ထရစ်ပီယားကိုခေါ်ယူဖို့အတွက် သတင်းထွက်လာတဲ့ ချဲလ်ဆီး

ရိစ်ဂျိမ်း ဒဏ်ရာရနေတဲ့အတွက် ချဲလ်ဆီးဟာ သူ့ရဲ့‌နေရာမှာ ကစားနိုင်မယ့် ကစားသမားသစ်တစ်ဦးကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ရှိနေပါတယ်။သတင်းတွေအရတော့ ချဲလ်ဆီးစိတ်၀င်စား‌ နေတဲ့ ကစားသမားဟာ အက်သလက်တီကိုကစားသမား ထရစ်ပီးယားဖြစ်ပါတယ်။ 

ရိစ်ဂျိမ်းဒဏ်ရာရသွားတာဟာ အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ရိစ်ဂျိမ်းရဲ့ ဒဏ်ရာဟာ ခွဲစိတ်ကုသဖို့ မလိုပေမယ့် ကစားသမားဟာ အနည်းဆုံး နှစ်လလောက်တော့ အနားယူဖို့ လိုနေပါတယ်။ ဒါကြောင့် ချဲလ်ဆီးဟာ ထရစ်ပီးယားကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ကစားသမားကလည်း အင်္ဂလန်မြေကို ပြန်လာဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ 

ထရစ်ပီယားဟာ ဘယ်တောင်ပံရော၊ညာတောင်ပံမှာပါ ကစားနိုင်သူဖြစ်တာကြောင့် တူချယ်အတွက် စိတ်ကြိုက်ဖြစ်စေမယ့် ကစားသမားဖြစ်နိုင်ပါတယ်။တူချယ်အ‌နေနဲ့ ထရစ်ပီးယားကို ရိစ်ဂျိမ်း‌နေရာမှာသာမက ရာသီကုန်ထိ အနားယူဖို့ ရှိနေတဲ့ ချေးလ်ဝဲလ်ရဲ့နေရာမှာလည်း အသုံးပြုဖို့ ရွေးချယ်ခွင့် ရှိနေပါတယ်။ 

တော့တင်ဟမ် ကစားသမားဟောင်း ဖြစ်တဲ့ ထရစ်ပီးယားဟာ ​Right Wing Back မှာ အဓိက ကစားသူဖြစ်ပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ အက်သလက်တီကို အသင်းမှာတော့ Left Wing Back Position တွေမှာ ကစားခဲ့ဖူးပါတယ် 

မကြာသေးမီကပဲ အက်သလက်တီကို မန်နေဂျာ ဆီမြွန်နီက နယူးကာဆယ်ဟာ ထရစ်ပီးယားကို ကမ်းလှမ်းခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ချဲလ်ဆီးအနေနဲ့ ထရစ်ပီးယားကို တကယ်ပဲ ခေါ်ယူချင်တယ်ဆိုရင် လက်ဦးမှုရဖို့ လျင်လျင်မြန်မြန်နဲ့ လှုပ်ရှားလာဖွယ်ရှိပါတယ်။ 

ထရစ်ပီးယားကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ချဲလ်ဆီးအတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် အကျိုးရှိမယ့် ခေါ်ယူမှု ဖြစ်လာမှာ ဖြစ်ပါတယ်။ ရိစ်ဂျိမ်းရဲ့နေရာမှာ အစားထိုးဖို့ အရေးပေါ်ကစားသမား လိုအပ်နေတဲ့အပြင် ချေးလ်ဝဲလ်ရဲ့နေရာ မှာ အစား၀င်ကစားနေတဲ့ အလွန်ဆိုရဲ့ ခြေစွမ်းကလည်း အားရဖွယ်မရှိတာကြောင့် ထရစ်ပီးယားသာ စတန်းဖို့ဒ်ဘရစ်ခ်ျကိုရောက်လာခဲ့ရင် ပရိသတ်တွေအတွက်တော့ ၀မ်းသာစရာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: