ဘန်ချေးဝဲလ်နေရာ ဘယ်သူလာမလဲ

ဘန်ချေးဝဲလ်က  သူ့ရဲ့ အရွတ်ကြောဒဏ်ရာကိုခွဲစိတ်မှုခံယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့အတူ ရာသီကုန်အထိသူမကစားနိုင်ဖို့လဲ သေချာသွားခဲ့ပါတယ်။  တဆက်ထဲမှာပဲ သတင်းမီဒီယာတွေထက်မှာ  တောင်ပံနောက်ခံလူတစ်ယောက်အသဲအသန်လိုအပ်နေတဲ့ ချဲလ်ဆီးအကြောင်း ဆူညံသွားခဲ့ပါတယ်။ တိုက်စစ်မှုးတွေ တစ်ယောက်မှမရှိချိန်မှာ ရှေ့တက်ကစားပေးသူတွေရဲ့  နေရာလွတ်ရှာဖွေမှုကနေ  ဂိုးတွေရအောင်ယူသွားကြတဲ့ ချဲလ်ဆီးကစားကွက်မှာ  နောက်ခံအစွန်လူတွေရဲ့ အရေးပါမှုက မိတ်ဆက်နေစရာမလိုပါ။ 

ဒီတော့ ချဲလ်ဆီးတို့အနေနဲ့ ကစားသမားသစ်ရှာဖို့က အလွန်အရေးကြီးတဲ့အခြေအနေ ရောက်သွား ခဲ့ပြီဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဘယ်နောက်ခံအဖြစ် အလွန်ဆိုတစ်ယောက်သာ ရှိနေတဲ့ အနေအထားရောက်ခဲ့ပါပြီ။ တကယ်တော့ ချဲလ်ဆီးတို့အပူတပြင်းပြင်ဆင်နေခဲ့တာက ဗဟိုနောက်ခံလူ ဖြစ်ပြီး အခုတော့အခြေအနေအရ အစွန်လူအရင်ရှာရတော့မယ့်ပုံပါ။

အသင်းနဲ့နာမည်ထွက်နေတဲ့ ကစားသမားများစွာထဲက ရေပန်းအစားဆုံးသူအချို့အကြောင်းနဲ့ ကစားပုံတွေကို နဲနဲချင်းစီ လေ့လာကြည့်ရအောင်ပါ။

လူးကပ်စ်ဒစ်ဂ်နေး

လက်ရှိမြင်တွေနေရတဲ့ခြေစွမ်းတွေကို သာ ပုံမှန်ရနိုင်မယ်ဆိုရင်တော့ ဒီပြင်သစ်သားဟာ ချဲလ်ဆီးလိုအပ်နေတဲ့ ကစားသမား တစ်ယောက်ပါပဲ။ အသင်းခေါင်းဆောင်အတွေ့အကြုံလဲ ရှိထားတာကြောင့် တော်တော်လေးအသုံး တည့်ပါလိမ့်မယ်။ ကြံ့ခိုင်တယ် ၊ ဂိုးသွင်းနိုင်တယ်  ၊    Diagonal Pass တွေကောင်းကောင်းလုပ်နိုင်တယ်။ လက်ရှိလည်း အဲဗာတန်က ထွက်ဖြစ်မှာသေချာသလောက်ပါပဲ။ ချဲလ်ဆီးနဲ့ လမ်းကြောင်းပေး‌ရေးသားခြင်းခံရတဲ့ ကစားသမားပါပဲ။

နီကိုးလပ်စ် တက်ဂ်လီယာဖီကို

ဒီအေဂျက်စ် နောက်ခံလူနဲ့ ချဲလ်ဆီးကြားမှာ ဆွေးနွေးမှုတွေတောင်စနေပြီလို့ ဆိုကြပါတယ်။  သူ့ရဲ့ကစား ပုံကတော့ နှစ်သက်စရာကောင်းပါတယ်။ တိုက်စစ်လိုက်ပါနိုင်စွမ်းရှိသလို  ခံစစ်မှာလည်း တော်တော်လေးအား ကောင်းသူပါ။  မြန်နှုန်းမြင့်တိုက်စစ်မှုးတွေကို ထိန်းကြောင်းဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေလဲ စုံလင်သူလို့ ကောက်ချက်ချရပါလိမ့်မယ်။ အသင်းကိုရောက်လာဖို့များတဲ့ ကစားသမားပါပဲ။

သီအို ဖာနန်ဒက်စ်

သူ့ကိုစိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်လာတဲ့အခါ ချဲလ်ဆီးပရိတ်သတ်တွေအားလုံး စိတ်လှုပ်ရှားသွားကြပါတယ်။ တိုက်စစ်ကိုလိုက်ပါမှုအားကောင်းတဲ့အတွက် အေစီမီလန်ပွဲတိုင်းမှာ ထင်ပေါ်နေတဲ့ သီအိုကို ချဲလ်ဆီးနဲ့အတူ တွဲမြင်ကြည့်ရတဲ့အခါ  စိတ်ကူးယဥ်လို့တော်တော်လေးကောင်းတဲ့ အနေအထားတစ်ခုဖြစ်လာပါတော့တယ်။  နောက်ခံလူတွေဂိုးအပြိုင်သွင်းကြတဲ့ ချဲလ်ဆီးမှာ သီအိုဖာနန်ဒက်စ်ပါဝင်လာရင် ပိုပြီးမြိုင်လာမှာပါ။ ဒါပေမယ့် ရှေ့အတက်ကောင်းလို့ နောက်တန်း ဟောင်းလောင်းဖြစ်ကျန် ခဲ့တယ်ဆိုတာလဲ အဆိုပါ ဘရာဇီးသားရဲ့ မှတ်တမ်းမှာ မကြာခနတွေ့ရပါတယ်။

အရိုဂျို

ငယ်ရွယ်နုပျိုခြင်းနဲ့  ဘာစီလိုနာဟန်အပြည့်ပါနေတဲ့ ကစားသမားပါပဲ။ တစ်ခါတစ်လေလဲရှေ့တန်းမှာ ပါတွေ့ရ တတ်သေးတဲ့ ကစားသမားပါ။ တိုက်စစ်အားသန်မှု ၊ နည်းစနစ်ကျွမ်းကျင်မှုနဲ့ တစ်ဦးခြင်း အရည်အသွေးတွေ ကတော့ စပိန်သားတစ်ယောက်ဖြစ်တာကြောင့် သိပ်ပြီးအံ့သြစရာ မလိုတော့ပါဘူး။ အရှေ့ မှာဖော်ပြခဲ့တဲ့ကစားသမားတွေလောက် သတင်းတွေက ချဲလ်ဆီးနဲ့အတူတွဲပြီး ဖော်ပြခြင်းမရှိပေမယ့် တူချယ်ရဲ့ အကြိုက်ကစားသမားလို့တော့သိရပါတယ်။

မက်တီဆန် နဲ့  ပယ်လ်မီရီ ကိုပြန်ခေါ်မယ်

ဒါကတော့ အမြန်ဆုံးနည်းလမ်းပါပဲ။ ကိုယ့်အသင်းကနေ အငှားထွက်ကစားပြီး ခြေစွမ်းပြနေကြတဲ့ ကစားသမားလေးတွေကို ပြန်ခေါ်တာဟာ အကယ်ဒမီထွက်တွေကိုလည်း နေရာပေးရာရောက်ပါတယ်။ တဖက်မှာတော့ ဒီလူငယ်လေးတွေဟာ စီနီယာအသင်းကြီးအဆင့်ကို မှီနေကြပြီလားဆိုတဲ့ မေးခွန်းတော့ ရှိနေပါတယ်။ အပြောင်းအရွှေ့ကာလမှာ အလောတကြီးခေါ်ယူမှုတွေမလုပ်ချင်ဘူးဆိုရင်တော့  ဒီရာသီ တစ်ဝက်ကို လူငယ်တွေရဲ့အားနဲ့ထိန်းကြောင်းသွားရင်လဲ သွားနိုင်ပါတယ်။

ဒီကစားသမားတွေ ကတော့   နိုင်ငံတကာဆောင်းပါးတွေမှာဖော်ပြတာတွေကို Miracle In Blues စုဆောင်းပြီး     ပြန်လည်သုံးသပ်ရေးသား ပေးလိုက်တာဖြစ်ပါတယ်။ ဆွေးနွေးလိုတာရှိရင်လဲ ဆွေးနွေးသွားကြပါဦး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: