မန်ဒီ နိုင်ငံပွဲသွားချိန်မှာ ကီပါကို အားကိုးရတော့မယ့် တူချယ်
ကာရာဘောင်းဖလားပွဲမှာ ပြသခဲ့တဲ့ ကီပါရဲ့ လက်စွမ်းကို တူချယ်တစ်ယောက်အလွန်သဘောကျနေတယ်လို့ သိရပြီး အာဖရိကဖလားပွဲသွားမယ့် မန်ဒီရဲ့နေရာအတွက် အသုံးပြုသွားဖို့ရှိနေပြီလို့ Daily Mail ကဖော်ပြလာပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ စပိန်သားဟာ ဒီရာသီမှာ ၆ ပွဲသာကစားရသေးတာဖြစ်ပြီး ဘရန်းဖိုဒ့်နဲ့ပွဲမှာတော့ ခက်ခဲတဲ့ ကန်ချက်တွေကို ကာကွယ်ခဲ့ပြီး ရအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ တချိန်ထဲမှာပဲ စီးရီးအေဖက်ခြမ်းက လာဇီယိုရဲ့ ကြိုးစားလာမှုနဲ့အတူ အသင်းပြောင်းနိုင်ခြေလဲရှိနေပါတယ်။
ဇီယက်ချ်တစ်ယောက် နိုင်ငံလက်ရွေးစင်အသင်း လူစာရင်းကနေ ချန်လှပ်ခံရ
စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များကြောင့် မော်ရိုကိုအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဇီယက်ချ်ကို နည်းပြဖြစ်သူ ဟာလီဟိုဇစ်က အာဖရိကဖလားပွဲအတွက် ချန်လှပ်လိုက်ပြီဖြစ်ပါတယ်။ ကစားသမားနဲ့ မန်နေဂျာတို့ဟာ ခြေစစ်ပွဲစဥ်တွေထဲက အဆင်မပြေမှုတွေရှိနေတာဖြစ်ပြီး ဇီယက်ချ်ရဲ့ စည်းကမ်းမလိုက်နာမှု ၊ မန်နေဂျာစကားနားထောင်ရန်ပျက်ကွက်မှုတို့ ကို တရားဝင်ထုတ်ဖော်ပြောကြားထားခဲ့တာလည်းဖြစ်ပါတယ်။
ရူဒီဂါကို အိုးထရက်ဖို့ရောက်စေချင်နေတဲ့ ကစားသမားဟောင်း
မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ပေါလ်ပါကား က သူ့ရဲ့အသင်းဟောင်းကို ရူဒီဂါကိုခေါ်ယူဖို့ တိုက်တွန်းသွားပါတယ်။ Metro နဲ့တွေ့ဆုံစဥ်မှာ ပါကားက “ ယူနိုက်တက်တို့ဆီကို ရူဒီဂါရောက်သွားရင် အများကြီးတိုးတက်သွားလိမ့်မယ်” လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ အသင်းကြီးများစွာနဲ့ နာမည်ထွက်နေတဲ့ ရူဒီဂါဟာ ယခုလအစောပိုင်းလောက်ကစပြီး ယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်တယ်ဆိုပြီးတော့လဲ သတင်းတွေမှာဖော်ပြနေကြတာဖြစ်ပါတယ်။
သူအားပေးလို့ မေဆင်မောင့်ဟာ ပိုပြီး တန်ဖိုးတက်လာမှာမဟုတ်ဘူးဆိုပြီး မောင့်ရဲ့ ပရိတ်သတ်ဖြစ်ကြောင်းထုတ်ပြောသွားတဲ့ ဂျာရတ်
ဗီလာနည်းပြ စတီဗင်ဂျာရတ်က ချဲလ်ဆီးအသင်းနဲ့ကစားမယ့်ပွဲမတိုင်ခင်မှာ ကွင်းလယ်လူမေဆင်မောင့်ဟာ သူအကြိုက်ဆုံးကစားသမားတစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။ ဂျာရတ်က
သူ့ရဲ့တိုးတက်လာမှုတွေကို ကျွန်တော်စောင့်ကြည့်နေခဲ့ပါတယ်။ မောင့် ဟာ ဒီနိုင်ငံရဲ့ အရည်အသွေးမြင့်ကစားသမားတစ်ယောက်လို့ပဲပြောရမှာပါပဲ။ ကျွန်တော်ဟာ သူ့ရဲ့ အမာခံပရိတ်သတ်ပါ။ သူကအမြဲတမ်းပျော်ပျော်ရွင်ရွင်ကစားတတ်တဲ့သူပါ။ သူကဖန်တီးနိုင်တယ် ဂိုးလဲသွင်းနိုင်တယ် .. နောက်ပြီး ဥရောပချန်ပီယံတစ်ယောက်လဲဖြစ်ပါတယ်။ ကျွန်တော့်လိုလူမျိုးက သူ့ကိုကြိုက်တယ်ဆိုလို့ သူကထပ်ပြီးကြီးကျယ်သွားစရာမရှိပါဘူး။ ကျွန်တော်က သာ သူ့ပရိတ်သတ်ဖြစ်နေတာပါ။ ဒီအပတ်ပွဲမှာ သူခြေစွမ်းအများကြီးမပြဖို့ မျှော်လင့်ပါတယ် ဆိုပြီး တလေးတစားချီးကျူးသွားခဲ့ပါတယ်။
အသင်းမှာပဲ တွယ်ကပ်နေတဲ့ အကယ်ဒမီတိုက်စစ်မှုးကို ပွဲထွက်ခွင့်ရစေချင်နေတဲ့ အကယ်ဒမီနည်းပြ
ချဲလ်ဆီးအကယ်ဒမီနည်းပြ ဂျွန်ဟာလေက အသင်းကို ၉ နှစ်သားထဲကရောက်ရှိနေပြီး အခုအချိန်ထိ အငှားတွေကစားလိုက် ၊ လူငယ်အသင်းအတွက်သာကစားလိုက်နဲ့အချိန်ကုန်နေတဲ့ တိုက်စစ်မှုး လူးဝစ်ဘေကာ ကို ပထမအသင်းကြီးမှာထည့်သွင်းစမ်းသပ်ဖို့အချိန်ကျပြီဖြစ်ကြောင်း ထုတ်ပြောလိုက်ပါတယ်။ သူကိုယ်တိုင်လဲ ဘေကာ ဟာ ဘာကြောင့် အကယ်ဒမီမှာပဲ တွယ်ကပ်နေတယ်ဆိုတာနားမလည်ကြောင်း The Athletic ကိုပြောဆိုသွားပါတယ်။ ဘေကာဟာ အသက် ၂၆ နှစ်ရှိပြီဖြစ်ပေမယ့် U-23 အသင်းနဲ့အတူကစားနေဆဲဖြစ်ပြီး (အသက်ကျော်ကစားသမားအကန့်အသတ်နဲ့ပါဝင်ခွင့်ရှိ) ကစားသမားဘဝ ၁၈၃ ပွဲတိုင်ခဲ့ပြီဖြစ်ကာ ၂၉ ဂိုးသွင်းယူပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားဘဝတိုးတက်ဖို့ အသင်းပြောင်းခြင်းမရှိပဲ ချဲလ်ဆီးအကယ်ဒမီမှာသာ ဆက်နေနေဆဲဖြစ်ပါတယ်။
ဘန်လေတို့ ဘာကလေကိုခေါ်ယူဖို့ရေပန်းစားနေ
ကွင်းလယ်လူ ဘာကလေကိုခေါ်ယူချင်နေတဲ့အသင်းတွေထဲမှာ ဘန်လေအသင်းက ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ Yorkshire Evening Post ကဖော်ပြလာပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ကွင်းလယ်လူဟာ ခြေစွမ်းမတည်ငြိမ်မှုကြောင့် ပရိတ်သတ်နှစ်သက်ခြင်းကို မရရှိသူဖြစ်ပြီး အခုရာသီမှာလည်း ၁၁ ပွဲသာ ကစားခွင့်ရရှိထားသူဖြစ်ပါတယ်။
Leave a Reply