ဇန်နဝါရီမှာ အာဆင်နယ်က ထွက်ခွာဖွယ်ရှိတဲ့ ကစားသမား ၅ ဦး

Express UK  က အာဆင်နယ် အသင်းကိုရောက်လာနိုင်တဲ့ ကစားသမား ၃ ယောက်နဲ့ ထွက်ခွာဖွယ်ရှိတဲ့ ကစားသမား ၅ ယောက်ကိုဖော်ပြခဲ့ပါတယ်။ ဒီနေရာမှာရောက်လာဖွယ်ကစားသမားတွေဖြစ်ကြတဲ့ ဗလာဟိုဗစ် ၊ ဝီးရှိုင်းယား နဲ့ ရီနာတိုဆန်းချက်တို့အကြောင်းတွေကို သေချာဖတ်ကြည့်တဲ့အခါထူးခြားမှုရှိမနေတာကြောင့်  ချန်လှပ်ထားခဲ့ပြီး ထွက်ခွာဖွယ်ကစားသမားတွေအကြောင်းကိုပဲ စာဖတ်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

အူဘာမီယန်

အူဘာမီယန်ကတော့ ကပ္ပတိန်အဖြစ်ကနေ ထုတ်ပယ်ခံရပြီးကတည်းက ပါဝင်ကစားထားခြင်းမရှိတော့ပါဘူး။ အာဆင်နယ်အတွက် နောက်ဆုံးပွဲစဥ်ကို အူဘာတစ်ယောက်ကစားခဲ့ပြီးပြီလားဆိုတာကိုလည်း အာတီတာက ဖြေဆိုဖို့ငြင်းဆန်ထားပါတယ်။  အခြေအနေတွေကတော့  အိုဇေးလ်ရဲ့နောက်ဆုံးအချိန်တွေနဲ့  တူညီတဲ့ခံစားချက်ကိုရရှိနေပါတယ်။  တကယ်လို့ ဆောင်းရာသီမှာတင် အူဘာမီယန်ကို  အခြားအသင်းဂျာစီနဲ့တွေ့ရမယ်ဆိုရင်လဲ အံ့သြစရာတော့မဟုတ်ပါဘူး။ ‌လောလောဆယ်တော့ ဂျူဗင်တပ်စ်နဲ့ ဘာကာတို့က ချိတ်ဆက်နေတယ်လို့ သတင်းများအရသိရပါတယ်။

ဘာလိုဂန်

ဘာလိုဂန်ဟာ အရည်အသွေးရှိတဲ့လူငယ်လေးဆိုတာငြင်းမရပေမယ့်  စီနီယာအဆင့်ကိုတက်ဖို့ဆိုရင်တော့ ပွဲကစားချိန်တွေအများကြီးလိုအပ်နေပါသေးတယ်။  သူဟာ စီနီယာအသင်းမှာ ဒဏ်ရာရကစားသမားတွေများနေလို့  ပရီးမီးယားလိဂ်ပွဲတစ်ပွဲတော့ကစားလိုက်ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီနောက်မှာတော့    U 23 နဲ့သာကစားနေရတာဖြစ်ပါတယ်။  ချန်ပီယံရှစ်မှာ အတွေ့အကြုံကောင်းတွေရှာတာကလည်း သူ့အတွက်ပိုတိုးတက်ဖို့ သင့်တော်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ သူ့ရှေ့မှာလဲ စမစ်ရိုးက ဒီလမ်းကိုလျှောက်ခဲ့တာပဲလေ။

အန်ကတ်တီယာ

သူကတော့ ခုလပိုင်းတွေမှာ သတင်းလူသားလေးပါပဲ။ အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်မှန်သမျှကို ပယ်ချနေတာကြောင့် ဂန်နားတို့နဲ့သူနဲ့ကြားမှာ အနာဂတ်ရှိသေးရဲ့လားလို့တောင် တွေးစရာပါ။  ဒါပေမယ့် အူဘာမီယန်ရဲ့အနေအထား ၊ လာကာဇက်ရဲ့ မရေမရာအနေအထားတွေကြောင့် အသင်းမှာလဲဆက်နေကောင်းနေနိုင်ပါတယ်။  အာတီတာကတော့ ဒီကစားသမားလေးကို ထိန်းထားချင်တာသိသာနေပြီး ကစားသမားကိုစာချုပ်သစ်ချုပ်ဖို့ တော်တော်လေးကြိုးစားနေတာဖြစ်ပါတယ်။ သူ့ကိုလဲ လိုချင်နေတဲ့အသင်းတွေက အဆင်သင့်ရှိနေကြပါတယ်။

မိတ်လန်းနိုင်းလ်

နိုင်းလ်ကတော့ သူအသင်းပြောင်းချင်တဲ့အကြောင်းကိုတောင်  ရာသီစတုန်းက ဆိုရှယ်မီဒီယာမှာတင်ဖူးပါတယ်။  အီဒူး နဲ့ အာတီတာတို့ရဲ့ဖျောင်းဖျမှုနဲ့အတူ အသင်းမှာဆက်နေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းမှာနေရာတစ်နေရာ ရဖို့အတွက်ကတော့ သူရုန်းကန်နေရဆဲပါ။ ပြီးခဲ့တဲ့ရာသီကလည်း အငှားထွက်ကစားဖူးတာဖြစ်လို့ အခုရာသီမှာလည်း ဒီလိုအခြေအနေနဲ့တော့ထပ်ကြုံလာရနိုင်ပါတယ်။

မာရီ

ဘင်ဝှိုက်နဲ့  ဂါဘရီရယ်တို့ပြသနေတဲ့ခြေစွမ်းတွေအရတော့  မာရီတစ်ယောက်အထုပ်ပြင်တာပိုကောင်းပါလိမ့်မယ်။  သတင်းတွေအရလည်း မာရီတစ်ယောက်မွေးရပ်မြေဆီပြန်ချင်နေပြီလို့ သိရပါတယ်။  အာတီတာကတော့ ဆာလီဘာတစ်ယောက်အသင်းကိုပြန်ရောက်လာတဲ့အထိ ခေါ်ထားချင်ပုံရပြီး အဓိက အရံလူအနေနဲ့သုံးချင်ပုံရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: