နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (29Dec)

တူချယ်ရဲ့လေ့ကျင့်ရေးကို လာရောက်လေ့လာမယ့်  ကန်နဗားရိုး

အီတလီဂန္တဝင် ကန်နဗားရိုးဟာ ဥရောပအဆင့်မှာနည်းပြလုပ်ဖို့ပညာရှာတဲ့အနေနဲ့ တူချယ်နဲ့  ပက်ပ်ဂွာဒီယိုလာတို့ရဲ့ လေ့ကျင့်ရေးအစီအစဥ်တွေကို သွားရောက်လေ့လာဖို့ရှိတယ်လို့    Football Italia နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ပြောသွားခဲ့ပါတယ်။  တရုတ်ပြည်ကနည်းပြဘဝ ကိုလောလောလတ်လတ် စွန့်ခွာလာခဲ့တဲ့  ဖေဘီယိုဟာ သူ့ရဲ့နောက်ထပ် တဆင့်အတွက်ပြင်ဆင်နေတာဖြစ်ပြီး နာမည်ကျော်အသင်းတွေမှာနည်းပြဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ချေးဝဲလ် ခွဲစိတ်မှုခံယူမှာဖြစ်လို့   ရာသီကုန်ထိနားရတော့မယ်

ဘန်ချေးဝဲလ်ဟာ သူ့ရဲ့ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူတော့မှာဖြစ်လို့  ရာသီကုန်အထိအနားယူရဖို့သေချာသွားခဲ့ပြီဖြစ်ပါတယ်။  Goal  ရဲ့ ဖော်ပြချက်အရတော့ တူချယ်ဟာ မာလန်ဆားရ်အသင်းမပြောင်းအောင်အရင်ဆုံးကြိုးစားမှာဖြစ်ပြီး ၊ ကစားသမားသစ်လည်းအပူတပြင်းခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ်တော့ တူချယ်နဲ့ နာမည်ထွက်နေတဲ့နောက်ခံလူများစွာထဲကမှ  အဲဗာတန်ရဲ့ ဒစ်ဂ်နေး က ဖြစ်နိုင်ချေအများဆုံးရှိနေပါတယ်။

အငှားချလူငယ်ကို ပြန်ခေါ်ပေးဖို့  ပရိတ်သတ်တွေ ဆန္ဒရှိနေကြ

ချဲလ်ဆီးအသင်းပရိတ်သတ်တွေဟာ  ကိုဗင်ထရီစီးတီးအသင်းကိုအငှားချထားတဲ့ လူငယ်ကစားသမားလေး အီယန်မတ်ဆန်ကို အသင်းကိုပြန်လည်ခေါ်ယူဖို့ တူချယ်ကို တိုက်တွန်းနေကြတယ်လို့   Coventry Telegraph Net  ကဖော်ပြသွားပါတယ်။ ဘန်ချေးဝဲလ်ရာသီကုန်ထိနားရတော့မှာဖြစ်လို့ အသင်းမှာ နောက်တန်းလိုအပ်ချက် အလွန်ကြီးမားသွားခဲ့တာကြောင့် ခြေစွမ်းပြနေတဲ့လူငယ်ကိုပြန်ခေါ်ယူစေလိုကြတာဖြစ်ပါတယ်။

ဟာဗက်စ်နဲ့ ဇီယက်ချ်တို့ လေ့ကျင့်ရေးပြန်ဆင်းနေကြ 

ဗီလာနဲ့ပွဲမှာ မပါဝင်နိုင်ကြတဲ့ ဟာဗက်စ် နဲ့ ဇီယက်ချ်တို့ဟာ  ဘရိုက်တန်နဲ့ပွဲမတိုင်ခင် ‌လေ့ကျင်ရေးအစီအစဥ်မှာပြန်လည်ပါဝင်လာခဲ့ကြပြီး လူငယ်ကစားသမားအများစုကိုလည်း အတူတူတွေ့ရတယ်လို့   The Chelsea Chronicle ကဖော်ပြသွားခဲ့ပါတယ်။  တူချယ်ရဲ့ လူငယ်လေးတွေဖြစ်ကြတဲ့  ဘဲလ် ၊ ဗေးလ် နဲ့ ဆိုင်မွန် တို့ဟာ ဘရန်ဖို့ဒ်ကိုနိုင်တဲ့ပွဲမှာခြေစွမ်းပြခဲ့ကြပြီး ပထမအသင်းကြီးနဲ့အတူတူလေ့ကျင့်နေကြတာလဲဖြစ်ပါတယ်။  ဒါ့အပြင် ကန်တေကိုလည်း  လေ့ကျင့်ရေးအစီအစဥ်တွေမှာ အံ့အားသင့်ဖွယ်ပြန်တွေ့နေရပါတယ်။

အေဂျက်စ်နောက်ခံလူနဲ့ ဆွေးနွေးမှုတွေရှိထားပြီလို့   ရိုမာနိုပြော

အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖေဘရီဇီယိုရိုမာနိုရဲ့ ပြောကြားချက်အရ ချဲလ်ဆီးအသင်းဟာ အေဂျက်နောက်ခံလူ  နီကိုးလပ်စ် တက်လီယာဖီကို    ကိုခေါ်ယူဖို့ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနဲငယ်ကတည်းက ကြိုးစားနေခဲ့တယ်လို့   သိရပါတယ်။ နောက်ခံအစွန်လူ အပူတပြင်းလိုအပ်နေတဲ့အသင်းဟာ  ကစားသမားများစွာနဲ့ နာမည်ထွက်နေပြီး   ပြည်တွင်းပြိုင်ဖက်အဲဗာတန်ရဲ့ ဒစ်ဂ်နေးက ထိပ်ဆုံးက ရေပန်းစားနေတာဖြစ်ပါတယ်။ ရိုမာနိုရဲ့ အဆိုအရ   အသက် ၂၈ နှစ်အရွယ်အာဂျင်တီးနားသားအတွက် အေဂျက်နဲ့ချဲလ်ဆီးတို့ဟာ ဆွေးနွေးမှုအချို့တောင်ရှိနေခဲ့ပြီလို့ဆိုပါတယ်။

ကစားသမား ၅ ယောက်လူစားလဲခွင့်လိုချင်နေတဲ့ တူချယ်

နည်းပြတူချယ်က ပွဲတွေကြပ်နေတာကို နားလည်ပေမယ့် ကစားသမား ၅ ယောက် လူစားလဲခွင့် မရတဲ့အပေါ် မှာတော့  အခုလိုပဲပြောလာပါတယ်။ ကစားရမယ့် ပွဲစဥ်တွေအတွက် ကျွန်တော့်မှာ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမယ့်  ကျွန်တော့်အတွက်က ပွဲကစားရမယ့် အချိန်ဇယားက အခက်အခဲမရှိပါဘူး။  အခုက ကျွန်တော်တို့အသင်းအပါအဝင်အသင်းတိုင်းက ရုန်းကန်နေရချိန်ပါ။ အချို့ဆို ၂ ပွဲလောက်ထိ ရွှေ့ဆိုင်းထားရတာပါ။  ဒီလိုအခြေအနေတွေနဲ့ရင်ဆိုင်ရချိန်မှာ ဘာကြောင့် ကစားသမား ၅ ယောက် လူစားလဲခွင့်မပြုသလဲ စဥ်းစားလို့ကိုမရဘူးဗျာ .. မှာ ဒါမျိုးလုပ်လို့မရလို့လားဗျာ   ဆိုပြီး အားမလိုအားမရထောက်ပြသွားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: