဒဏ်ရာရမှုများပြားနေတဲ့အတွက် အခြေအနေကတော့မျိုးစုံပြောင်းလဲနိုင်ပါသေးတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: