နံနက်ခင်း ချဲလ်ဆီးသတင်းမှတ်စု (26Dec)

ရိစ်ဂျိမ်း ကို စိတ်ဝင်စားနေတဲ့ ရီးရဲ

စပိန်သတင်းဌာန Fichajes  ရဲ့ဖော်ပြချက်အရ  ရီးရဲအသင်းဟာ   ရိစ်ဂျိမ်းကို  ပေါင်သန်း ၆၀ နဲ့ကမ်းလှမ်းဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ စပိန်ဘီလူးကြီးဟာ သူတို့အသင်းရဲ့ တောင်ပံခံစစ်ကို ထိပ်တန်းနောက်ခံလူတစ်ဦးနဲ့အားဖြည့်လိုနေတာဖြစ်ပါတယ်။ သို့သော် ချဲလ်ဆီးတို့အနေနဲ့ ဂျိမ်းစ် ကိုလက်လွတ်ခံဖွယ်မရှိတာကြောင့် ပီရက်စ်အနေနဲ့ ခက်ခက်ခဲခဲကြိုးစားရဖွယ်ရှိနေပါတယ်။

ဘရိုဂျာဟာ အခွင့်အရေးကို အမိအရယူတတ်သူလို့   စိန့်နည်းပြပြောဆို

ဆောက်သမ်တန်မှာ အငှားကစားနေတဲ့ ချဲလ်ဆီးလူငယ်ကစားသမားလေး ဘရိုဂျာကို စိန့်နည်းပြက အခွင့်အရေးတွေကိုအရယူနိုင်သူဖြစ်ကြောင်း အခုလိုပဲချီးကျူးသွားခဲ့ပါတယ်။

သူဟာ လူစားဝင်ကားသမားတစ်ယောက်အနေနဲ့လည်းသိပ်ကောင်းပါတယ်။  ပြီးတော့  ပထမကစားသမားဖြစ်နိုင်ကြောင်းကိုလဲ သက်သေပြနိုင်ခဲ့ပါတယ်။ အခုဆို ပွဲထွက်ကစားခွင့်ရတာနဲ့ ဂိုးတွေသွင်းပြထားနိုင်ပါပြီ။ ဒါဟာသိပ်ကောင်းပါတယ်။  ချေအဒမ်စ်  ဒဏ်ရာရသွားတာကို အခွင့်ကောင်းယူပြီး  သူကြိုးစားခဲ့ပါတယ်။ ဒါဟာ လူငယ်ကစားသမားတစ်ယောက်အနေနဲ့ တကယ်လုပ်သင့်တဲ့အရာပါပဲ  လို့ပြောခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်အလေးသာမယ်လို့ ခန့်မှန်းသွားတဲ့ မန်ယူတိုက်စစ်မှုးဟောင်း

မန်ယူနိုက်တက်ကစားသမားဟောင်း ဘာဘာတော့ပ် က စတီဗင်ဂျာရတ်ရဲ့ ဗီလာက ချဲလ်ဆီးကို အနိုင်ရသွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ သူက အခုလိုပဲရှင်းပြပါတယ်။

ဒီပွဲကသိပ်ကောင်းမှာပါ။ ချဲလ်ဆီးတို့ဟာနောက်ဆုံးပွဲကို သရေကျခဲ့တယ်။  အခုပွဲမှာလည်းနောက်ထပ်တစ်ကြိမ် အမှားအယွင်းတွေရှိနေဦးမယ်လို့ ခံစားရတယ်။ ဂျာရတ်ကတော့ တော်တော်လေးကို အသင်းနဲ့အလုပ်ဖြစ်နေတာပါ။ ဒီပွဲသာနိုင်လိုက်ရင် သိပ်လှတဲ့ ခရစ်စမတ်လက်ဆောင်ဖြစ်လာမှာပါ။ ကျွန်တော်ကတော့ အိမ်ရှင်ဗီလာက  ၂-၁ နဲ့နိုင်မယ်လို့ ခန့်မှန်းပါတယ်  ဆိုပြီးပြောသွားခဲ့တာပါ။

ကွန်ဒီ အတွက် သတ်မှတ်ထားတဲ့စျေးနဲ့ပဲ ချဥ်းကပ်နေတဲ့ချဲလ်ဆီး

ဆီးဗီးလားနောက်ခံလူကွန်ဒီ နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့အပြောင်းအရွှေ့ဟာ ပိုပိုပြီးနီးစပ်လာနေပြီလို့  သတင်းတွေက ဖော်ပြနေပါတယ်။ ကစားသမားကိုယ်တိုင်က ပြောင်းရွှေ့ချင်နေတာဖြစ်ပြီး ဆီဗီးလားဖက်က သန်း ၈၀ လောက်လိုချင်နေတဲ့အပေါ်  ချဲလ်ဆီးကလည်း မပေးချင်တာနဲ့ ညှိနှိုင်းမှုတွေကြာနေတာဖြစ်ကြောင်း  GIB Football Show က သုံးသပ်ဖော်ပြထားပါတယ်။ ချဲလ်ဆီးဟာ ကွန်ဒီအတွက် သန်း ၅၀ နဲ့ ၆၀ ကြားကိုပဲ သုံးစွဲလိုတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလစ်ချ်အသင်းပြောင်းဖြစ်ဖို့သေချာနေ

အီတလီသတင်းထောက်  ဂျီယာကိုမို လာကိုဘဲလစ််စ  ရဲ့အဆိုအရ ဒီလစ်ချ် ဟာ ရာသီကုန်မှာ ဂျူဗီကနေ ထွက်ခွာဖို့ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။  ဒီလစ်ချ်ကို လတ်တလောထိပ်ဆုံးကနေစောင့်ကြည့်နေကြတဲ့အသင်းတွေက ဘာစီလိုနာနဲ့ ချဲလ်ဆီးတို့ဖြစ်ကြပြီး ၊ ချဲလ်ဆီးအသင်းကပို အလေးသာနေတယ်လို့ ဆိုပါတယ်။ အသက် ၂၂ အရွယ်ကစားသမားဟာ ချဲလ်ဆီးရဲ့ ပစ်မှတ်ဖြစ်ပြီး  လတ်တလောမှာလည်း ရူဒီဂါနဲ့ စာချုပ်ကိစ္စကဆွေးနွေးဆဲဖြစ်တာကြောင့် နောက်ခံလူအတော်များများနဲ့လဲ သတင်းထွက်နေသူဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: