နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (2Jan)

ဂယ်လက်ဂါကို ခေါ်ယူချင်နေတဲ့  ပိုချက်တီနို

ပီအက်စ်ဂျီနည်းပြ  ပိုချက်တီနိုဟာ  ချဲလ်ဆီးအသင်းရဲ့ လူငယ်လေး  ဂယ်လက်ဂါကို   ပေါင်သန်း ၃၀ ခန့်နဲ့ ခေါ်ယူချင်နေတယ်လို့    The Sun ကဖော်ပြလာပါတယ်။  လက်ရှိ ခရစ်စတယ်ပဲလေ့စ် အသင်းမှာ အငှားသွားရောက်ကစားရင်းခြေစွမ်းပြနေတဲ့ လူငယ်လေးကို  အနာဂတ်ရဲ့  ကွင်းလယ်ကြယ်ပွင့်အဖြစ်အားလုံးက သတ်မှတ်ထားပြီး ၊ ချီးကျူးမှုတွေကိုလည်းဆက်တိုက်ရနေသူပါ။ ဂယ်လက်ဂါဟာ ဒီရာသီမှာ  ၆ ဂိုးသွင်းပြီး   ၃ ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။

ဘဝသစ်စတော့မယ့် ချဲလ်ဆီးရဲ့ ဂန္တဝင်

ချဲလ်ဆီးအသင်းရဲ့  ဂန္တဝင်လဲဖြစ် ၊ အကယ်ဒမီနည်းပြလဲဖြစ်တဲ့ နော်ဝေတိုက်စစ်မှုး  တိုးအင်ဒရေ ဖလိုဟာ  နော်ဝေကလပ်  Sogndal  မှာ သူ့ရဲ့  အသင်းကြီးနည်းပြဘဝကို စတင်ဖို့အတွက် ချဲလ်ဆီးအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ အသင်းရဲ့    ၊ နည်းပြအပါအဝင် ရာထူးအများစုနဲ့  ၁၀နှစ်တာကျင်လည်ခဲ့သူ ဖလို  ကို ပီတာဆက်ချ်ကလည်းအခုလိုပဲ ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

ကစားသမားအဖြစ်ရော  လူငယ်နည်းပြအဖြစ်ပါ  အသင်းအတွက်အလွန်အရေးပါခဲ့တဲ့သူဖြစ်ပါယ်။  ကစားသမားတွေကလဲ သူ့ကိုသိပ်ချစ်ကြပါတယ်။  သူကတကယ့်ကို အားလုံးရဲ့ရင်ထဲမှာရှိနေသူဖြစ်ပါတယ်။  အလုပ်တွေအများကြီးလုပ်သလောက် ကိုယ့်ကိုယ်ကို နှိမ့်ချဆက်ဆံတတ်သူဖြစ်ပါတယ်။  သူ့ကိုကျွန်တော်တို့အားလုံးလွမ်းနေမှာပါ။ နေက်ထပ်သူရဲ့ခြေလှမ်းတွေကိုလည်း အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်။ သူကအသင်းရဲ့သမိုင်းမှာ အထင်ကရ ရှိခဲ့ပါပြီ   ဆိုပြီး ဆိုခဲ့တာပါ။

ချူမန်နီကိုခေါ်ယူဖို့  ချဲလ်ဆီးအလေးသာနေ

Telegraph သတင်းစာမှ  မတ်လောရဲ့  ပြောကြားချက်အရ  ကစားသမားအေးဂျင့်နဲ့ ချဲလ်ဆီးအကြားမှာ ဆက်ဆံရေးကောင်းတွေရှိထားတာကြောင့်   မိုနာကိုလူငယ်ကစားသမားချူမန်နီနဲ့   သဘောတူညီမှုရသွားနိုင်တယ်လို့  သိရပါတယ်။ ဥရောပထိပ်တန်းလူငယ်တွေထဲက တစ်ဦးဖြစ်တဲ့ ချူမန်နီဟာ အသင်းကြီးများစွာရဲ့ပစ်မှတ်ဖြစ်ပြီး မိုနာကိုဥက္ကဌကတော့ တန်ဖိုးမြင့်တဲ့အရာတစ်ခု ဖြစ်တယ်  လို့ကြွေးကြော်ထားခဲ့တာဖြစ်ပါတယ်။

ကတ်ဆီကိုလည်းစောင့်ကြည့်နေတဲ့ ချဲလ်ဆီး

90 Min  ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးတို့ဟာ  အေစီမီလန်အသင်းရဲ့ ကွင်းလယ်လူ ကတ်ဆီကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့  သိရပါတယ်။ ရာသီကုန်မှာအလွတ်နဲ့ ထွက်ခွာတော့မယ့်ကစားသမားကို စပါးအသင်းက အကြိုစာချုပ်ချုပ်ထားနိုင်ဖို့အခြေအနေအကောင်းဆုံးဖြစ်နေပေမယ့်  ချဲလ်ဆီးကလည်း ဝင်ရောက်ကြိုးစားမှာဖြစ်တယ်လို့   သတင်းတွေကဖော်ပြလာတာဖြစ်ပါတယ်။

ပေါလ်မာဆင်ထောက်ခံခဲ့တဲ့  ချဲလ်ဆီးခေါ်ယူသင့်တဲ့ ကစားသမားများ

အာဆင်နယ်ဂန္တဝင်‌ ပေါလ်မာဆင်က  သူသာချဲလ်ဆီးအသင်းက တာဝန်ရှိသူဆိုရင်   ဘရိုက်တန်ရဲ့  ကူကူရယ်လာကို ခေါ်ယူဖို့ကြိုးစားမှာဖြစ်တယ်လို့   Sky Sport ရဲ့အစီအစဥ်မှာပြောကြားခဲ့ကြောင်း    Metro UK ကဖော်ပြလာပါတယ်။ မာဆင်က   ကျွန်တော်သာ ချဲလ်ဆီး ဆိုရင်တော့ ကူကူရယ်လာကိုခေါ်မယ်၊  ဘစ်ဆူးမားကိုခေါ်မယ်ဗျာ။ သူတို့ဟာ ဘရိုက်တန်ကစားသမားတွေဆိုတာနားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ အကောင်းဆုံးကစားသမားတွေဖြစ်ကြပါတယ်.. ချဲလ်ဆီးတို့ဟာ ထိပ်ဆုံး ၄ သင်းမှာရှိနေတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။  ဒါပေမယ့်  အခုအပတ်ကန်မယ့်  လီဗာပူးလ်နဲ့ပွဲကတကယ့် ဖလားလုပွဲပါ။ ရှုံးတဲ့သူဟာ ချန်ပီယံလုပွဲကနေ ထွက်ရပါပြီ  ဆိုပြီးပြောကြားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: