ဘရိုက်တန်နဲ့ပွဲစဉ်မှာ အနိုင်သုံးမှတ်သေချာဖို့ ဘယ်သူတွေကို တူချယ်ပွဲထုတ်လာမလဲ

ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ဘရိုက်တန်နဲ့ ပွဲစဉ်အတွက် ချဲလ်ဆီးဟာ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးနောက် သိပ်မကြာခင်မှာပဲ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ်တစ်ခုကို ချဲလ်ဆီးဟာ ရင်ဆိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။ချဲလ်ဆီးဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား အဆင့်တစ်နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးနဲ့ ခြောက်မှတ်ကွာဟနေပါတယ်။ ဒါ့အပြင်အနီးကပ်ဆုံးပြိုင်ဖက် လီဗာပူးအသင်းကလဲ အမှတ်လျော့သွားတဲ့အတွက် ဇယားထိပ်မတက်ခင်မှာ အဆင့် ၃ကနေ တက်လှမ်းနိုင်ဖို့အတွက် အနိုင် ၃ မှတ်ကို လိုအပ်လာပြီလဲဖြစ်ပါတယ်။ ချန်ပီယံဆုအတွက် မန်စီးတီးကို့ ကျော်ဖြတ်ဖို့ ဆိုရင် အများကြီးကြိုးစားရမှာဖြစ်ပြီး အမှားခံလို့ မဖြစ်တော့တဲ့ အနေအထားပါပဲ။

အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာပါ၀င်ခဲ့တဲ့ ကန်တီနဲ့ သီယာဂိုဆေးလ်ဗားတို့ကတော့ ဒဏ်ရာပြဿနာတွေကြောင့် ဘရိုက်တန်နဲ့ ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ကြောင်း တူချယ်က အတည်ပြု ပေးခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ်မှာ အဓိကကစားသမားနှစ်ဦးကို ဆုံးရှုးထားရပေမယ့် တိုက်စစ်မှာတော့ လူကာကူကို ပွဲထွက်လူစာရင်းမှာ အသုံးပြုနိုင်တာက ကျေနပ်စရာပါပဲ။

ဒီတော့ ဘရိုက်တန်နဲ့ပွဲစဉ်မှာ တူချယ် ပွဲထုတ်လာဖွယ်ရှိတဲ့ ကစားသမားအခင်းအကျင်းကို ခန့်မှန်း တင်ဆက်လိုက်ရပါတယ်။

ဂိုး

မန်ဒီပဲ ဆက်လက်ပွဲထွက်လာမှာ ဖြစ်ပါတယ်။

နောက်တန်း 

အဓိက ကစားသမား ရူဒီဂါက‌တော့ သေချာပေါက် ပါ၀င်လာမှာဖြစ်ပြီး ဆေးလ်ဗားရဲ့နေရာမှာတော့ ခရစ်စတီယန်ဆန်ကို အသုံးပြုမှာဖြစ်ပါတယ်။‌ ချာလိုဘတ်နေရာမှာ အက်ဇ်ပလီကျူတာ ပွဲထွက်လာနိုင်ချေ ပိုများနေပါတယ်။

ကွင်းလယ်

အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ပင်နယ်တီနှစ်ဂိုး သွင်းယူပေးခဲ့တဲ့ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်တို့ ပွဲထွက်လာနိုင်ပါတယ်။ ရိစ်‌ဂျိမ်းကိုတော့ သူရဲ့ကစားနေကြနေရာ Right Wing Back မှာပဲ မြင်တွေ့ရမှာ ဖြစ်ပြီး Left Wing Back မှာတော့ မားကိုစ်အလွန်ဆိုအစား ဆာအူး နီဂွက် ပွဲထွက်လာနိုင်ချေများနေပါတယ်။

ရှေ့တန်း

အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ လူစား၀င်လာခဲ့ပြီးအထူးခြေစွမ်းပြခဲ့တဲ့ လူကာကူကတော့ ပွဲထွက်လူစာရင်းမှာ ပါ၀င်လာဖို့ ရာနှုန်းပြည့်ပါပဲ။ တူချယ်ဟာ ဒီပွဲမှာတော့ ပူလီဆစ်ကို အနားပေးသွားဖို့ ရှိနေပါတယ်။

မေဆင်မောင့်နဲ့ အိုဒွိင်းတို့ ကိုတော့ တိုက်စစ်မှာ လူကာကူနဲ့ တွဲဖက်ပြီး မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီညပွဲစဉ်အတွက် စိတ်၀င်စားစရာအကောင်းဆုံးဆုံးက လူကာကူ၊ မေဆင်မောင့်၊ အိုဒွိင်းတို့ ရဲ့ တိုက်စစ်အတွဲအဖက်ပဲဖြစ်ပါတယ်။

ကစားကွက် အခင်းအကျင်း ၃-၄-၃

ဂိုး မန်ဒီ

နောက်တန်း   ရူဒီဂါ၊ ခရစ်စတီယန်၊ အက်ဇ်ပလီကျူတာ

ကွင်းလယ်   ဂျော်ဂျင်ဟို၊ ရိစ်ဂျိမ်း၊ ဆာအူးနီဂွက်ဇ်၊ ကိုဗာဆစ်

ရှေ့တန်း    လူကာကူ၊ မေ‌ဆင်မောင့်၊ အိုဒွိင်း

ဒါ့အပြင် လေ့ကျင့်ရေးကွင်းမှာ အကယ်ဒမီ ကစားသမား အချို့ကို ခေါ်ယူလေ့ကျင်ထားခဲ့တာကြောင့် ထင်မှတ်မထားတဲ့ လူစားထိုးမှုအချို့ကိုလဲမြင်တွေ့ရဖွယ်ရှိနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: