ပရီးမီးယားလိဂ်ရဲ့ တိုးတက်မှုအရှိဆုံးကစားသမား သို့မဟုတ် ရိစ်ဂျိမ်း

ဘီဘီစီရဲ့ အားကစားသုံးသပ်သူ ဂါရတ်ခရွတ်စ်က‌ ချဲလ်ဆီးအသင်းရဲ့ လူငယ် ကစားသမား ရိစ်ဂျိမ်းဟာ ၂၀၂၁ခုနစ်ရဲ့ တိုးတက်မှု အရှိဆုံး ပရီးမီးယားလိဂ် ကစားသမားဖြစ်တယ်လို့ အခိုင်အမာ ဆိုလာခဲ့ပါတယ်။ 

အသက်၂၂နှစ်သာ ရှိသေးတဲ့ ရိစ်ဂျိမ်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့် Wing Back ကစားသမားတစ်ဦးလို့ ဆိုနိုင်ပါတယ်။ပြီးခဲ့တဲ့လအချို့က  အင်္ဂလန် လက်ရွေးစင်အသင်းမှာ ‌ရိစ်ဂျိမ်းနဲ့ အလက်ဇန်းဒါး အာနိုးလ် ဘယ်သူ့ကို ရွေးချယ်သင့်လဲဆိုတာကို ဘောလုံးသုတေသီတွေနဲ့ ပရိသတ်တွေ အပြင်းအထန် ငြင်းခုန်ခဲ့ရပါသေးတယ်။ 

လမ်းပတ်က ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ သူ့ကို အသင်းကြီးမှာ စတင်နေရာပေး၊မြေတောင်မြှောက်ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။၂၀၂၁ ဇန်နဝါရီမှာ တူချယ် ရောက်ရှိလာချိန်ကစပြီး မန်နေဂျာသစ်ဟာ ကစားသမားဆီကနေ အကောင်းဆုံးခြေစွမ်းတွေ ထွက်လာအောင် ညှစ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ 

အင်္ဂလန်လက်ရွေးစင် ကစားသမားလေးဟာ Right Wing Backနေရာမှာ အထူးခြေစွမ်းပြကစားနိုင်သူဖြစ်ပြီး အသင်းရဲ့ ဥရောပချန်ပီယံလိဂ် အောင်ပွဲမှာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။လက်ရှိဘောလုံးရာသီမှာလည်း သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ဆက်လက်ပြသနေပြီး ၂၃ပွဲမှာ ၅ဂိုးသွင်း၊ ၆ဂိုးဖန်တီးမှာ ပြုလုပ်ထားပါတယ်။ 

ဘရိုက်တန်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ရိစ်ဂျိမ်း ဒဏ်ရာရခဲ့တာဟာ အသင်းအတွက် သတင်းဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။ အသင်းရဲ့ များပြားလှတဲ့ ဒဏ်ရာရလူစာရင်းထဲမှာ အားထားရတဲ့ ရိစ်ဂျိမ်းတစ်ယောက် ထပ်တိုးလာခဲ့တာဟာ ပရိသတ်တွေအတွက် စိတ်ပူစရာဖြစ်ခဲ့ပါတယ်။ 

ဘီဘီစီရဲ့ အားကစားသုံးသပ်သူ ခရွတ်စ်ကတော့ သူရဲ့ Team of the year 2021မှာ ရိစ်ဂျိမ်းကို ရွေးချယ်ထားခဲ့ပြီး  ၂၀၂၁ခုနစ် ပရီးမီးယားလိဂ်ရဲ့တိုးတက်မှု အရှိဆုံး ကစားသမားလို့လည်း ချဲလ်ဆီးအကယ်ဒမီထုတ်ကုန်အပါ် ‌ချီးကျူးမှုပြုခဲ့ပါတယ်။ 

 “ပရီးမီးယားလိဂ်ရဲ့ တိုးတက်မှုအရှိဆုံး ကစားသမား ဘယ်သူလဲဆိုတာ ပြောရမယ်ဆိုရင်တော့ တကယ်ကို ငြင်းခုန်စရာပါပဲ။ကျွန်တော့်အတွက်ကတော့ ရိစ်ဂျိမ်းပါပဲ။သူဟာ သန်မာတယ်၊လှလှပပ ဟန်ချက်ညီညီဆော့နိုင်တယ်။ ခြေထောက်နှစ်ဖက်စလုံးကိုလည်း ကောင်းကောင်းအသုံးပြုနိုင်တယ်။လျင်မြန်ပြီးတော့ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်တဲ့ ကစားသမား တစ်ယောက်ပါပဲ” 

“တကယ်လို့ သူသာ သူရဲ့ခြေစွမ်းတည်ငြိမ်မှုကို ထိန်းထားနိုင်မယ်ဆိုရင် သူဟာ ဘယ်အဆင့်ထိ ရောက်နိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။တူချယ်ရဲ့လက်အောက်မှာ၊ ချဲလ်ဆီးလို အသင်းကြီးတစ်သင်းမှာ ကစားနေရတဲ့အတွက် ဘယ်ကိုမှတော့ သူသွားဖို့ မလိုပါဘူး” လို့ ခရွတ်စ်က ပြောခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: