ရက်ရှ်ဖို့ဒ်ဟာ အသင်းရဲ့ပြဿနာတခုထဲ ပါဝင်လာပါပြီ – ဖာဒီနန်

ယူနိုက်တက်လူငယ်တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက သူရဲ့ပခုံးဒဏ်ရာနဲ့ တံကောက် ကြောဒဏ်ရာတွေကို ခွဲစိတ်ကုသမူခံယူပြီး ၄ လ လောက် အနားယူပြီးနောက် အသင်းနဲ့ပြန်လည်ပူး ပေါင်းခဲ့သည့်အချိန်မှစ၍ ယခုအချိန်ထိ အသင်းမှာ ခြေစွမ်းပြဖို့ရုန်းကန်နေရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိူက်တက်အသင်းမှာအဓိကကစားသမားတယောက် ဖြစ်တဲ့အပြင် အသင်းရဲ့နိုင်ပွဲတွေမှာသွင်းဂိုးတွေဟာလဲ အရေးပါခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ ရက်ရှ်ဖို့ဒ် တယောက် ဟာ ဝေဖန်မူတွေခံနေရဆဲ ဖြစ်ပြီး ဒီရာသီအသင်းတွက် ပြိုင်ပွဲစုံ ၁၄ ပွဲကစားထားပြီး ၃ ဂိုးသာသွင်း ယူထားနိုင်ခဲ့ပါတယ်။

ယင်းကစားသမားနဲ့ပတ်သက်ပြီး ယူနိုက်တက်နောက်ခံလူဟောင်းရီယိုဖာဒီနန်က

အခုအခြေအနေမှာ ရက်ရှ်ဖို့ဒ်မှာပြဿနာရှိနေပါတယ်။ သူ့ကိုပုံမှန်ပွဲထွက်ခွင့်ပေးဖို့လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘောလုံးဆုံးရှံးမှုတွေများပြီး ယုံကြည်မူပျောက်နေတဲ့ ပုံစံတခုကိုအဆုံးသတ်ဖို့ပွဲ ထွက်ခွင့်ပေးဖို့လိုတယ်လို့ ဆိုလိုချင်တာပါ။

“ သူကလုပ်ပြချင်နေတယ် ဒါပေမယ့် ပွဲမကစားရဘူးဆိုရင် စဥ်းစားကြည့်ပေါ့။ သူအနေနဲ့ကလဲ ရတဲ့အခြေနေမှာအခွင့်ရေးကိုအသုံး ချဖို့လိုအပ်ပါတယ်။ နည်းပြသစ်လက်ထက်၊ ကစား ကွက်အသစ်မှာ အံဝင်ဂွင်ကျဖြစ်ဖို့အတွက်လဲ အာရုံစိုက်သင့်ပါတယ်။ ကျွန်တော်ပြောချင်တာက ပွဲထွက်ခွင့်လဲ ပုံမှန်ပေးဖို့လိုသလိုသူအနေနဲ့ကလဲ ပိုပြီး လုပ်ပြရမယ်လို့ဆိုလိုချင်တာပါ.. “  ဆိုပြီးမနေ့က ဝုဗ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဝုဗ် အသင်းကို ရှုံးနိမ်ခဲ့ရတဲ့အတွက် မန်ချက်စတာယူနိုက်တက်တို့ဟာ ဖိအားတွေအောက်ိကို ပိုပြီးရောက်ရှိခဲ့ပြီဖြစ်ပြီး အသင်းရဲ့ ကစားသမားတွေဟာလည်းဆက်တိုက်ဝေဖန်ခံနေရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ပြသနာက နည်းပြလား ၊ ကစားသမားတွေလားဆိုတဲ့မေးခွန်းတွေလဲ တော်တော်များလာခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ  ၃ ပွဲနိုင်   ၁ ပွဲသရေ ၊ ၁ ပွဲရှုံးထားတဲ့ ယူနိုက်တက်တို့ဟာ အဆင့် ၄ နေရာက အာဆင်နယ်အသင်းထက် ၁ ပွဲလျှော့ကစားပြီး  ၄ မှတ်ကွာဟနေပါတယ်။

ရက်ရှိဖို့ဒ်ဟာ နည်းပြဟောင်းဆိုးရှားလ် လက်ထက်မှာတုန်းကလဲ ကွင်းတွင်းကိစ္စရပ်တွေကို အာရုံစိုက်ဖို့ သတိပေးခံရသူဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: