နော်ဝှစ်ချ်နဲ့ အာဆင်နယ်ပွဲစဉ်က ရရှိခဲ့တဲ့ ဂန်းနားတို့အတွက် ဂုဏ်ယူဖွယ် အချက်များ

  • အမြှောက်တပ်သားတွေအနေနဲ့ နောဝှစ်ခ်ျကို ငါးဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဟာ ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၉ခုနှစ်တွေမှာ  ရရှိခဲ့တဲ့ အသင်းရဲ့အအောင်မြင်ဆုံး အဝေးကွင်းနိုင်ပွဲစံချိန်တွေကို လိုက်မီနိုင်ခဲ့တာဖြစ်ပါတယ်။အရင်မှတ်တမ်း‌တွေကတော့ ၁၉၉၉ခုနစ်မှာ မစ်ဒယ်ဘရော့၊ ၂၀၀၉ခုနစ်မှာ အဲဗာတန်တို့ကို (၁-၆)ဆိုတဲ့ ရလဒ်တွေနဲ့ အဝေးကွင်းတွေမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။
  • အာဆင်နယ်ဟာ နောက်ဆုံးအဝေးကွင်းပွဲစဉ်နှစ်ပွဲမှာ ကိုးဂိုးအထိ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးအရေအတွက်ဟာ ရှေ့မှာကစားခဲ့တဲ့ အဝေးကွင်းရှစ်ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ထက် ၃ဂိုးပိုများနေပါတယ်။
  • အသင်းရဲ့ အဓိကတိုက်စစ်မှူးနဲ့ကပ္ပတိန်‌ဟောင်း အော်ဘာမီယန်း မပါ၀င်ခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲမှာ သွင်းဂိုး ၁၉ဂိုးအထိ အာဆင်နယ်ဟာ သွင်းယူထားခဲ့ပါတယ်။
  • လက်ရှိရာသီမှာ အသင်းရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၃၂ဂိုးအနက် ၁၆ဂိုးကို အသက်၂၁နှစ်အောက် လူငယ်တွေက သွင်းယူခဲ့တာဖြစ်ပါတယ်။
  • အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်ဟာ ပေးဂိုးမရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၉ပွဲအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့အထက်မှာ မန်စီးတီးဂိုးသမား အီဒါဆင် (၁၀ပွဲ)သာ ရှိပါတော့တယ်။
  • ဘူကာဆို ဆာကာဟာ လက်ရှိရာသီ ပရီးမီးယားလိဂ်ရဲ့ အသက်၂၁နှစ်အောက် ကစားသမားတွေထဲမှာ သွင်းဂိုးနဲ့ ဖန်တီးမှုအများဆုံးပြုလုပ်ထားတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ (၅ဂိုးသွင်း၊၄ဂိုးဖန်တီးထား)
  • အက်စတွန်ဗီလာကို နှစ်ဂိုး သွင်းယူခဲ့တဲ့ ဆာကာဟာ  နောက်ဆုံးပရီးမီးယားလိဂ် လေးပွဲဆက် သွင်းဂိုးနဲ့ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါဟာသူ့ရဲ့ကစားသမား ဘ၀မှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ဒါ့အပြင် အနယ်ကာပြီးတဲ့နောက် ဆာကာဟာ အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ဆယ်ဂိုးပြည့်မြောက်ခဲ့တဲ့ အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
  • လူစား၀င်ရောက်လာခဲ့ပြီး သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တဲ့ စမစ်ရိုးရဲ့ လက်ရှိရာသီ ပရီးမီးယားလိဂ် သွင်းဂိုးဟာ ၈ဂိုး အထိရှိလာခဲ့ပြီဖြစ်ပါတယ်။ သူ့ထက် ဂိုးပိုသွင်းယူနိုင်တဲ့ ကစားသမားဆိုလို့ ဆာလက်၊ဒီယေဂိုဂျိုတာနဲ့ ဗာဒီတို့သာ ရှိပါတော့တယ်။
  • စမစ်ရိုးဟာ လူစား၀င်ကစားသမားအဖြစ်နဲ့ ပရီးမီးယားလိဂ် လေးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းရဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။
  • ‌ဒီဇင်ဘာလရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အိုဒီဂတ်ထက်ပိုပြီး သွင်းဂိုးတွေမှာ ပါ၀င်ပတ်သက်မှုလုပ်ထားနိုင်တဲ့ သူ မရှိသေးပါဘူး။ အိုဒီဂတ်ဟာ ဒီဇင်ဘာလမှာ အသင်းအတွက် ၃ဂိုးသွင်း၊ ၃ဂိုးဖန်တီးပေးထားခဲ့ပါတယ်။
  • လာကာဇက်ဟာ သူရဲ့ပင်နယ်တီအခွင့်အရေးကို ဂိုးအဖြစ်သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ ပင်နယ်တီမှတ်တမ်းဆိုးကို ချေဖျက်ခဲ့ပါတယ်။အာဆင်နယ်ဟာ အက်စတွန်ဗီလာ၊၀က်ဒ်ဖိုဒ့် ၊ ၀က်စ်ဟမ်းတို့နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်တွေမှာ ပင်နယ်တီ ဆက်တိုက် လွဲချော်ထားခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: