ချဲလ်ဆီးအသင်းဟာ ရာသီအစမှာ ပရီးမီးယားလိဂ်ဆုဖလားကိုစိန်ခေါ်နိုင်ဖို့အတွက် အလားအလာကောင်း တွေပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းအဖြစ်ထင်ကြေးပေးခံထားရပြီး ၊ အသင်းအနေနဲ့လဲ နိုင်သင့်တဲ့ ပွဲတွေကို ရလဒ်ကောင်းကောင်းဖြင့်အနိုင်ယူခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁ နေ ရာကိုအခြေအနေတခုထိ ထိန်းထားနိုင်ခဲ့တဲ့ အသင်းလဲ ဖြစ်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းပွဲစဥ်တွေမှာ အသင်းအနေနဲ့ ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းပါ ရုန်းကန်လာခဲ့ရပါတယ်။ ဒါကလည်း အသင်းမှာလက်ရှိ ကြုံတွေ့နေရတဲ့ ဒဏ်ရာပြဿနာတွေ၊ ကိုဗစ် ကူးစက်ခံထားရတဲ့အခြေအနေတွေ ၊ ကစား သမားမစုံလင်ခြင်းစတဲ့အကြောင်းပြချက်တွေ ကြောင့်လည်း ဖြစ်ပါတယ်။
ဒီနှစ်နွေရာသီကမှ ပေါင်သန်း ၉ဝ ဝန်းကျင်နဲ့ ခေါ် ယူထားတဲ့ အသင်းရဲ့တိုက်စစ်မူးဟောင်း လူကာကူ ကို စီးရီးအေ ကနေပြီး တဖန်ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မီဒီယာတွေအနေနဲ့ဝေဖန် ထောက်ပြစရာတွေရှိခဲ့ပေမယ့် အသင်းကြီးတသင်း အနေရဲ့ ကစားသမားအင်အားထပ်ဖြည့်သည့်သဘော အပြင် လူကာကူလိုကစားသမားမျိုးကလဲ အသင်းဟောင်းအပေါ်ပြန်လည်ကစားပေးလိုသောကြောင့် ဖြစ်ခဲ့ရတယ်လို့ပဲ သတ်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် မနေ့က Sky Sport နဲ့အင်တာဗျူးမှာ လူကာကူက အသင်းရဲ့အခြေအနေတွေကို အားရကျေနပ်မူ မရှိကြောင်း ထုတ်ဖော်ပြောကြာခဲ့တာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေအပြင် အသင်းပရိတ်သတ်တွေကပါ ဝေဖန်မူတွေရှိခဲ့ပါတယ်။
အသင်းအနေနဲ့ အကြောင်းမျိုးစုံတို့နဲ့ ရုန်းကန်နေရတဲ့ အချိန်မှာ နောက်ထပ်ပြောစရာ အကြောင်းတခုဖြစ်လာတယ်ဆိုပြီးတော့လဲ ပရိတ်သတ်တွေကပါဝေဖန်ရေးသားလာကြပါတယ်။ ဒါ့အပြင် လူကာကူကိုယ်တိုင် ကလဲ ဒီရာသီ ချဲလ်ဆီးမှာ သာမန်ကစားသမားတယောက်ထက်မပိုတဲ့ ခြေစွမ်းမျိုးကိုသာ ပြသထားပြီး ပေးချေခဲ့ရတဲ့ တန်ကြေးနဲ့ ခြေစွမ်းဟာ မတန်တဲ့အနေထားမှာရှိတယ်ဆိုတဲ့ အကြောင်းပါ ပြန်လည်ဝေဖန်လာကြပါတယ်။
အခုအနေအထားအရ ချဲလ်ဆီးအသင်းဟာ အဆင့် ၁ နေရာက မန်စီးတီးအသင်းနဲ့ ရမှတ် ၈ မှတ်ထိကွာဟနေပြီး နောက်ဆုံးကစားထားတဲ့ ပွဲ ၅ ပွဲမှာ ၃ပွဲထိ သရေကျထားခဲ့ပြီး ၂ ပွဲဘဲ အနိုင်ရလဒ်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ရှေ့လာမယ့် ပွဲစဥ်တွေဟာလဲ လီဗာပူး၊ စပါး စတဲ့အသင်းတွေနဲ့ ယှဥ်ပြိုင်ကစားရမှာ ဖြစ်တာကြောင့် နည်းပြတူချယ် အနေနဲ့ ဘယ်လိုမျိုးစီမံခန့်ခွဲသွားမလဲဆိုတာက စိတ်ဝင်စားစရာကောင်းနေပါတယ်။
လူကာကူ ရဲ့အင်တာဗျူးကိစ္စနဲ့ပတ်သက်ပြီး နည်းပြက
” အသင်းနိုင်ပွဲရပြီး အဆင်ပြေနေရင် အရာရာဟာ လွယ်ကူပါတယ်။ ကျွန်တော် တို့အနေနဲ့ ဒီလိုအဆင်မပြေတဲ့အခြေအနေတခုကို ဖြတ်သန်းနေတဲ့ကာလမှာ အသင်းသားတွေအနေနဲ့ ပိုပြီးစည်းရုံးဖို့လိုပါတယ်။ ဒီလိုမျိုးအင်တာဗျူးက နောက်ထပ်ပြဿနာတခုကို ဆွဲခေါ်လိုက်သလိုပါဘဲ။ ဒါပေမယ့် လူကာကူဟာ အသင်းရဲ့အစီအစဥ်တိုင်းမှာ တက်တက်ကြွကြွနဲ့ လုပ်ဆောင်နေတဲ့ကစားသမားတယောက်ပါ။ ခင်ဗျားတို့သာ သူ့နေရာမှာဆိုရင် ဒီလိုကိစ္စမျိုးကို အလွယ်တကူနားလည်ခံစားနိုင်ပါတယ်။ လူကာကူရဲ့ ကြီးကျယ်တဲ့စွမ်းဆောင်ရည်တွေနဲ့ ကစားသမားမျိုးတယောက်က အခုလိုမျိုးပြောကြားတာဟာ စောဒကတက်စရာမလိုတဲ့ အကြောင်းအရာပါပဲ ..ကျွန်တော်သူနဲ့ဆွေးနွေးသွားမှာပါ”
ဆိုပြီးပြန်လည်ချေပထားခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ချဲလ်ဆီးအသင်းဟာ အကြပ်အတည်းကြားထဲကို ကွက်တိရောက်ရှိနေပြီဖြစ်ပါတယ်။
Leave a Reply