“လူကာကူ” ပေါင်သန်းတစ်ရာ အမှန်တကယ် တန်ခဲ့ရဲ့လား

လူကာကူဟာ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဘယ်လောက်ထိအရေးပါလဲဆိုတာကို အားကစားကျွမ်းကျင်သူတွေက မကြာခဏပြောတတ်ကြပါတယ်။ဒီစကားဟာ တကယ်ပဲ မှန်ကန်ရဲ့လားဆိုတာကို မနေ့ညက ပွဲစဉ်မှာ မြင်တွေ့ ခဲ့ရပါတယ်။

မနေ့ညက အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်‌မှာတော့ လူကာကူဟာ အသင်းအတွက် အထူး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ နွေရာသီမှာ ချဲလ်ဆီးက ဘာကြောင့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ သူ့ကို ခေါ်ယူခဲ့တာလဲဆိုတာကို လူကာကူက သက်သေပြခဲ့ပါတယ်။

အက်စတွန်ဗီလာနဲ့ ပွဲစဉ်မတိုင်မီမှာ ရှေ့နှစ်ပွဲမှာ ပူလီဆစ်က အသင်းရဲ့ တိုက်စစ်မှာ False 9 ပုံစံနဲ့ကစားခဲ့ပါတယ်။ ပူလီ‌ဆစ်ဟာ ဒီ role မှာ အံ၀င်တဲ့သူမဟုတ်ပေမယ့် အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာလည်း တူချယ်ဟာ ပူလီဆစ်ကိုပဲ တိုက်စစ်မှာ ကစားစေပြန်ပါတယ်။

ပထမပိုင်းမှာ ချဲလ်ဆီးရဲ့တိုက်စစ်ကို အက်စတွန်ဗီလာနောက်တန်းက လွယ်လွယ်ကူကူပဲ တားဆီးနိုင်ခဲ့ပါတယ်။ဗီလာနောက်တန်းရဲ့ ကြံ့ခိုင်မှုကို ပူလီဆစ်ဟာ မယှဉ်ပြိုင်နိုင်ခဲ့ပဲ ပထမပိုင်းမှာ တစ်ဖက် တစ်ဂိုးစီနဲ့ သရေ ကျနေခဲ့ပါတယ်။အပြန်အလှန်ထိုးဖောက်မှုတွေပြုလုပ်ခဲ့ပြီး အက်စတွန်ဗီလာကတောင် ပိုသာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒုတိယပိုင်းမှာတော့ လူကာကူ၀င်ရောက်လာပြီး နောက်ပိုင်းမှာတော့ ထိုးဖောက်ရခက်ခဲနေခဲ့တဲ့ အက်စတွန်ဗီလာခံစစ်အတွက် ခက်ခဲတဲ့ အချိန်တွေရောက်လာခဲ့ပါတယ်။ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဟာ ကွင်းထဲ၀င်ရောက်လာပြီး ၁၀မိနစ်အကြာမှာပဲ ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

Advertisements

နာကျင်အချိန်ပိုမှာလည်း လူကာကူဟာ ပြိုင်ဘက်ကစားသမားကို‌ ကျော်ဖြတ်ပြီး ကွင်းလယ်လောက်ကနေ ဘောလုံးကို ဆွဲပြေးခဲ့ရမှာတော့ ဂိုးဧရိယာထဲအရောက်မှာ အက်စတွန်ဗီလာနောက်ခံလူ ကွန်ဆာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ပင်နယ်တီပြစ်ဒဏ်ဘော ရခဲ့ပါတယ်။ ဒီပင်နယ်တီကို ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပါတယ်။

လူကာကူရဲ့ဂိုးဟာ  ဟတ်ဆန်အိုဒွိင်းရဲ့ ပေးပို့မှုကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးပုံစံတူ ပေးပိုမှုတွေ  လူကာကူ မပါ၀င်ခဲ့တဲ့ ပထမပိုင်းမှာ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် သွင်းဂိုးတော့ဖြစ်မလာခဲ့ပါဘူး။ လူကာကူ ၀င်ရောက်လာချိန်မှာတော့ ဒါကို ဂိုးအဖြစ်သွင်းယူ‌ပေးနိုင်ခဲ့ပါတယ်။ 

လူကာကူဟာ ကြံ့ခိုင်မှု၊ လျင်မြန်မှုနဲ့ ကျွမ်းကျင်မှု သုံးမျိုးစလုံးပေါင်းစပ်ထားတဲ့ တိုက်စစ်မှူးဖြစ်ပြီး ကြံခိုင်မှုအားကောင်းတဲ့ ပရီးမီးယားလိဂ် ခံစစ်မှူးတွေကို အလွယ်တကူ ပြိုလဲစေနိုင်သူဖြစ်ပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးတိုက်စစ်ကို အလွယ်တကူ ဟန့်တားပြနေတဲ့ အက်စတွန်ဗီလာ နောက်ခံလူ တိုင်ရွန်မင်းစ် ဟာ ဒုတိယပိုင်းမှာတော့ လူကာကူကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ပါဘူး။

လူကာကူဟာ သူ့ကို ချဲလ်ဆီးက ဘာလို့ ပေါင်သန်းတစ်ရာနီးပါးပေးပြီး အင်တာမီလန်ကနေ ၀ယ်ယူခဲ့တာလဲဆိုတာကို ဒီပွဲစဉ်မှာ ပြသနိုင်ခဲ့ပါတယ်။ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့အပြင် ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံအိပ်မက်ကိုလည်း ပြန်လည် အသက်သွင်းပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ လူကာကူက

ဒီနေ့လို စွမ်းဆောင်ရည်မျိုး ကျွန်တော်လိုအပ်နေခဲ့ပါတယ်။ ကစားပွဲတွေကို အဆုံးအထိ ရင်ဆိုင်ဖြတ်သန်းရတာဟာ ခက်ခဲပါတယ်။ကျွန်တော် အလုပ်ကို ကြိုးစားပြီးလုပ်နေပါတယ်။ ဒီလိုမျိုး တိုးတက်လာအောင်ကြိုးစားခဲ့ပြီး ၊ ပြသဖြစ်ခဲ့တဲ့ ကျွန်တော်ရဲ့ စွမ်းဆောင်ရည်အတွက်လည်း ပျော်ရွှင်မိပါတယ်”

အချိန်တိုင်းမှာ အမြဲနိုးနိုးကြားကြား တက်တက်ကြွကြွဖြစ်နေဖို့ကို ကြိုးစားပါတယ်။ ကျွန်တော်ရဲ့ပထမဂိုးအတွက် ပေးပို့ခဲ့တဲ့ ဖြတ်တင်ဘောဟာ တကယ်ကို ကောင်းမွန်ပါတယ်။”

ကျွန်တော်က နေရာလွတ်တစ်ခုထဲကို ကျွန်တော်ရဲ့လျင်မြန်မှုနဲ့ ခွန်အားကို အသုံးပြုပြီး ပြေး၀င်ရတာကို ပိုသဘောကျပါတယ်”

မီဒီယာတွေကလည်း လူကာကူရဲ့ ခြေစွမ်းအပေါ် ချီးကျူးရေးသားနေကြပြီး အသင်းအတွက်လည်း လူကာကူ ပြန်လည် ပါ၀င်နိုင်တာဟာ ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ မန်စီးတီးလီဗာပူးလ်တိုနဲ့ ဆက်လက် ယှဉ်ပြိုင်ဖို့အတွက် ခွန်အားတစ်ခုပါပဲ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: