နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (1Jan)

ဂေးမား အကြောင်း ဘာမှမစဥ်းစားရသေးတဲ့ တူချယ်

နောက်ဆုံးကစားခဲ့တဲ့ပွဲစဥ်မှာ နော်ဝစ်ချ်ပရိတ်သတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတဲ့  ဂေးမား ကိုဇန်နဝါရီမှာ ပြန်ခေါ်ဖို့ရှိလားဆိုတဲ့မေးခွန်းကို တူချယ်က အခုလိုပဲ  ဖြေသွားခဲ့ပါတယ်။

အရိုးသားဆုံးပြောရရင် ကျွန်တော် တွေးကိုမတွေးရသေးတဲ့အကြောင်းပါပဲ။ အသင်းရဲ့ လက်ရှိပွဲတွေကိုပဲ အာရုံစိုက်နေပါတယ်။  လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ပွဲအတွက်ပဲ အလုပ်များနေကြပြီး အခြားအကြောင်းအရာအတွက် အချိန်မပေးနိုင်သေးပါဘူး။ ဒါကြောင့် အခုကိစ္စကိုတော့ အဖြေမပေးနိုင်သေးပါဘူး  လို့ပြောသွားခဲ့တာဖြစ်ပါတယ်။  နော်ဝစ်ကစားဖော် ကန်နီ မက်လီယန် ကလဲ  အခုလို ဂေးမား တစ်ယောက်ထဲအပေါ် ပုံချလှောင်ပြောင်ခဲ့ကြတဲ့ ပရိသတ်တွေအပေါ်  မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။

လေ့ကျင့်ရေးကွင်းမှာ ပြန်မြင်ရတဲ့ ဆေးဗားလ်နဲ့  ဝါနာ

တိုက်စစ်မှုး တီမိုဝါနာ နဲ့နောက်ခံလူ ဆေးဗားလ်တို့ဟာ လေ့ကျင့်ရေးကွင်းမှာ ပြန်လည်ပူးပေါင်းနေကြပြီ ဖြစ်ပြီး  လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိနေပါတယ်။  Football London   မှ   ဆမ်အင်ကာဆိုလ်း  ရဲ့ဖော်ပြချက်အရ  ကိုဗစ်ကြောင့်နားနေရတဲ့ ဝါနာ ဟာလန်းလန်းဆန်းဆန်းရှိနေပြီဖြစ်ပြီး ၊  ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာကြောင့်ပွဲပြည့်မကစားနိုင်တဲ့ ဆေးဗားလ် လဲလေ့ကျင့်ရေးဆင်းနေတယ်လို့ သိရပါတယ်။

အင်တာကစားဖော်ဟောင်းကို   ချဲလ်ဆီးအသင်းဆီ မလာဖို့  လူကာကူနောက်ပြောင်ပြောဆို

ဟိုးလေးတကျော်နာမည်ကြီးနေတဲ့  လူကာကူရဲ့ အင်တာဗျူးအစီအစဥ်မှာ   အသင်းဖော်ဟောင်း လိုတာရိုမာတီနက် နဲ့ပတ်သတ်တဲ့မှတ်ချက်အချို့လဲပါဝင်နေပါတယ်။  လူကာကူ က အခုလိုပဲ သူ့ရဲ့ကစားဖော်အကြောင်း ပြောပြခဲ့တာပါ။

ကျွန်တော်သူ့ကို တကယ်လွမ်းနေပြီဗျာ ..  သူနဲ့စပြီးတွဲကစားရတဲ့နေကထဲက  သူ့အတွက်ဆို သေပါသေပေးနိုင်ပါတယ်လို့ ခံစားရတာပါ။  လိုတာရို  က ချဲလ်ဆီးပြောင်းလာမယ်လို့ ထင်နေလား ? “မလိုပါဘူးကွာ ..  မင်းကတော့ မီလန်မှာပဲဆက်နေပါ လိုတာရို ရေ  .. ငါပဲပြန်လာခဲ့မယ်”   ဆိုပြီး ဟာသလုပ်ပြောသွားခဲ့တာဖြစ်ပါတယ်။   တူချယ်ကတော့ လူကာကူရဲ့ဖြေဆိုမှုတွေအတွက် တစ်ဦးချင်းတွေ့ပြီး ဆွေးနွေးသွားမယ်လို့  ထုတ်ပြန်ထားပါတယ်။

အီမာဆင်ကို ပြန်ခေါ်ဖွယ်ရှိတယ်လို့  တူချယ်ထုတ်ပြောလာ

ချေးဝဲလ်နေရာအစားထိုးဖို့အတွက် အပူတပြင်းရှာဖွေနေရတဲ့ တူချယ်ဟာ  လိုင်ယွန်အသင်းထံအငှားချထားတဲ့ ဘရာဇီးသား အီမာဆင်ကို ပြန်လည်ခေါ်ယူဖို့ စဥ်းစားနေတယ်လို့     Evening Standard သတင်းစာက ဖော်ပြလာပါတယ်။ အဆိုပါ ၂၇ နှစ်သားဟာ ရာသီအစတုန်းက တူချယ်ရဲ့အစီအစဥ်မှာ မပါဝင်တာကြောင့်   တစ်ရာသီအငှားနဲ့သွားကစားနေတာဖြစ်ပေမယ့်  အခြေအနေတွေအရ ပြောင်းလဲ စီစဥ်နေရတာဖြစ်ပါတယ်။

ကျွန်တော်မညာချင်ပါဘူး .. ချေးဝဲလ်ရဲ့ အခြေအနေတွေကို စောင့်ကြည့်နေခဲ့ပြီး အခုတော့အဖြေတစ်ခုထွက်လာပြီဖြစ်ပါတယ်။  ဒီတော့ အမြန်ဆုံးနည်းလမ်းတစ်ခုကတော့ ကျွန်တော်တို့ သိထားပြီးသား ၊ အသင်းနဲ့အဆင်ပြေပြီးသား   အီမာဆင် ကိုပြန်လည်ခေါ်ယူဖို့ပါပဲ။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကို ပြန်ကြည့်ရပါဦးမယ်။ လာမယ်ရက်တွေမှာ  တစ်ခုခုထူးမှာပါ    လို့   ပွင့်ပွင့်လင်းလ်ငးပြောသွားခဲ့တာဖြစ်ပါတယ်။

အနားယူရမှာဖြစ်ပေမယ့် ခွဲစိတ်မှုနဲ့လွတ်သွားတဲ့ဂျိမ်းစ်

ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမား ဂျိမ်းစ်ဟာ ခွဲစိတ်မှုကိုရှောင်လွှဲနိုင်ခဲ့ပေမယ့်  ၆ ပတ်ကနေ ၈ ပတ်အကြားအနားယူရဖွယ်ရှိတယ်လို့  Telegraph သတင်းဌာနရဲ့   မတ်လောရဲ့ တင်ပြချက်အရ  သိရပါတယ်။ အခြေအနေအရ  ဂျိမ်းစ်ဟာ မတ်လမှာကစားမယ့်  ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဥ်ရောက်မှပြန်ကစားနိုင်ဖွယ်ရှိနေပြီဖြစ်ပါတယ်။

အရိုဂျိုကို အပြိုင်ကြိုးစားလာကြ

ဘန်ချေးဝဲလ်နေရာကိုအစားထိုးဖို့ လျာထားတဲ့အပြင် တူချယ်ရဲ့စိတ်ကြိုက်ကစားသမားတစ်ယောက်ဖြစ်တဲ့  ဘာစီလိုနာရဲ့  အရိုဂျိုကို  မန်ချက်စတာယူနိုက်တက်ကလည်း ချဥ်းကပ်လာပြီဖြစ်တယ်လို့    iVision Sport သတင်းကဖော်ပြထားပါတယ်။ သတင်းတွေအရတော့  အရိုဂျိုကို ပေါင်သန်း ၃၀ ခန့်နဲ့  ချဲလ်ဆီး ၊ လီဗာပူးတို့အပြိုင်စတင်ကြိုးစားနေကြတယ်လို့ဆိုပေမယ့် အခိုင်အမာတော့မဟုတ်သေးပါဘူး။ ကစားသမားဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၁၈ လခန့်သာကျန်တော့တဲ့အခြေအနေဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: