၂၀၂၁ မှာ ချဲလ်ဆီးဖြတ်သန်းခဲ့ရတဲ့ အဆိုးရွားဆုံး အခိုက်အတန့် သုံးခု

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့ရက်တွေကို ရောက်လာတဲ့အချိန်မှာ ပြက္ခဒိန်ကို နောက်ပြန်ရစ်ကြည့်တဲ့အခါ ပျော်စရာကောင်းခဲ့တဲ့ အခိုက်အတန့်များစွာရှိခဲ့ပါတယ်။ မန်စီးတီးကို ကျော်ဖြတ်ပြီး  ဥရောပချန်ပီယံဖြစ်ခဲ့တာဟာ အသင်းအတွက် ဒီနှစ်ရဲ့ အချိုမြိန်ဆုံး အခိုက်အတန့်တစ်ခုပါပဲ။

ပျော်စရာကောင်းတဲ့ အချိန်တွေရှိသလို နာကျင်စရာကောင်းခဲ့တဲ့ နေ့စွဲတွေဟာလည်း အသင်းရဲ့ ၂၀၂၁ ဒိုင်ယာရီစာအုပ်ထဲမှာ မေ့ထားလိုမရပါဘူး။။ဒီလိုမျိုး ပျော်စရာမကောင်းခဲ့တဲ့ နာကျင်စရာ အခိုက်အတန့်လေးအချို့ ကို ပြန်လည် ခံစားကြည့်တာပေါ့။

နှုတ်ဆက်ပါတယ် လမ်းပတ်ရေ

အသင်းအတွက် မဖြစ်မနေ အပြောင်းအလဲတစ်ခု လုပ်ရမယ့် အချိန်၊ ၂၀၁၉မှာ ခြ‌င်္သေ့ပြာတွေရဲ့ Legend ဖရန့်လမ်းပတ်ဟာ အသင်းကို မန်နေဂျာဘ၀နဲ့ တကျော့ပြန်ရောက်ရှိလာခဲ့ပါတယ်။

နွေရာသီမှာ အသင်းရဲ့ အဓိက ကစားသမား ဟာဇက်ကို ရီးရဲလ်မက်ဒရစ်ဆီကို လက်လွှတ်ပေးခဲ့ရပေမယ့် အသင်းဟာ ကစားသမား၀ယ်ခွင့် ပိတ်ပင်ခံထားရတာကြောင့် ဘယ်လ်ဂျီယံသားကြီးရဲ့နေရာမှာ အစားထိုးစရာ မရှိခဲ့ပါဘူး။

အဲ့ဒီ့အချိန်တုန်းက အသင်းရဲ့ မန်နေဂျာ ဆာရီကြောင့် အသင်းနဲ့ ပရိသတ်တွေကြားမှာလည်း ဆက်ဆံရေးတွေကျဲခဲ့ရတဲ့ အဖြစ်တွေရှိခဲ့ပါတယ်။

ဒီအချိန်မှာ လမ်းပတ်ရဲ့ စတန်းဖိုဒ်ဘရစ်ခ်ျဆီ တကျော့ပြန် ခရီးဟာ အသင်းအတွက် အပြုသဘောဆောင်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါပဲ။လမ်းပတ်ဟာ လူငယ်ကစားသမားအများအပြားကို ပွဲထုတ်ပြီး ရလဒ်တွေဆိုးရွားနေခဲ့တဲ့ အသင်းကို အကောင်းဆုံးပြန်လည် မောင်းနှင်ပေးခဲ့ပါတယ်။ ရာသီကုန်မှာလည်း အသင်းကို အမှတ်ပေးဇယားရဲ့ ထိပ်သီးလေးသင်းစာရင်း ၀င်အောင် သူဟာ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကံကြမ္မာအပြောင်းအလဲတွေဟာ ဖရန့်နဲ့ ချဲလ်ဆီး ဆီကို လျင်လျင်မြန်မြန်ပဲ ရောက်လာခဲ့ပါတယ်။ ငွေကြေးအများအပြား သုံးစွဲပြီး ကစားသမားကောင်းတွေကို ခေါ်ယူခဲ့ပေမယ့် ဖရန့်ရဲ့ ချဲလ်ဆီး မန်နေဂျာဘ၀ ၊ ဒုတိယမြောက်ရာသီဟာ  မချောမွေ့ ခဲ့ပါဘူး။ ရလဒ်ဆိုးတွေနဲ့အတူ အသင်းဟာ ရုန်းကန်ခဲ့ရပြီးနောက်၊ အ‌ကောင်းဆုံးပုံစံတွေကို ပြန်မရခဲ့တဲ့နောက်မှာ‌တော့ ၂၀၂၁ ဇန်နဝါရီလမှာ ဖရန့်ဟာ စတန်းဖိုဒ့်ဘရစ်ခ်ျကို နောက်တစ်ကြိမ် ထပ်မံလက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။ ဒါဟာ ချိုမြိန်တဲ့ ကတ္တီပါလမ်းခွဲတစ်ခု မဟုတ်ခဲ့သလို တကယ်ကို နာကျင်စရာ ကောင်းခဲ့တဲ့ အခိုက်အတန့်တစ်ခုလိုဆိုရင် ဘယ်သူမှ မကန့်ကွက်စရာမရှိလောက်ပါဘူး။

လမ်းပတ် ထွက်ခွာပြီးပြီး ချင်းမှာပဲ တူချယ်က အသင်းရဲ့ မန်နေဂျာဖြစ်လာခဲ့ပြီး အဲ့ဒီ့နောက် ဘာတွေ ဆက်ဖြစ်ခဲ့လဲဆိုတာကတော့ အားလုံးအသိပါပဲ။

ဖလားတစ်လုံး ဆုံးရှုံးခဲ့ရခြင်း

တူချယ်ရဲ့ လက်အောက်မှာတော့ အသင်းဟာ တဖန်ပြန်လည်ဦးမော့လာခဲ့ပါတယ်။ဂျာမန်သားကြီးဟာ အသင်းကို အကောင်းဆုံးပြန်လည် စုစည်းပေးနိုင်ခဲ့ပြီး သူရဲ့ ထူးချွန်ပြောင်မြောက်တဲ့ နည်းဗျူဟာတွေကြောင့် အသင်းဟာ ရလဒ်ကောင်းတွေကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးကို ကိုင်တွယ်ခွင့်ရတဲ့ ၂၇ပွဲမြောက်မှာပဲ အသင်းကို FAဖလားဗိုလ်လုပွဲဆီ တူချယ်ဟာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ မန်စီးတီးကို ကျော်ဖြတ်ပြခဲ့ပြီး မနှစ်က အာဆင်နယ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ FAဖလားဗိုလ်လုပွဲ ရှုံးကြွေးကို ဒီနှစ်မှာ ပြန်လည်ပေးဆပ်ဖို့ အကောင်းဆုံးအခွင့်အရေး တစ်ခုရခဲ့တာဖြစ်ပါတယ်။

‌ဒါပေမယ့် တိုင်လီမန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ချဲလ်ဆီးဟာ လက်စတာကို ဒူးထောက်ခဲ့ရပြန်ပါတယ်။ နောက်ဆုံး မိနစ်မှာ ရရှိခဲ့တဲ့ ချေပဂိုးကလည်း VARနဲ့ ငြင်းပယ်ခြင်းခံလိုက်ရပြီး ပွဲပြီးဆုံးချိန်မှာတော့ လက်စတာဟာ သူတိုအတွက် သမိုင်း၀င်အောင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ အသင်းအတွက် တကယ်ကို နာကျင်စရာ ကောင်းခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ဥရောပချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဒီနာကျင်မှုဟာ သိပ်တော့ မရှည်ကြာခဲ့ပါဘူး။

ချေးလ်ဝဲလ် ACL ဒဏ်ရာရရှိခြင်း

ဘောလုံးသမားတစ်ယောက်ရဲ့ ဘ၀ဆိုတာ ရိုလာကိုစတာစီးရသလိုပါပဲ။ အနိမ့်အမြင့် အတက်အကျတွေ တကယ်ကို များလွန်းပါတယ်။

ချေးလ်ဝဲလ်ဟာ ၂၀၂၁မှာ အကောင်းဆုံးနဲ့ အဆိုးဆုံးအချိန်နှစ်ခုစလုံးကို ပိုင်ဆိုင်ရခဲ့ပါတယ်။ လမ်းပတ်ခေါ်ယူခဲ့တဲ့ ကစားသမားဟာ မန်နေဂျာဟောင်းရဲ့ လက်အောက်မှာ ပုံမှန်ခြေစွမ်းသာ ပြသနိုင်ခဲ့ပါတယ်။

တူချယ်ရောက်ရောက်ချင်းမှာပဲ ချေးဝဲလ်ဟာ ခြေစွမ်းဟာ နတ်ရေကန်ထဲဆင်းလိုက်သလို ချက်ချင်းပြောင်းလဲသွားခဲ့တာတော့ မဟုတ်ပါဘူး။ လက်ရှိရာသီအစမှာလည်း သူရဲ့အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ခွင့်မရသေးပါဘူး။

အောက်တိုဘာလမှာတော့ ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ချေးလ်ဝဲလ်မှာ အကောင်ဆုံးခြေစွမ်းပြပြီး အသင်းအတွက်  သွင်းဂိုးတစ်ဂိုးလည်း ရယူ‌ပေးနိုင်ခဲ့ပါတယ်။ ဒီ‌နောက်ပိုင်းမှာ‌တော့ ချေးလ်ဝဲလ်ဟာ တူချယ်ရဲ့ လူစာရင်းမှာ မရှိမဖြစ် ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။အောက်တိုဘာလမှာ အသင်းနဲ့ နိုင်ငံအတွက် သွင်းဂိုးလေးဂိုးအထိ ရယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ခြေစွမ်းအပေါ် အားလုံးက သဘောကျနှစ်သက်ခဲ့ရပါတယ်။

ဒါပေမယ့် အသင်းနဲ့ ချေးလ်ဝဲလ်အတွက် ကံကြမ္မာဟာ မျက်နှာသာ ကြာကြာမပေးခဲ့ပါဘူး။ ဂျူဗင်တပ်ကို လေးဂိုးပြတ် အနိုင်ရခဲ့တာဟာ ချိုမြိန်တဲ့ အောင်ပွဲတစ်ခုဖြစ်ခဲ့ပေမယ့် ချေးဝဲလ်ကတော့ ရှေ့ဒူးအရွတ် စုတ်ပြဲဒဏ်ရာရခဲ့ပါတယ်။ကစားသမားတိုင်းအတွက် အိပ်မက်ဆိုး၊ကျိန်စာဆိုးဖြစ်တဲ့ ဒဏ်ရာလို့ ဆိုနိုင်ပြီး ချေးလ်ဝဲဟာ လက်ရှိရာသီကုန်အထိ အနားယူရနိုင်ချေရှိနေပြီး ကံမကောင်းရင် ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ချေးလ်ဝဲလ်ရဲ့နေရာမှာ မားကိုစ်အလွန်ဆို ကစားနိုင်ပေမယ့် လုံလောက်တဲ့ ခြေစွမ်းမျိုးတော့ ရှိမနေပါဘူး။ ချေးလ်ဝဲလ် ဒဏ်ရာရခဲ့တာဟာ အသင်းရဲ့ စွမ်းဆောင်ရည်တွေအပေါ်လည်း ထိခိုက်မှု ရှိခဲ့ပါတယ်။ အခြားသော ဒဏ်ရာပြဿနာများစွာနဲ့အတူ တူချယ်ရဲ့ အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်တွေ မကောင်းဖြစ်နေပြီး ချေးလ်ဝဲလ်ရဲ့နေရာမှာ အစာထိုးစရာ ကစားသမားမရှိတာလည်း အကြီးမားဆုံး ပြဿနာတွေထဲက တစ်ခုပါပဲ။

ဘန်ချေးလ်ဝဲလ်ကို မြက်ခင်းစိမ်းပေါ်မှာ အမြန်ဆုံး ‌ပြန်လည်မြင်တွေ့ရဖို မျှော်လင့်မိပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: