နံနက်ခင်း ချဲလ်ဆီးသတင်းမှတ်စု (28Dec)

ရာဖင်ဟာကိုခေါ်ယူဖို့ ကြိုးစားမယ့်ချဲလ်ဆီး

Sport Italia ရဲ့ သတင်းထောက် ဂီယန်လူဂီ လွန်ဂါရီရဲ့ အဆိုအရ ချဲလ်ဆီးအသင်းဟာ  လိဒ်အသင်းရဲ့တောင်ပံလူ ရာဖင်ဟာ ကို ရာသီကုန်မှာခေါ်ယူနိုင်ဖို့အတွက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။  အသက် ၂၅ နှစ်အရွယ် ဘရာဇီးသားဟာ ပြီးခဲ့တဲ့ရာသီတုန်းက  ရင်းနက်စ်အသင်းကနေ ၁၆.၇၅ သန်းနဲ့ လိဒ် ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီရာသီ ၈ ဂိုးသွင်းပေးထားနိုင်တဲ့ တောင်ပံလူကို အသင်းများစွာက စိတ်ဝင်စားနေကြတာဖြစ်ပြီး ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ စိတ်ကြိုက်ကစားသမားတစ်ယောက်လဲဖြစ်ပါတယ်။

ဂျိမ်းစ်ကိုလိုချင်လို့  ဟာဇက်ကိုပါ အလိုက်ပေးကမ်းလှမ်းမယ့် ရီးရဲ

ရီးရဲအသင်းဟာ ချဲလ်ဆီးနောက်ခံလူရိစ်ဂျိမ်းအတွက်  ပေါင်သန်း ၅၀ နဲ့အတူ ဟာဇက်ကိုပါအလိုက်ပေးကမ်းလှမ်းဖွယ်ရှိတယ်လို့  El Nacional  သတင်းဌာနက ဖော်ပြလာပါတယ်။   ဒီရာသီ ၂၂ ပွဲပါဝင်ကစားထားပြီး  ၅ ဂိုးသွင်း  ၆ ကြိမ်ဖန်တီးပေးထားတဲ့ ဂျိမ်းစ်ဟာ အလျှင်အမြန်တိုးတက်လာနေပြီး  ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံအစွန်လူတစ်ဦးအဖြစ် သတ်မှတ်စပြုခံနေရပြီဖြစ်ပါတယ်။  တဖက်မှာလည်း အသင်းရဲ့အသဲနှလုံးကစားသမားကို ပြန်လည်ခေါ်ယူလိုတဲ့ ချဲလ်ဆီးရဲ့ ဆန္ဒကို အသုံးချပြီး ရီးရဲဖက်က ကြိုးစားလာတာဖြစ်နိုင်တယ်လို့    အဆိုပါသတင်းက သုံးသပ်ထားပါတယ်။

ဂယ်လက်ဂါရဲ့စိတ်နေစိတ်ထားကိုပါချီးကျူးတဲ့ဖာဒီနန်

BT Sports ရဲ့ တင်ဆက်သူ ရီယိုဖာဒီနန်က  ချဲလ်ဆီးလူငယ်လေး ဂယ်လက်ဂါကို ထိပ်ဆုံးရောက်မယ့်သူအဖြစ် ချီးကျုးပြောဆိုလိုက်ပါတယ်။ သူက  “ ဒီလူငယ်လေးကို ကျွန်တော်သိပ်ကြိုက်တယ်ဗျာ ။ သူ့ရဲ့ စွမ်းဆောင်ရည်တွေ ၊ နည်းစနစ်တွေ ၊ ကိန်းဂဏန်းတွေ ဒါတွေကို ခင်ဗျားအလွယ်တကူမြင်နိုင်တယ်။ ဒါပေမယ့် သူနဲ့ သိကျွမ်းသူတွေအားလုံးပြောတာရှိတယ်ဗျ  အဲ့တာက သူ့ရဲ့ အကျင့်စရိုက်ပဲ။  ဒါဟာ အလွန်အရေးကြီးတယ် ..  သူထိပ်ဆုံးမှာ ဘယ်လောက်ကြာကြာနေနိုင်မယ်ဆိုတာရဲ့ အဆုံးအဖြတ်ပဲ”   လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ရီးရဲလူငယ်ကို ကမ်းလှမ်းမယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ  ရီးရဲမက်ဒရစ်ရဲ့ ဘရာဇီးလူငယ်တိုက်စစ်မှုး ရိုဒရီဂို ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့  El Nacional ရဲ့ဖော်ပြချက်အရသိရပါတယ်။  မှန်းထားသလောက်ဖြစ်မလာသေးတဲ့ အဆိုပါ  အသက် ၂၀ အရွယ်လူငယ်လေးကို တူချယ်က ခေါ်ယူချင်နေတယ်လို့   အဆိုပါသတင်းကဖော်ပြထားပြီး  ၊  ကစားသမားလေးဟာ ပွဲ ၂၀ မှာ  ၂ ဂိုးသွင်းပြီး ၃ ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။  ဆန်းတို့စ်ကနေ ပေါ် ၄၅ သန်းခန့်နဲ့ရောက်ရှိလာတဲ့ လူငယ်လေးဟာ ခေါ်ယူချင်တယ်ဆိုရင်တော့ ၆၇ သန်းခန့်ကုန်ကျနိုင်ပါတယ်။

ဇီယက်ချ်သတင်းတွေထွက်လာပြန်

Calciomercato ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ  ဇီယက်ချ်ကို အငှားနဲ့ခေါ်ယူလိုတဲ့ မီလန်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိတယ်လို့ ဖော်ပြလာပါတယ်။  ဘာစီလိုနာအသင်းနဲ ဒေါ့မွန်တို့ကလည်းခေါ်ယူလိုနေတဲ့ မော်ရိုကို တောင်ပံကစားသမားကို  ကျန်ခဲ့တဲ့အပတ်တွေတုန်းကတော့ တူချယ်က လက်လွှတ်ဖွယ်မရှိဘူးလို့လဲ သတင်းတွေတက်လာခဲ့သေးပေမယ့် အခုသတင်းမှာတော့ လက်ခံဖွယ်ရှိတယ်လို့ ဖော်ပြလာပြန်တာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: