တစ်ခါတလေ ကစားသမားတွေအနေနဲ့ သူတို့လုပ်ခဲ့တဲ့ အရာတွေနဲ့ပတ်သက်ပြီး လက်ခံဖို့ခက်ခဲတတ်ကြပါတယ်။ ဒါက ဘောလုံးကစားသမားမှ မဟုတ်ပါဘူး။ လူ့သဘာဝအခြေအနေတိုင်းမှာဖြစ်တတ်တဲ့သဘောတရားတစ်ခုပါ။
ယူနိုက်တက်အသင်းဟာမနေ့က နယူးကာဆယ်ကွင်း St James’s Park မှာ သွားရောက်ရင်ဆိုင် ခဲ့ပါတယ်။ အသင်းရဲ့ရပ်တည်မူ အခြေအနေ အားလုံးဟာ လုံးဝကွဲပြားနေတဲ့ အသင်းနှစ်သင်းယှဥ် ပြိုင်ခဲ့တဲ့ပွဲမှာ တစ်ဖက် တစ်ဂိုးစီသရေရလက်ထွက် ပေါ်ခဲ့ပါတယ်။ ဒါဟာ မန်ချက်စတာယူနိုက်တက်ဖက်ကမျှော်လင့်ထားသလိုမျိုးတော့မဟုတ်ခဲ့ပါဘူး။
ဘောလုံးပွဲသုံးသပ်သူလည်းဖြစ် ၊ ဂန္တဝင်ကစားသမားဟောင်းလဲဖြစ်တဲ့ ဂယ်ရီနဗီးက ယင်းရလဒ်ထက်ပိုတဲ့ရလဒ်ရအောင်မစွမ်းဆောင် နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားတွေနဲ့ ပတ်သက်ပြီး အခုလိုမျိုး ပြောလာခဲ့ပါတယ်။
” ယူနိုက်တက်ကစားသမားတွေကသူတို့ရဲ့ အရည်အချင်းထက်စွမ်းဆောင်ဖို့ထက် ဒိုင်ရဲ့အလေးပေးမူကိုပိုပြီးတော့ လိုလားနေ ကြပါတယ်။ ကွင်းထဲမှာ တခုခုဆို လက်ထောင်ပြီးတော့တောင်းဆိုနေကြပါတယ်။ သူတို့တွေ ဘာကိုမျှော်လင့်နေကြလဲလို့ မေးရပါလိမ့်မယ်။ တစ်ပွဲတစ်မျိုး မရိုးရအောင်ပါဘဲ။ အသင်းအပေါ်ကိုကောင်းကျိုးပေးဖို့နည်းနည်း လောက်စဥ်းစားသင့်ပြီလို့ထင်ပါတယ်။ ရှေ့က နည်းပြလဲ ထွက်ခဲ့ရပြီ။ ဒီပုံစံအတိုင်းဆို အခုနည်းပြလဲ ထွက်ရမှာပါဘဲ “ ဆိုပြီး ကစားသမားတွေရဲ့စွမ်း ဆောင်ရည်အချို့နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။
ဆက်လက်ပြီး ရိုနယ်ဒိုနဲ့ပတ်သက်ပြီးတော့လည်းပြောဆိုခဲ့ပါတယ်။
”သူနဲ့ကျွန်တော်တွဲကစားခဲ့တုန်းကဒီလိုမဟုတ်ပါဘူး ။ သူက တကယ်ကောင်းမွန်တဲ့ ပြီး ပြည့်စုံတဲ့ ကစားသမားတယောက်ပါ။ ပြီးတော့သူကသမိုင်းရဲ့အကောင်းဆုံးက စားသမားတစ်ယောက်အနေနဲ့ ပိုပြီးသတိထားသင့်ပါတယ်။ ခြေစွမ်းမပြနိုင်ခဲ့ရင်တောင် ပရိတ်သတ်တွေကိုလက်ခုပ်တီးပေးဖို့က လိုအပ်ပါတယ်။ ဒါက အခုမှမဟုတ်ပါဘူး။ ရှေ့ပွဲစဥ်တွေမှာလဲ သူကလုပ်နေကျပါ” ဆိုပြီး ရိုနယ်ဒိုရဲ့ပွဲအပြီးပရိတ်သတ်တွေကို နူတ်မဆက်ဘဲ ဒီတိုင်းဥမင်ထဲကို ဝင်သွားခဲ့တာနဲ့ ပတ်သက်ပြီးပြောခဲ့တာလဲ ဖြစ်ပါတယ်။
အသင်းမှာအမြဲတန်းဦးဆောင်ကစားတတ်ပြီး အသင်းခေါင်းဆောင်တစ်ယောက်လို လွှမ်းမိုးနိုင်တဲ့ ဘရုနိုဖာနန်ဒက်စ်ရဲ့ပျောက်ဆုံးလာတဲ့ယုံကြည်မူအကြောင်းကိုလဲ ပြောသွားပါသေးတယ်။
”ပေါ်တူဂီသားတွေ ရုန်းကန်ချိန်ရောက်လာပြီလားဗျာ ၊ အရေးအကြောင်းဆို ပြာယာခတ်နေကြသလိုဘဲ။ ခြေစွမ်းပြဖို့ထက် သူဟာသူ ရုန်းကန်နေကြရတာလို့ဘဲ မြင်မိတယ်။ ထိပ်တန်းကစားသမားတွေက ဒီလိုဖြစ်ပြနေတော့ လူငယ်ကစားသမားတွေဘယ်လိုရှေ့ဆက်ကြမလဲတောင်မသိပါဘူး “ ဆိုပြီးပြောခဲ့ပါတယ်။
ဆက်လက်ပြီး ကာဗာနီက ရိုနယ်ဒိုလိုကစားသမားမဟုတ်ပေမယ့် အသင်းနဲ့ လူငယ်တွေကိုကူညီဖို့ သူ့မှာစိတ်ဓာတ်အပြည့်ရှိကြောင်းကိုလဲပြောခဲ့တဲ့အပြင် အသင်းမှာ တခုခုတော့မှားနေတာသေချာပြီဖြစ်ကြောင်း၊ နောက်ခံလူတွေဖြစ်တဲ့ ဗာရိန်းနဲ့ မက်ဂွဲယားတို့ဟာ အစတည်းက ဒီလိုလျှင်မြန်တဲ့ကစားသမားတွေအတွက် ပြန်ခုခံဖို့နည်းလမ်းမရှိခဲ့ကြောင်းကို ပါပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဒီပွဲမှာသရေကျခဲ့တာကြောင့် ယူနိုက်တက်တို့ဟာ လက်ကျန်ပွဲတွေကို နိုင်ရင်တောင် အဆင့် ၄ က အာဆင်နယ်ကိုမမှီသေးတာကြောင့် ထိပ်ဆုံးလေးသင်း ဝင်ရေးကိုပါ စိန်ခေါ်ခံလာရပြီဖြစ်ပါတယ်။
Leave a Reply