ဗီလာအတွဲကို ခေါ်ယူချင်တယ်ဆိုပြီး သတင်းထွက်လာတဲ့ အာဆင်နယ်

အက်စတွန်ဗီလာအသင်းရဲ့  ကစားသမား အတွဲအစပ်ကို အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတယ်ဆိုတဲ့ အကြောင်းဟာ နှစ်သစ်နဲ့အတူ  ရုတ်တရက် ကျယ်လောင်လာခဲ့ပါတယ်။  တိုက်စစ်မှုး ဝက်စ်ကင်အပါအဝင်  အီယန်ရိုက်ချီးကျုးဖူးတဲ့   ကွင်းလယ်လူ ဒေါက်ဂလပ်စ်  ကိုပါ အာတီတာက မျက်စေ့ကျနေတယ်လို့   ဆိုပါတယ်။ ဝက်စ်ကင် ကတော့အရင်ကထဲကလည်း သတင်းကြီးနေဖူးတာဆိုတော့ အသစ် အဆန်းမဟုတ်ပေမယ့် ကွင်းလယ်လူကတော့ အခုမှထွက်လာတာပါ။ အာဆင်နယ်အသင်းရဲ့  ထုံးစံအရ ခေါ်ခါနီးမှကပ်ပြီးနာမည်ထွက်တတ်တာမျိုးလဲရှိတော့  ဂန်းနားတို့ ဘာလုပ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဗီလာနည်းပြသစ် စတီဗင်ဂျာရတ်အတွက်တော့ အလုပ်များသွားပြီလို့ဆိုရမှာပါပဲ။

ဒီဇင်ဘာလရဲ့  နောက်ဆုံးရက်မှာ  ESPN အပါအဝင် သတင်းဌာနအတော်များများမှာ ဗီလာတိုက်စစ်မှုး ဝက်စ်ကင် ကို အာတီတာက ခေါ်ယူလိုနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ  အာဆင်နယ်ပရိသတ်တွေဟာ အလွန်စိတ်လှုပ်ရှားသွားကြတယ်လို့   Sport Blog တွေကဖော်ပြလာပါတယ်။  ဝက်စ်ကင်ဟာ ယခုနှစ်ရာသီမှာ ဗီလာအသင်းအတွက်  ၁၆ ပွဲကစား  ၅ ဂိုးသွင်း  ၁ ဂိုးဖန်တီးပေးထားနိုင်သူဖြစ်ပြီး  နည်းပြဂျာရတ်ရဲ့ အဓိက ကစားသမားတစ်ဦးလဲဖြစ်ပါတယ်။  အာတီတာက သူ့ကိုအနှစ်သက်ဆုံးဖြစ်ရတဲ့အချက်က တိုက်စစ်ရဲ့ နေရာစုံမှာ အားသွန်ခွန်စိုက်ကစားနိုင်တာကြောင့်လို့ သိရပါတယ်။

ဒါ့အပြင် လောလောလတ်လတ်ထွက်လာတဲ့ သတင်းကတော့  အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ဂလပ်စ်လူးဝစ် အကြောင်းပါပဲ။ သူကလဲ ကွင်းလယ်လူအသဲအသန်လိုအပ်နေတဲ့ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ထဲမှာ ပါဝင်တယ်လို့  သတင်းများစွာက ဖော်ပြလာပါတယ်။  အဆိုပါကစားသမားဟာ  ဒီရာသီမှာ ဗီလာတို့အတွက်  ၃ ဂိုးဖန်တီးပေးထားနိုင်ပြီး  ၊ ဗီလာအသင်းကို ၂၀၁၉ ခုနှစ်တုန်းက  ပေါင် ၁၅ သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဗီလာပရိတ်သတ်တွေကတော့ ဒီသတင်းအပေါ်မှာ လှောင်ပြောင်နေကြပြီး သူတို့ရဲ့ကစားသမားကို လိုချင်ရင် ပေါင်သန်း ၇၀ အသင့်ပြင်ထားဖို့အတွက် အာဆင်နယ်အသင်းကို  ဆိုရှယ်မီဒီယာကနေ တစ်ဆင့် ပြန်လည်တုန့်ပြန်နေကြပါတယ်။

ဂန်းနားကြီး အီယန်ရိုက်ကလည်း  ဒေါက်ဂလပ်စ် ဟာ  နာမည်အရမ်းမကြီပေးမယ့်  စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့  ဗီလာနဲ့ပွဲအပြီးမှာ ချီးကျူးဖူးပါတယ်။ ဒါပေမယ့် HITC   ရဲ့ သုံးသပ်ချက်အရတော့ ဒီသတင်းက  ကောလာဟာလ သာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အကြောင်းရင်းကတော့  ရှာခါနဲ့ ပါတေးကိုကျော်လွန်ပြီး နေရာရနိုင်တဲ့ကစားသမားမျိုးမဟုတ်တာကြောင့် အသင်းကို  လူပိုတောင့်ရုံကလွဲပြီး ကြီးမားတဲ့သက်ရောက်မှုလုပ်နိုင်မှာတော့မဟုတ်ဘူးလို့ ဆိုထားတာပါ။ သူတို့အမြင်အရ အာတီတာဟာ အသင်းကိုလှန်ချသလိုပြောင်းလဲနိုင်တဲ့ ခေါ်ယူမှုမျိုးကို ပိုအားသန်တယ်လို့ ဆိုထားတာပါ။

ဒီသတင်းတွေဟာ မီဒီယာတွေရဲ့လက်ချက်လား ၊ တကယ်ပဲ အာဆင်နယ်အသင်းရဲ့လုပ်ဆောင်ချက်တွေလားဆိုတာ‌တော့ပြောရခက်နေသေးပေမယ့် ပရိတ်သတ်တွေကြားမှာတော့ ရုတ်တရက်ရေပန်းစားသွားခဲ့ပြီဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: