နံနက်ခင်း ချဲလ်ဆီးသတင်းမှတ်စု (5Jan)

ကန်တေဟာ ကမ္ဘာ့အဆင့်စွမ်းဆောင်ရည်မျိုး ပြသနေတယ်လို့ ချီးကျူးခံရ

BBC ရဲ့ ဘောလုံးကျွမ်းကျင်သူ  ဂါရတ်ခရွတ်က လီဗာပူးနဲ့ပွဲက ကန်တေရဲ့ စွမ်းဆောင်မှုကို အခုလိုပဲ ချီးကျူးခဲ့ပါတယ်။  “ ပွဲကစားချိန်အတွင်းမှာ  ဆာလာ ကိုပါကျော်ပြီး ကန်တေပြေးထွက်သွားခဲ့တဲ့အခိုက်အတန့်အချို့ရှိခဲ့တယ်ဗျာ။ ကျွန်တော် တကယ်ကို ထင်မှတ်မထားခဲ့မိတာပါ။ ကန်တေဟာ  လက်စတာမှာတုန်းက ခြေစွမ်းပြခဲ့တာအားလုံးထက်ပိုကောင်းအောင်ကစားနေနိုင်ဆဲပါပဲ။ သူဒီကြားကာလတွေထဲမှာ ဆုဖလားတွေလဲရယူနိုင်ခဲ့တယ်  ၊ ပိုပြီးလဲကောင်းမွန်လာခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲမှာ ပြသွားတဲ့ခြေစွမ်းကတော့ အလွန်ထူးခြားကောင်းမွန်လွန်းခဲ့ပြီး ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက ်ဖြစ်တယ်ဆိုတာကို မြင်သာစေပါတယ်  “ လို့   ရေးသားသွားခဲ့တာပါ။

ရူဒီဂါကို ခေါ်ယူဖို့  ရီးရဲတို့ လက်လျှော့ပြီလား

Sport Mole ရဲ့ဖော်ပြချက်အရ ရီးရဲမက်ဒရစ်အသင်းဟာ ရူဒီဂါကိုခေါ်ယူဖို့ စိတ်အားထက်သန်မှုလျော့ကျသွားပြီလို့ သိရပါတယ်။ နည်းပြအန်ဆယ်လော့တီဟာ လက်ရှိအသင်းရဲ့ နောက်တန်းအနေအထားကို စိတ်ချထားတာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ရူဒီဂါဟာ ချဲလ်ဆီးနဲ့ စာချုပ်သစ်ဆွေးနွေးဆဲဖြစ်ပြီး  ပီအက်ဂျီ ၊ ဘိုင်ယန်မြူးနစ် ၊ ဂျူဗင်တပ်စ်အသင်းတို့နဲ့လဲပြောဆိုမှု အချို့ရှိထားတယ်လို့ အဆိုပါသတင်းမှာရေးသားထားပါတယ်။

မန်ဒီကို တလေးတစားချီးကျူးတဲ့အာနိုးလ်

လီဗာပူးနောက်ခံလူအာနိုးလ်က  ပြီးခဲ့တဲ့ပွဲက ဂိုးသမားနှစ်ယောက်စလုံးဟာ ကမ္ဘာအ့ဆင့်စွမ်းဆောင်ရည်တွေကိုပြသခဲ့ကြတယ်လို့ ဆိုခဲ့ပြီး ၊ မန်ဒီကိုလည်းထုတ်ဖော်ချီးကျုးသွားခဲ့ပါတယ်။ “ သူ့ကို အပြည့်အဝချီးကျူးပါတယ်ဗျာ ..  ကျွန်တော်တို့က ဒုတိယပိုင်းမှာ ပိုပြီးကန်ခွင့်တွေရခဲ့သလို  သူတို့တိုက်စစ်ကိုလည်း ခုခံနိုင်ခဲ့ပါတယ်။  ဒါပေမယ့်  ကမ္ဘာ့အဆင့်အသင်းတစ်သင်းနဲ့ ကမ္ဘာ့အဆင့် ဂိုးသမားတစ်ယောက်ကို ရင်ဆိုင်ရပြီဆိုရင်တော့  ကာကွယ်မှုကောင်းကောင်းတွေကို သေချာပေါက်ပြုလုပ်မှာပါ။  ဒီတော့ ခုပွဲရလဒ်က တကယ့်ကိုမျှတခဲ့ပါတယ်  လို့ပြောသွားခဲ့တာပါ။

ခရစ်စတန်ဆင် စာချုပ်သစ်ချုပ်ဖို့နီးစပ်နေ

ဘာစီလိုနာအသင်းက စိတ်ဝင်စားနေသလို ၊ ကစားသမားဖက်ကလည်း စပိန်စျေးကွက်နဲ့နီးစပ်တဲ့ အေးဂျင့်အသစ်ပြောင်းလဲလိုက်ပေမယ့်လည်း   ခရစ်စတန်ဆန်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ စာချုပ်သစ်အတွက် သဘောတူညီမှုရသွားနိုင်တယ်လို့  အီတလီသတင်းထောက် ဂီယန်လူကာ ဒီမာဇီယို ကဆိုခဲ့ပါတယ်။ မက်ဆီရဲ့အစ်ကိုဖြစ်သူပါဝင်နေတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ချိတ်ဆက်လိုက်ပေမယ့် ဒီကိစ္စဟာ သီးသန့်ဖြစ်ပြီး  ကစာသမားဟာလန်ဒန်မှာပဲဆက်ရှိဖို့နီးစပ်နေပြီလို့လဲ သတင်းတွေကဆိုပါတယ်။  The Sport Review News ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးနဲ့ ကစားသမားအကြား ပြောဆိုဆွေးနွေးမှုတွေပြန်လည်စတင်နေပြီလို့သိရပါတယ်။

ကိုဗာဆစ်ကိုချန်ထားလို့မဖြစ်နိုင်ဘူးဆိုတဲ့ ကျွမ်းကျင်သူ

ဘောလုံးကျွမ်းကျင်သူဖြစ်တဲ့ ပတ်နဗီလ်း ဟာ ချဲလ်ဆီးအသင်းဝက်ဘ်ဆိုက်ကနေတစ်ဆင့်  ကိုဗာဆစ်ရဲ့ စွမ်းဆောင်ရည်ကို အခုလိုပဲချီးကျူးသွားခဲ့ပါတယ်။

“  ချဲလ်ဆီးအသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေအတွက် သံသယဖြစ်စရာမရှိပါဘူး။  ဒါပေမယ့် သူတို့အကြောင်းပြောရင်တော့ အသင်းရဲ့ ကွင်းလယ်အင်ဂျင် ကိုဗာဆစ်ကို ချန်ထားလို့တော့မရပါဘူး။  သူက သူ့ရဲ့အဆင့်အတန်းတစ်ခုကိုကျ မသွားအောင်ထိန်းထားနိုင်ခဲ့သူပါ။  ဒုတိယပိုင်းမှာဆိုရင် နတ်ဘုရားတစ်ပါးဝင်စီးထား သလိုကစားပြသွားတဲ့အခိုက်အတန့်တွေမှာ ချဲလ်ဆီးပရိတ်သတ်တွေဟာ တအံ့တသြဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ် ”   လို့ ချီးကျူးရေးသားသွားခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: